Monday 18 February 2008

နေဘုန်းလတ်..မိသားစုနှင့်တွေ့ ခွင်ံရ


ပုဒ်မ(၅)ည ဖြင့်  တရားစွဲဖမ်းဆီးခံ ထားရ သူ ဘလော့ ဂါနေဖုန်းလတ် သည်ယနေ့  တွင် မိသားစု နှင့် တွေ့ ခွင့် ရ ပြီဖြစ်ကြောင်း သိရ ပါ သည်။


Saturday 16 February 2008

ကဒ်ဖုန်းများချပေးတော့  မည်...။

မြန်မာနိုင် ငံတွငကဒ်ဖုန်းများစတင်ချပေးတော့  မည်ဖြစ်ကြောင်းဆက်သွယ် ရေးအတွက်လိုအပ် သည့်ပစ္စည်း များသည်ဆက်သွယ်ရေးရုံးများသို့  အဆင်သင့်  ရောက်ရှိနေပြီဖြစ်ကြောင်း။လိုအပ်သည့် တာဝါတိုင် များ သည် လည်းတပ်ဆင်ပြီးဖြစ်ကြောင်းသိရပါ သည်။ယခုအချိန်သိရှိရသည့် ဈေးနှုန်းမှာ ဖုန်း တ လုံး လျှင်ငွေကျပ်(၈ သိန်း)ခန့် ကျသင့်  မည်ဖြစ်ကြောင်း သိရ ပါ သည်။ဈေးနှုန်းအား အတည် ပြုနိုင်ရန် အတွက် လည်း ကြိုးစား နေကြသည်ဟုသိရပါသည်။ယခုအသုံးပြုနေကြသောဖုန်းများ၏ ဈေးနှုန်းမှာလည်းသိန်းနှစ်ဆယ် အောက်သို့ ကျဆင်းသွားကြောင်းသိရပါသည်။ဆက်လက်ပြီးဖုန်းဈေးနှုန်းမှာကျဆင်းလျှက်ရှိပါသည်။

ဒီလိုလူတွေ ရှိခဲ့လို့ 


ဤမြင်ကွင်း ကို ကြည့်  ပါ သင့် စိတ်တွင်းမည်သည့် ခံစားမှု့ မျိုးဖြစ်ပေါ်လာသနည်း။ ဤမြင်ကွင်းသည် အင်မတန်မှ ရှက်စရာကောင်းလေစွ..။အမဲရိုးကိုက် ပြီးသခင့်  အတွက်ဟောင်ပေးသည့် ခွေးလောက် ပင်အဆင့် မရှိသူများ ဖြစ်ပါသည်။ဤမင်္ဂလာဆောင်မြင်ကွင်း မှာ မိမိ၏ကျေးဇူးရှင်အမိအဖတို့  ကိုဦးမချပဲ ဗိုလ်ချုပ်ကြီး တွေကို ဦးချ ကန်တော့  ပြီးပထွေးကိုရှေ့တန်းတင်တတ်သူဖြစ်ပါသည်။
ဤကဲ့သို့  သူများရှိသောကြောင့်  လဲ အာဏာရူးများမာန်တက် ကြခြင်း ဖြစ်ပါသည်။ အမိအဖ များကို ပန်ကြားလိုသည်မှာမိမိတို့မှဆင်းသက်လာသောနောက်လာနောက်သားတို့ အားဤကဲ့ သို့ စိတ်ဓါတ်များ မရှိ စေ ရန် သွန်သင်ကြ ပါစို့ဟုတိုက်တွန်းလိုက်ပါရစေခင်ဗျာ..။

Friday 15 February 2008

ဝမ်းနည်းမိပါကြောင်း


ဝမ်းနည်းကြောင်း သ၀ဏ်လွှာ
ယခုကဲ့ သို့  အရေးကြီးသော တော်လှန်ရေးကာလ အတွင်း ကရင်အမျိုးသားအစည်းအရုးံမှ ထွေထွေအတွင်းရေးမှူးဖြစ်သူ ဖဒိုမန်းရှာလာဖန်း လုပ်ကြံသတ်ဖြတ်ခံရမှု့ အပေါ်တွင် ကရင်အမျိုးသားများနှင့် ထပ်တူထပ်မျှဝမ်းနည်းခံစားရပါကြောင်း ကြေငြာအပ်ပါသည် ။
ရန်ကုန်ပြည်သူများဘလော့ မှ ညီအကိုများ

Wednesday 13 February 2008

လေးစားအပ်သူ များ........

ဒီပျော်စရာကောင်း တဲ့ မိသာစုလေးဟာ မြန်မာပြည်ကြီး လွတ်လပ်ရေး ရ ဖို့ အတွက် ပြိုကွဲခဲ့ ရတယ်..။မျိုးရိုးစဉ်ဆက် လဲ အသက်ပေါင်းများစွာ ရင်းနှီးပေး ခဲ့ တယ်..။ဒီလိုအာဇာနည် မျိုး ရိုး က ဆင်းသက်လာသူတွေဟာမြန်မာပြည်ကြီး ကို နစ်မွန်း
အောင် လုပ်မတဲ့လား..။မနေ့ တနေ့ ကမှ လက်နက်အားကိုးပြီးတော့  ပြည်သူ့  အတွက် ပါ ဆိုပြီး တိုင်းပြည်ကိုဝါးမြိုခဲ့ သူတွေ မဟုတ် ဘူး...မြန်မာပြည်သမိုင်း မှာမော်ကွန်းတင်ခံရတဲ့မျိုးရိုးကိုဖျောက်ဖျက်ချင်သူတွေရှိနေတာ အား လုံး အသိ ပါ ..ကျနော် တို့  နောင်လာနောက် သားတွေ ဟာဒီမိသားစု ကို အမြဲ ဂုဏ်ပြုဦးညွှတ်ကြ ရ ပါ မယ်....။

Tuesday 12 February 2008



ပြည်ထောင်စုနေ့အခန်းအနားမြင်ကွင်း(ရုံးချုပ်)

ပြည်ထောင်စုနေ့ ..(ဂျစ်တူးဘလော့  မှကူးယူဖော်ပြသည်)


မြင် တတ်ကြ ပါ....

တိုက်တွန်းလိုက်ပါသည်…။
ယခုအချိန်သည် ပြည်သူ အားလုံး မိမိ၏အနာဂါတ် ကို မိမိကိုယ်တိုင် ဆုံးဖြတ် ရမည့်  အချိန်ဖြစ်ပါသည်။ နအဖ၏ ပြည်သူများအပေါ် တွင် ကြိုတင်အကွက်ချကာ စစ်ကျွန် ဘ၀အောက် သို့ လက်နက်အား၊ အာဏာအားတို့ ဖြင့် အတင်း အဓမ္မသွတ်သွင်း နေပါသည်။ပြည်သူတို့ ၏ဆင်းရဲဒုက္ခတို့ မှ လွတ်မြောက်ကြောင်းကို ရဟန်းတော်မှာ ကိုယ်တိုင် လမ်းမများပေါ် တွင် မိုး ရွားမရှောင် နေ ပူမရှောင် မေတ္တာပို့  ကြွ ချီကာကြိုးစား ပေးခဲ့ ပါ သည် ။
တိုင်းပြည်အာဏာ ကိုမတရား သိမ်းယူုကာအသံကောင်းဟစ်ပြီးကယ်တင်ရှင်ကြီးများ အဖြစ်ကိုယ့်ကိုယ် ကိုကင်ပွန်း တပ်၊ပြည်သူတွေကိုမစားရ၀ခမန်းအပေါ်ယံမက်လုံးတွေပေးပြီးပျားရည်နဲ့ဝမ်းချခဲ့တယ်။
ခုချိန်ခါမှာတော့ ကျနော်တို့ တတွေ နအဖရဲ့ကြိုးဆွဲရာ မပါဖို့အရေးကြီးဆုံးအချိန်ရောက် နေပြီဖြစ်ပါသည်။ပြီးခဲ့တဲ့ ညီလာခံထောက်ခံပွဲတွေလို ပြည်သူတွေ မလိုက်မနေရ ၊၀န်ထမ်းတွေမလိုက်မနေရနည်းလမ်းပေါင်းစုံသုံးကာ အဓမ္မထောက်ခံပွဲ တွေပြုလုပ်ပြီးနိုင်ငံတကာကိုချပြခဲ့ပါတယ်။ နအဖရဲ့လုပ်ဇါတ်ကိုနိုင်ငံတကာက အသိအမှတ်မပြုခဲ့လေသောအခါနောက်ထပ် တခါ ROAD MAP (၇)ချက် ဆိုပြီ်းမရိုးသားတဲ့နည်းလမ်းနောက်ခံထားတဲ့နအဖ ရဲ့ကြိုးဆွဲရာ မပါကြဖို့ ပါ ပဲ ။
ယခုလက်ရှိ နအဖ အစိုးရဟာ ကျနော် တို့ ပြည်သူတွေ တရားဝင်တင်မြှောက်ထားတဲ့အစိုးရ မဟုတ်ပါဘူး။ အာဏာသိမ်းထားတဲ့ ယာယီအစိုးရသာဖြစ်ပါတယ် ။နအဖ ဟာ ယာယီကနေ အတည်ဖြစ်အောင်ကြိုးစားနေတာပါ ။ယာယီ အာဏာသိမ်းအစိုးရနေနဲ့တောင်မှအနှစ် နှစ်ဆယ် ကြာအောင်အချိန်တွေဆွဲပြီး တိုင်းပြည်ရဲ့  သယံဇာတတွေ ကို ကုန်လုနီးပါး အထိ ဗိုလ်ချုပ်ကြီးတွေဝါးမြိုပစ်ခဲ့ ပါ ပြီ။ပြည်သူတွေမှာတော့  ငတ်ပြီးရင်ငတ်နေပါပြီ။နောက်ထပ်သားစဉ်မြေးဆက်မငတ်ကြဖို့  အတွက် နအဖ ကြိုး ဆွဲ ရာ ပါ ကြ ပါ နဲ့။ကြံဖွတ်တွေစွမ်းအားရှင်တွေ ရဲ့သွေးဆောင် မှု့  ကို မယုံကြ ပါ နဲ့။လူညံ့ လူဖျင်း တွေရဲ့စိတ်ကူးအတွေး မျိုး(ကိုယ်တယောက်ထဲလုပ်လို့ ရတာမဟုတ်ပါဘူး…)ဆိုတဲ့ အတွေးမျိုးတွေ ကိုဖျောက် ပစ်ကြ ပါ။
ယခု နအဖ လုပ်မယ့် ဆန္ဒခံ ယူပွဲမှာ နအဖ နဲ့နောက်ပါ များကပြုလုပ်ခဲ့တဲ့ (ညောင်နှစ်ပင်ညီလာခံ)၊နအဖ စိတ်ကြိုက် ရေးဆွဲထားသော(အခြေခံဥပဒေ) ၊တွေကိုမိမိဆန္ဒအတိုင်းဆုံးဖြတ်ကြဖို့ ၊ ခြိမ်းခြောက်မှု့ တွေ ကိုမကြောက်လန့် ဖို့၊ သွေးဆောင်မှု့  တွေကိုမယုံကြည် ကြဖို့ တိုက်တွန်းလိုက် ပါရစေ..ခင်ဗျား..။

Sunday 10 February 2008

ပြည်သူတွေ အား လုံး ပဲ ..နအဖ ..ကြိုး ဆွဲ ရာ မပါ ကြ ပါ နဲ့.....

ကဲ..မြန်မာပြည်သူများနဲ့ ၇န်ကုန်သား တို့  ရေ ဒီတခါ တော့  ..နောက် ဆုံး ရွေးချယ် ရ မယ့်  အချိန် ရောက်ပါ ပြီ..အဖြူ ..အမဲ ကို ခွဲ ခြား တတ် ပါစေ...လပိုင်းလေး ပဲ လိုတော့  တယ်ဆိုတော့  ...ကို ယ့် အသိစိတ်ဓါတ် နဲ့ကို ..ပြည် သူ အား လုံး တိုက် ပွဲ ၀င် ကြ ရ အောင် ...စနစ်ဆိုး ကြီးအောက် က ရုန်း ထွက် ကြရအောင် ...တိုက် တွန်း လိုက် ပါ ရ စေ..... နောက် တခု ပြောချင် တာ က ..ခင် ဗျား တို့  သာ..နအဖ ကြိုးဆွဲ တာ ကို က မယ် ဆိုရင်..ခင် ဗျား တို့  ရဲ့ သား သမီးတွေ ..မြေးမြစ်တွေ ကို..သူတို့ခိုင်းတာလုပ် မ၀ရေစာ..ကျွေးတာ စား..ပြီး လူဖြစ်ရကျိုး မနပ် တဲ့ ဘ၀တွေ ရောက် အောင် ..ခင် ဗျား တို့  ကိုယ် တိုင် ဖန်တီး လိုက် တာ ပဲ ....လို့  ကျနော် ပြော ချင် ပါ တယ်....အဲ ဒီ အဖြစ် တွေ က လွတ် မြောက် အောင် ....ကိုယ် ပိုင် ဆုံး ဖြတ် ပါ....နအဖ ရဲ့ မှိုင်းတိုက် တာ မခံ ပါ နဲ့....နအဖ က ပြည်သူတွေ နဲ့ သာသနာ တော် ကို ယုတ်မာ ခဲ့ တာတွေ ကို မြင် ခဲ့ ကြ ပြီပဲ ...အမြင် မှား တွေ ရှိနေ သေး ရင် အချိန်မှီ ပြောင်း ပစ် ကြ ပါ စို့......................

Thursday 7 February 2008

နေဘုန်း လတ် သို့...............

နေဘုန်းလတ်သို့ ….


ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။


ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Tuesday 5 February 2008

ခေတ်သစ် ငဘ များ

ကျနော့ အဖေပြော ခဲ့တဲ့ ငဘ ၀တ္တုထဲ့ က ဟာ သ လေး သွား သတိရ မိတယ် ……
ကွန်ုမြူနစ် တွေ ငဘ တို့  ရွာ ထဲ ၀င် ပြီး ရွာသား တွေ ကို စစ်တော့  အလံ နီက၀င် လာ ရင် အလံဖြူကို မထောက် ပံ ဖို့….အလံ ဖြူ က၀င် လာ ရင် အလံ နီကို မထောက် ပံ ဖို. .. အမိန့် တွေ ထုတ် တယ် ….ရွာသား တွေ က ဘယ် သူ့  ကြောက် ရ မှန်း မသိတော့ ဘူး…. ဘယ် သူ့  အဖေခေါ် ရ မှန်း မသိတော့  ဘူး…….
ဒီလို နဲ့ တနေ့  ရွာထဲ ကို အဖွဲ့ တဖွဲ့  ၀င် လာ ပြီး ရွာသား တွေ ကို စစ်တယ်….အဖြူ ကို ထောက် ခံ လား ..အနီကို ထောက် ခံ လား ပေါ့  ….ငဘ အလှည့်ရောက် တော့  .. ခေါင်း ဆောင် လုပ် သူ က ငဘကို မေး တယ်… “မင်း က အဖြူလား.. အနီလား …” ဆိုတော့  ငဘ.. အူတူတူအတတခုမေး နေတာ က ဘယ် အဖွဲ့  မှန်း လဲ မသိတော့ “ကျနော် က အပြာ ပါ” တဲ့ …..မေး တဲ့ ခေါင်း ဆောင် စိတ် ညစ် သွား တယ်..ကွန် မြူနစ် မှာ အလံ ဖြူ ရယ် အလံ နီရယ် နှစ် ဖွဲ့  ပဲ ရှိ ပါ တယ် … ငဘ ပြော လိုက် တဲ့ အလံ ပြာ ဆို တာ နောက် တဖွဲ့  များ ပေါ် လာ သလား ရယ် ပေါ့ ..နောက် ဆုံး စဉ်းစား မ ရ တာ နဲ့ ပဲ.. ငဘ ကို ပြန် မေး လိုက် တယ် …“ဟေ့.. ကောင် မင်း ပြော တဲ့ အပြာ ဆို တာက ဘယ် အဖွဲ့  လဲ” လို့ မေး လိုက် တယ်…
ငဘ က လဲ ကြောက် ကြောက် လန့် လန့် နဲ့ “မဟုတ် ပါ ဘူး..ဗိုလ် ကြီး .. ကျနော် က ဘယ် သူ လာ လာ ပြာ နေအောင် ကြောက် နေ ရ တဲ့ သူ မို့  အပြာ ပါ လို့  ပြော တာ” ဆို လို က် တော့  မှာကွန်မြူနစ် ဗိုလ်ကြီး ရော .. ရွာ သား တွေ ပါ သဘော ပေါက် တော့  တယ်……
ခု ကျနော် တို့  ဖြစ်နေ ပုံလဲ … အပြာ ဖြစ်နေ ပြီ……ဆိုက် ကားနင်း တဲ့ သူ က .စည် ပင် ကြောက်ရ မှာ လား…မော်တော် ပီ ကယ် ကြောက် ရ မှာလား…. ရပ် ကွက် နေတဲ့ သူက………ဥက္ကဌ ကြောက် ရ မှာ လား..ကြံ ဖွတ်ကြောက် ရ မှာ လား…ရဲ ကြောက် ရမှာ လား …နောက် ဆုံး တော့  ဘယ် သူ လာလာပြာနေအောင် ကြောက် နေ ရ ပြီ……ဟီး..ဟီး…. တွေး ကြည့်  ရ င် ရယ် စရာ တော့  ကောင်း သား ဗျ….ဘာ ဖြစ် လို့ လဲ ဆိုတော့  ကျနော် တို့ ပြာ နေအာင် ကြောက် နေ ရ တဲ့ သူ တွေ က လဲ …သူ တို့  အထက် ကအ ကြီး အကဲ တွေ ကို ပြန် ပြီး .. ပြာ နေ အောင် ကြောက် နေ ရ လို့  ပါ ပဲ…..
တခုတော့  ရှိတယ်…..ကျနော် တို့ က သူ တို့  ကို ကြောက် စရာ လို သဘော မထား ရင် ..သူ တို့  ကလဲ အထက် က လူ ကြီး တွေ ကို…………………

Saturday 2 February 2008


Friday 1 February 2008

မိုးရွာသော နေ့ 

ရန် ကုန်မှာ မိုးတွေ ရွာနေတယ်..။ လူတွေ ရဲ့ ရင် ထဲ မှာ တော့  သော က မီးတွေ နဲ့ ….။ စုတ်ပြတ်နေတဲ့ တိုင်း ပြည် ကြီး မှာ မီး က မလာ.. ရေ က…. ရတလှည့်  မရ တလှည့်  နဲ့  ..အောက်ခြေ က ပြည် သူ တွေ ဘ၀ မှာ ..ထမင်း တလုပ် အတွက် ..တနေကုန် ကြိုး စား နေ ခဲ့ ရ တဲ့ ဘ၀တွေ ..ဟာ တခြား ဘာ ကို မှမစဉ်းစား နိုင် ပါ ဘူး..။ ပြည် သူ တွေ ဘ၀ ဟာ နာကြည်း စ ရာ တွေ အပြည့်  ပါ…မြန်မာ ပြည်သူ တွေ ဟာ ထမင်းတလုပ် ကို မပူ မပင် နဲ့ စား နေရ ရင် ..ကျေနပ်နေကြတဲ့ လူမျိုးတွေ ပါ…။ဒါကို ခုတုံး လုပ်ပြီး.. ကိုယ် ကျိုးရှာနေတဲ့ လူတစုကြောင့် ပဲ ..နစ်မွန်းခဲ့ ရတဲ့ ဘ၀တွေ.. မသေသင့်  ပဲသေခဲ့ ရ သူတွေ ဟာ..မေ၇တွက်နိုင် တော့  ပါ ဘူး…
အခုနေမှာတော့  ..သဘာဝတရား ကတော့ ..နေသာတော့  ပါ ဘူး… ငြိမ်းအေးစေနိုင် တဲ့ သူ့  ရဲ့ စွမ်း အင် နဲ့ .. ပေါ်ယံ က အပူတွေ ကို ..အေးချမ်းစေ ခဲ့ ပါ ပြီ….ပြည်သူတွေ ရင် တွင်း မှာတော့ ..တချိန်မှာမှာတော့  တို့  ရဲ့ အလို ဆန္ဒတွေ ပြည့် နိုင် ကောင်း ပါ ရဲ့ ဆိုတဲ့ တောင်းတ မှု တွေ နဲ့ သာ……