Friday 20 June 2008

မွေးနေ့  ကိုယ်တွေ့  မှတ်တမ်း....



(ဓါတ်ပုံ များကို www.niknayman.blogspot.com မှကူးယူဖော် ပြသည်)

မနက် (9း 00) လောက် အိမ်က စထွက် ခဲ့ တယ် ..ဗဟန်းရောက် တော့  ( 93း0 ) ကျော်ကျော် လောက် ရှိ ပြီ..၊ ရုံးချု ပ် ရှေ့  မှာ အဖွဲ့ ၀င် တော် တော် များများ ရောက် နေ ကြ ပြီ..။ ကျနော် လဲ တယောက် ထဲ လာ တာ ဆိုတော့  အသိ မိတ် ဆွေ တွေ လိုက် ရှာ မိ တယ် …။ အသိ တယောက် နဲ့ တွေ့  တော့  လပ်ကီး ဆဲဗင်း လက် ဖက် ရည် ဆိုင် ဖက် ထွက် လာ ခဲ့ တယ် …။ အဲဒီ လို လာ ရင်း ပါတ် ၀န်းကျင် ကို လေ့  လာ လိုက် တော့  ရွှေဂုံတိုင် ပွိုင့်  နား က ကြက် လျှာ စွန်း ဒံပေါက် ဆိုင် ဘေး ကွပ် လပ် မှာ ချောဆွဲ လာ တဲ့ (105 ) ဒိုင် နာ ကား နှစ် စီး နဲ့ စွမ်းအား ရှင် တချို့  တွေ တယ် ..။ ကြားတော ရ လမ်း မှာတွေ ယုဇန ဟို တယ် ရှေ့  လမ်းထောင့်  မှာ ဒိုင် နာကား ခြောက် စီး ၊ ဟိုင်း လပ် ကား သုံးစီးလောက် တွေ ရ တယ် ..ကား ပါတ် ၀န်းကျင် မှာ စွမ်းအားရှင် တွေ ကြံဖွတ် တွေ နဲ့ အရပ် ၀တ် ရဲ တွေ အင်အား စုစုပေါင်း လေး ရာ လောက် တွေ့  ရ တယ် ..၊ ဒါ့  အပြင် ရုံးချုပ် မျက် စောင်း ထိုး က ကျောာက် ဆည် ဓမ္မာရုံ နဲ့ အခြားဓမ္မာ ရုံ ၀န်းထဲ မှာ လုံထိန်း ကား လေး စီး မှာ ယူနီဖောင်း အပြည့်  နဲ့ ရဲတွေ အင် အား က ငါးဆယ် လောက် ရှိ မယ် အသင့်  စောင့်  နေ ကြတယ် ။ ပြီးတော့  ရုံး ချုပ် ရှေ့  တည့် တည့်  က တဲ ကြီး ထဲ မှာ လည်း ကင် မရာတွေ ၊ စကားပြောစက် တွေ ကိုင် ဆောင် ထားကြ တဲ့ အရပ် ၀တ် နဲ့ သူတွေ တဲကြီး ထဲ မှာ အပြည့်  ပဲ …။

ဒီလို နဲ့ကျနော် တို့  လဲ လက်ဖက် ရည် ဆိုင် ကနေ ရုံးချုပိ ရှိ ၇ာ ကို ပြန် လာ ကြ တယ် …။ ဒီ အချိန် မှာ ရုံးချုပ် ၀န်း ကျင် မှာ အဖွဲ့ ၀င် တွေ တော်တော် ရောက် နေ ကြပြီ ဖြစ် ပါ တယ် ..။ ရုံးထဲ မှာ က အကျွေး အမွေး အစီ စဉ် ပြု လုပ်နေတာ ကြော င့်  လူတွေ များနေ တာ နဲ့ ကျနော် တို့  ရုံး နံဘေး မှာ ရှိ တဲ့ ပရိ ဘောဂ ဆိုင် နားတ၀ိုက် မှာ ပဲ စကားပြောနေကြ ပါ တယ် …။ ဒီ လို နဲ့ နေရင်း (11း 00 ) လောက် မှာ ရုံးချုပ် ထဲ ကနေ သံဃာတော် တပါး နဲ့ အဖွဲ ၀င် အချို့  က ဌက် လှောင် အိမ် များကို ကိုင် ပြီးထွက် လာ ပါ တယ်…။ ကျနော် တို့  လဲ ထိုသူ များ ဆီ သို့ သွားလိုက် ပါတယ် ..၊ အဖွဲ့ ၀င် မျာ့း ဌက် များလွှတ်နေ ချိန် မှာ “ ဒေါ်အောင် ဆန်းစုကြည် ကျန်း မာပါစေ….” “ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ် မြောက် ပါစေ….” ဆို ပြီး ၀ိုင်းဝန်း ဆုတောင်း ပေးနေ ကြ ပါ တယ် …။ အဲဒီ အချိုန် မှာ တဖက် က အာဏာ ပိုင် တွေ ယောက်ယက် ခက် ပြီး ဓါတ်ပုံတွေ တဖျက်ဖျက် ရိုက် …၊ ဖုံးတွေ ဆက် နဲ့ တော် တော် အလုပ် များနေကြပါတယ် …။ ထို အချိန် ထိ မိမိတို့  ဖက် မှာ ငြိမ်းချမ်းစွာ နဲ့ ဆုတောငး်း ပွဲ လုပ် နေကြ တုန်း ပါ…။ ဒီအချိန် မှာ အာဏာ ပိုင် တွေ ဖက် က ကင် မရာ သမားတွေ ဟာ လမ်းလယ် စည်း ကိုကျော် လာ ပါ ပြီ..။ အားလုံး ဆယ်ယောက် ဆယ် ငါးယောက် လောက် ရှိမယ် …။ အဲဒီ လို ဌက် များဘေး မဲ့  လွှတ် လို့  အပြီး မှာတော့  လူ ငယ် တဦး က .. “ ဒုက္ခ သည် များအကူအညီ ပေး.. နေရေး က လဲ ခက် …သေရေး က လဲ ခက် ..” စာတန်း ဆိုင်းဘုတ် ကို ကိုင် မြောက် ပြီ ထွက် လာ ပါ တယ် ..။ ဆုတောင် နေကြ သူများ မှာ ထို လူငယ် ဖက် သို့  အာ ရုံရောက် သွားချိန် မှာတော့  တဖက် မှ ကင် မရာ သမား များဟာ လမ်းလည် စည်း ကို ကျော် ပြီး ရုံးချုပ် ရှေ့  သို့  ပင် ရောက် လာ ကာ ဓါတ် ပုံတွေ ရိုက် ကြ ပါ တယ် …။ ဒီ အချိန် မှာ ပဲ ကြားတော ရ လမ်းကြား ထဲ မှာ ရပ် ထားတဲ့ ဒိုင် နာ ကားလေး စီး ထွက် လာ ကာရုံးချုပိ အ၀င် အ၀ ရှေ့  နှင့့် ဆို လျှင် ဆယ့်  ဆယ် ပေလောက် အထိရောက်လာ ပါတယ် ..။ ကားသမားတွေ ဟာ ကားစက် သံ ကို ပြ င်း သထက် ပြင်းအောင် မောင် လာ ပါ တယ် .. ကားပေါ် မှာ လဲ စွမ်းအား၇ှင် နှင့်  ကြံ့ဖွ တ် တွေ တစီး လျှင် ဆယ့်  ငါးဦး ခန့်  ပါလာ ပါ တယ် …။ အရပ် ၀တ် နှင့်  သူအတော် များများ က လဲ ထိုကားများနောက် မှ လမ်း လျှောက် လိုက် လာ ပါ တယ်……..။ အချို့ သူများလက် ထဲ မှာ သစ် သား တုတ် များ ၊ သံတုတ် များကို သတင်း စာစက္ကူ နှင့် ပတ် ပြီး ကိုင် ဆောင် လာ တာ ကို လဲ တွေ့  ရ ပါ တယ် ။ ထို အချိန် မှာ ပဲ မိမိတို့ ဖကိ မှာ ဓါတ် ပုံ မှတ်တမ်း တင် နေ သော ကို ထွန်း မြင့်  ကို စတင် ၀င် ရောက် ရိုက် နှက် ဖမ်း ဆီး ပါတော့  တယ် …။ ကို ထွန်း မြင့်  ကို အတင်း အဓမ္မ ကားပေါ် သို့ ဆွဲ တင် ပါ တယ်.. ကို ထွန်းမြ င့်  မှ လက် ထဲ မှ ကိုင် ဆောင် ထား သောကင် မရာ ကို မရ မက ကတ္တရာ လမ်း ပေါ် သို့  ပြန် လည် ပစ် ချ ပေး ခဲ့ နိုင် ပါ တယ် ..။ ထို သို့ ရုန်ရင် ဆန်ခက် ဖြစ် နေ ချိန် မှာ မွေးနေ့  ပညာရေး ထောက် ပံ့ ပေး ပွဲ သို့  ရောက်ရှိလာကြသော အဖွဲ့ ၀င် များ၏ ကျောင်းသား ကလေး ငယ် များလဲ လူ အုပ်တွင် ရောက် ရှိနေချိန် ဖြစ် တာကြောင့်  ကလေး ငယ် များအား အာဏာပိုင် များရိုက် နှက် အကြမ်းဖက် မှု မခံ ရ စေရန် ကာကွယ် ပေးနေသော ဦးမောင် သိန်း (မင်္ဂလာဒုံ ) အားဝင် ရောက် ရိုက် နှက် ဖမ်း ဆီး ပြန် ပါ တယ် …။ ဦးမောင် သိန်း အားထိုသို့  ၀ငိရောက် ဖမ်း ဆီးနေချိန် မှာ အရပ် ၀တ် နှင့်  အာဏာ ပိုင် တယောက် က ဌက် ဘေး မဲ့ လွတ် ရာ တွင် ဦးဆောင် ပါ ၀င် သော သံဃာ တော် တပါး အား… “ ဟို မှာ …ဟို မှာ .. ဘုန်းကြီး ..အဲဒ်ီ ဘုန် ကြီး ကို ပါ ဖမ်း…” ကား ပေါ် တွင် ကျန် ရှိနေကြသော စွမ်းအားရှင် နှင့်  ကြံ့ ဖွတ် များကို အမိန့်  ပေးလိုက် ပြီး ၀င် ရောက် ဖမ်းဆီးစေ ပါ တယ် ….။ ထို သို့  အပြီး မှာ အဖွဲ့ ၀င် အားလုံးနီး ပါ ရုံး တွင်း သို့  ၀င် ရောက် ကြ ပြီး အ၀င် အ၀ မှာ အဖွဲ့ ၀င် လူငယ်တချို့  နှင့်  လူကြီး ပိုင်း တချို့  က ပိတ် ဆို့  ပြီး ထိုင် ချ နေလိုက် ပါ တယ် ..။ အာဏာ ပိုင် တွေ ကြံ့ဖွတ် တွေ စွမ်းအားရှင် တွေ က ထို အချိန် အထိ ပြန် လည် ထွက် ခွာ ခြင်း မရှိသေး ပဲ ရုံး ရှေ့  မှာ တင် စကားပြောစက် တရမ်း ရမ်း ၊ ကင် မရာတွေ တရမ်းရမ်း နှင့်  ရှိနေကြ ပါ သေး တယ် …။

ထို့  သို့  တဖက် နှင့်  တဖက် အခြေအတင် ဖြစ် နေ ပြီး ခဏ အကြာ မှာတော့  ဘဘဦးအောင် ရွှေ ကားနှင့်  ရောက် လာ ပါ တယ်…။ ထိုသို့  ဘဘရောက်ရှိ လာ ချိန် မှာတော့  စောစောက စွမ်အားရှင် များကို တင် ဆောင် ထားသော ကား များအလျှိုအလျှို ဖြင့်  မောင်း ထွက် သွားကြပါတယ်…။ ခဏ အကြာ မှာတော့ အာဏာ ပိုင် များဖက် မှ နေ၍ နှစ် ဖက် ညှိ နိုင်း ဖို့  ကမ်း လှမ်း လာ ပါ တယ် …။ ရုံးချုပ် ဖက် မှ ခွင့်  ပြု လိုက် သော အခါ ရပ်မိရပ်ဖ အမည် ခံ အာဏာ ပိုင် တွေ ဖက် မှ လေး ဦး လူကြီး များနှင့်  လာရောက် ညှိ နိုင်းကြပါ တယ် …။ ထို သို့  ညှိနိုင်း နေမှု့ ကို မိမိတို့  ရုံးအောက် ထပ် မှ နေ၍ ထွက် ပေါ်လာမည် အဖြေ အား စောင့်  စားနေကြ ပါ တယ် …။ ခဏ အကြာ ထို သူ များရုံးတွင် မှ ပြန် လည် ထွက် ခွာ သွားပါ တယ် ..။ အဖွဲ့ ဝင် များကို လည်း ကျန်ရှိနေသေး သည့်  အစီ စဉ် များကို ဆက် လက် ကျင် ပ နိုင် ပြီ ဖြစ် ကြောင်း ဦး လှ သိန်း မှ ကြေ ငြာ ပေး ပါ တယ် ….။ ထို သို့  အာဏာ ပိုင် များ လာရောက်ညှိ နိုင်း ရာ တွင် ရုံးချုပ်ရှေ့  သို့  ၀င် ရောက် အကြမ်း ဖက် ဖမ်း ဆီး မှု့  အား မည့်  သို့  မျှ သဘော မထားရန်…သာမာန် အဖြစ် အပျက် အဖြစ် သာ သဘော ထား ရန် တောင်း ဆို ပါ တယ် …။ ဒါ ကို အဖွဲ့ ချုပ် တာ ၀န် ရှိသူ များက လက် မခံ ပါ ဘူး….။ အဖွဲ့ ချုပ် ဘက် မှ ပြန် လည် တောင် ဆိုရာ တွင် အခန်းအနားအား ဆက် လက် ကျင်း ပ ခြင်း ကို မနှောက် ယှက် ရန်..၊ အဖွဲ့ ၀င် များ အပြန် လမ်း တွင် ပိတ် ဆို့  ဖမ်း ဆီး ဖမ်း ဆီး ခြင်း များ မပြု လုပ် ပါ ဟူသော ခံဝန် ကတိ များကိုတော့  အာဏာပိုင် များ ဖက် မှ ပေး သွား ကြ ရ ပါ တယ်….။ ဖမ်းဆီး သွားသူ များ ပြန် လည် လွှတ် ပေး ဖို့  တောင်းဆိုတာ ကို တော့  အကြောင်း ပြန် ခြင်း မရှိ ပါ…ဟု သိ ရ ပါ တယ်…။

ထိုသို့  အာဏာ ပိုင် များ ၀င် ရောက် အကြမ်းဖက် မှု့  ကြောင့်  …့ ၆၃ နှစ် မြောက် ဒေါ်အောင် ဆန်းစုကြည် မွေးနေ့  အခန်း အနားအား တစ် နာရီနီးပါးရပ် ဆိုင်း သွားခဲ့ ရာ က နေ ကျန် ရှိနေ သည့်  ပညာရေး ထောက် ပံ့ ပွဲ အခန်းအနား အားပြည် လည်စတင် နိုင် ခဲ့ ပြီး နေ့  လည် နှစ် နာ ရီ ခန့် တွင် ပြီး ဆုံးသွား ခဲ့ ပါ တယ် …။

ထပ်မံ သိ ရှိရ သည် မှာ အကြမ်း ဖက် မှု့  ဖြစ် ပွားနေချိန် တွင် ရုံးချုပ် မှ ပြန် သွားသော အဖွဲ့  ၀င် နှစ် ဦး အား ရွှေ ဂုံတိုင် ကား မှတ်တိုင် အနီး တွင် အာဏာ ပိုင် များ မှာ ပိတ် ဆို့  ဖမ်းဆီး သွားကြောင်း ထပ် မံ သိရှိရ ပါ သည်..။ထိုသူနှစ်ဦးအား အတည် ပြု နိုင်ရန် စုံစမ်းဆဲ ဖြစ် ပါ သည်…။

No comments: