Sunday 8 June 2008

နာဂစ် ခရီးသည် (စတ္တုထ ပိုင်း )

ပထမ ဆုံး အကြိမ် ဒုက္ခ သည် တွေ ကို ကိုယ်ထိ လက် ရောက် လှူ ခဲ့ ကြတဲ့ အတွက် အပြန် ခရီးမှာ အားလုံးကိုယ်စီ ပီတိတွေ အပြည့်  နှင့်  ပါ ။ ရန်ကုန်သားလဲ မိမိ နဲ့ လိုက် ပါ လာသူတွေ အား နောက် ထပ် ခရီးစဉ် တွေ အတွက် ဆက် လက် စီစဉ် မည် အကြောင်း ပြောဆိုလာသောအခါ အားလုံးက လဲ ဆက်လက် ၍ လုပ်ဆောင် သွားမည့် ဟု ပြောလာကြသည် ။ သို့  နှင့်  ရန်ကုန်အပြန် ကားပေါ် မှာတင် အမာခံ ၆ ဦး နှင့်  အဖွဲ့  တခု ဖွဲ့ နိုင် ခဲ့ သည်..။ ရန်ကုန်သို့  ပြန် ရောက် ချိန် မှာတော့  ည ( ၁၀း ၃၀ ) ခန့်  ရှိပါ ပြီ ။အားလုံး နှုတ်ဆက် ပြီး မိမိ တို့  အိမ်အသီးသီးသို့  ပြန်ခဲ့ ကြ သည် .။
နောက် တနေ့  မနက် မှာတော့  ခရီးစဉ် မှာ ပါဝင် ခဲ့  သူ သူငယ်ချင်း တဦး အိမ်သို့  မင်္ဂလာ သတင်းတခု နှင့်  အတူ ရောက်ချ လာသည်..။ ထိုသူငယ်ချင်း ၏ အိမ်နီးချင်း တဦးမှ နောက် ထပ် အလှူခရီးစဉ် အတွက် မတည် အလှူ ငွေ ဆယ်သိန်း ခန့်  ထဲ့ ၀င် မည့်  အကြောင်း ပြောလာ ၏ ။ ၀မ်းသာလိုက် သည့်ဖြစ်ခြင်း…ဤငွေ ပမာဏ သည် အတော်အတန် တော့  ထိရောက်လိမ့် မည် ဟု မျှော်လင့်  မိ သည် ။ သို့  နှင့်  အဖွဲ့  တွင် ပါ ၀င်သူများ အား လိုက်လံ အကြောင်း ကြားလိုက် တော့  အားလုံး က ၀မ်းသာကြသည် ..။ အလှူငွေများလည်း ရနိုင်သလောက် ထပ် မံ ကောက် ခံထားကြရန် ပြောထားလိုက် သည် ။ ခရီးထွက် မည့် နေ့ ကိုတော့  (၈ ) ရက် နေ့  သက် မှတ် လိုက် သည် ။ ကားဌား ဖို့  အတွက် ပါ စီစဉ်လိုက် သည်..။ အချိန် ရ သည့်  အတွက် ပထမ အခေါက် က ကဲ့ သို့ ကသီလင်တ မဖြစ် တော့  ….။ ကျန်သည် အဖွဲ့ ဝင် များ မှာ လဲ အချို့  ကိစ္စ များတွင် အားကိုးရ သည့်  အနေအထားရောက်လာ သည် ။ ထိုနေ့  အိပ်ယာ ၀င် ချိန် မှာတော့  ပြည်ပ သတင်းဌာန များမှ ထုပ်လွှင့် ချက် များကို နားစွင့်  မိသည့်  အခါ မုန်တိုင်းကြောင့် ပျက် စီး မှု့  ပမာဏ မှာ လွန်စွားကြီးမား ကြောင်းသိရ သည့် အခါ မှာတော့  စိတ်မကောင်းခြင်း များစွာ နှင့်  အတူ အခြားမြို့  နယ် များ ကို သွားရောက် ကူညီနိုင် ရန် ဆုံးဖြတ်ချက် ချလိုက် သည်…။ နောက် တနေ့ မနက် စောစော တွင် ရန်ကုန်နှင့်  နီးစပ် ပြီးသွားလာရ လွယ်ကူသော တညင်ကျောက်တန်း ဘက် သို့  ထွက် ခဲ့ သည်..။ ကျောက်တန်းမြို့နယ်အ၀င် မှာလဲ ယခင် ရောက် ခဲ့ သည့်  အခါ များနှင့်  မတူတော့  အဆောက် အုံတော်တော်များများပျက် စီးကုန် သည် အားကစား ခန်းမ ကြီးသည် မြေတွင် ပြားပြား ၀ပ် သွားသည်..။ ကျောက် တန်းမြို့  နယ် ကျေးရွာတော်တော်များများပျက် စီး ပြီး လူအသေ အပျောက် များရှိသည် ဟု လဲ ကြားသိ ခဲ့ ရ သည် …။
ဒီလိုနှင့်  ကျောက် တန်း မြို့  ထဲ သို့  လှည့်  လည် ကြည့်  ရှု့  ခဲ့ ရာ တွင် ဒုက္ခသည် စခန်း များ ရွှေ မှော် ၀န်း ၊ သာသနာ့ ဗိမ္မာန် ၊ အထက် တန်းကျောင်း စသည့် နေရာ များတွင် တွေ့  ခဲ့ ရ သည် ။ မြို လယ်ရှိ သာသနာ့  ဗိမ္မာန် တွင်း ဒုက္ခ သည် များနေထိုင် ကြပုံ ကို ၀င်ရောက် ကြည့်  ရှု့  ခဲ့ အခါ လွန်စွာစိတ် ပျက် မိ သည် ။ ဒုက္ခသည် များ မှာတွေ့ ရာ နေရာ များတွင် လဲ လျှောင်း နေကြရ ပြီး တမံ သလင်းပေါ်တွင် အခင်းမရှိပဲ နေကြရ သည် ။ ထိုသူတို့  ၏ အ၀တ်အစား များ မှာ နှုန်း ရေ ၊ ရွံ့  ရေ လှိုင်းတံပိုးများ ကြားမှာ အသက် လု ခဲ့ ရ စဉ် ထဲ က ၀တ်ဆင် ခဲ့ ကြသည့်  အတွက် မာဂေါက်ဂက် ကြီး များဖြစ် ကာ အောက်သိုးသိုးအနံ များထွက် နေသည် ။ ယောင်္ကျား သားများမှာ များသောအား ဖြင့်  အကျီ င်္ မရှိကြ .. အသက် အရွယ်ကြီးရင့်  သော အဖိုးအဖွား များ မှာ လဲ အသက် ဘေးမှလွတ်ခဲ့ သော် လည်း အငတ်ဘေးကို ဆက် လက် ခံစားနေရ သည့်  အတွက် အချိန်တိုင်းနီး ပါး ကယ် ဆယ် မည့်  သူ များကို ငံလင့် နေသည် မှာ သိ သာ လှပါ သည်။ ကျနော်သည် မနေသာတော့  ပါ အိပ်ထဲတွင် ပါ လာသော ပိုက်ဆံကို စစ်ကြည့် လိုက် သည်…။ စုစု ပေါင်း တစ်သောင်းကျော်ခန့်  ရှိ ရာာ ဘိုးဘွားများအား…တဦးလျှင် တစ်ထောင် ကျပ် နှုံး ဖြင့်  တဦးခြင်းလိုက် လံ လှုဒါန်း ခဲ့ ပါ သည်..။ ဤ သို့  လှူဒါန်းရင်းဖြင့်  လဲ စိတ်သွားတိုင်းကိုယ်မပါ နိုင်သော မိမိ၏ အနေအထားကို လဲ အားမလို အားမရ ဖြစ်မိသည် ။ ကျောက်တန်းမြို့ သို့ မိမိ မရောက်ခင် အချိန် ကလေး က မှ နိုင်ငံတော် အကြီးအကဲ တယောက် ရဟတ်ယဉ် ဖြင့် သက် စွန့်ဆံ ဖျား လာရောက် ပြီး ( 20 – liter ) ၀င် ရေသန့်  ဘူး ၆ ဘူးလာရောက် လှူဒါန်း သွားသည့်  အတွက် မိမိ အနေ ဖြင့် စာလျှင်………။
သို့ လော သို့ လော အတွေးများဖြင့်  ကျောက် တန်းမြို့  မှ ပြန် လည် ထွက် ခွာ လာ ခဲ့ ပါတော့  သည်……။ (အပိုင်း -၅ အားဆက်လက်ဖတ်ရှု့ ပါ ရန်…)

No comments: