Friday 20 June 2008

မွေးနေ့  ကိုယ်တွေ့  မှတ်တမ်း....



(ဓါတ်ပုံ များကို www.niknayman.blogspot.com မှကူးယူဖော် ပြသည်)

မနက် (9း 00) လောက် အိမ်က စထွက် ခဲ့ တယ် ..ဗဟန်းရောက် တော့  ( 93း0 ) ကျော်ကျော် လောက် ရှိ ပြီ..၊ ရုံးချု ပ် ရှေ့  မှာ အဖွဲ့ ၀င် တော် တော် များများ ရောက် နေ ကြ ပြီ..။ ကျနော် လဲ တယောက် ထဲ လာ တာ ဆိုတော့  အသိ မိတ် ဆွေ တွေ လိုက် ရှာ မိ တယ် …။ အသိ တယောက် နဲ့ တွေ့  တော့  လပ်ကီး ဆဲဗင်း လက် ဖက် ရည် ဆိုင် ဖက် ထွက် လာ ခဲ့ တယ် …။ အဲဒီ လို လာ ရင်း ပါတ် ၀န်းကျင် ကို လေ့  လာ လိုက် တော့  ရွှေဂုံတိုင် ပွိုင့်  နား က ကြက် လျှာ စွန်း ဒံပေါက် ဆိုင် ဘေး ကွပ် လပ် မှာ ချောဆွဲ လာ တဲ့ (105 ) ဒိုင် နာ ကား နှစ် စီး နဲ့ စွမ်းအား ရှင် တချို့  တွေ တယ် ..။ ကြားတော ရ လမ်း မှာတွေ ယုဇန ဟို တယ် ရှေ့  လမ်းထောင့်  မှာ ဒိုင် နာကား ခြောက် စီး ၊ ဟိုင်း လပ် ကား သုံးစီးလောက် တွေ ရ တယ် ..ကား ပါတ် ၀န်းကျင် မှာ စွမ်းအားရှင် တွေ ကြံဖွတ် တွေ နဲ့ အရပ် ၀တ် ရဲ တွေ အင်အား စုစုပေါင်း လေး ရာ လောက် တွေ့  ရ တယ် ..၊ ဒါ့  အပြင် ရုံးချုပ် မျက် စောင်း ထိုး က ကျောာက် ဆည် ဓမ္မာရုံ နဲ့ အခြားဓမ္မာ ရုံ ၀န်းထဲ မှာ လုံထိန်း ကား လေး စီး မှာ ယူနီဖောင်း အပြည့်  နဲ့ ရဲတွေ အင် အား က ငါးဆယ် လောက် ရှိ မယ် အသင့်  စောင့်  နေ ကြတယ် ။ ပြီးတော့  ရုံး ချုပ် ရှေ့  တည့် တည့်  က တဲ ကြီး ထဲ မှာ လည်း ကင် မရာတွေ ၊ စကားပြောစက် တွေ ကိုင် ဆောင် ထားကြ တဲ့ အရပ် ၀တ် နဲ့ သူတွေ တဲကြီး ထဲ မှာ အပြည့်  ပဲ …။

ဒီလို နဲ့ကျနော် တို့  လဲ လက်ဖက် ရည် ဆိုင် ကနေ ရုံးချုပိ ရှိ ၇ာ ကို ပြန် လာ ကြ တယ် …။ ဒီ အချိန် မှာ ရုံးချုပ် ၀န်း ကျင် မှာ အဖွဲ့ ၀င် တွေ တော်တော် ရောက် နေ ကြပြီ ဖြစ် ပါ တယ် ..။ ရုံးထဲ မှာ က အကျွေး အမွေး အစီ စဉ် ပြု လုပ်နေတာ ကြော င့်  လူတွေ များနေ တာ နဲ့ ကျနော် တို့  ရုံး နံဘေး မှာ ရှိ တဲ့ ပရိ ဘောဂ ဆိုင် နားတ၀ိုက် မှာ ပဲ စကားပြောနေကြ ပါ တယ် …။ ဒီ လို နဲ့ နေရင်း (11း 00 ) လောက် မှာ ရုံးချုပ် ထဲ ကနေ သံဃာတော် တပါး နဲ့ အဖွဲ ၀င် အချို့  က ဌက် လှောင် အိမ် များကို ကိုင် ပြီးထွက် လာ ပါ တယ်…။ ကျနော် တို့  လဲ ထိုသူ များ ဆီ သို့ သွားလိုက် ပါတယ် ..၊ အဖွဲ့ ၀င် မျာ့း ဌက် များလွှတ်နေ ချိန် မှာ “ ဒေါ်အောင် ဆန်းစုကြည် ကျန်း မာပါစေ….” “ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ် မြောက် ပါစေ….” ဆို ပြီး ၀ိုင်းဝန်း ဆုတောင်း ပေးနေ ကြ ပါ တယ် …။ အဲဒီ အချိုန် မှာ တဖက် က အာဏာ ပိုင် တွေ ယောက်ယက် ခက် ပြီး ဓါတ်ပုံတွေ တဖျက်ဖျက် ရိုက် …၊ ဖုံးတွေ ဆက် နဲ့ တော် တော် အလုပ် များနေကြပါတယ် …။ ထို အချိန် ထိ မိမိတို့  ဖက် မှာ ငြိမ်းချမ်းစွာ နဲ့ ဆုတောငး်း ပွဲ လုပ် နေကြ တုန်း ပါ…။ ဒီအချိန် မှာ အာဏာ ပိုင် တွေ ဖက် က ကင် မရာ သမားတွေ ဟာ လမ်းလယ် စည်း ကိုကျော် လာ ပါ ပြီ..။ အားလုံး ဆယ်ယောက် ဆယ် ငါးယောက် လောက် ရှိမယ် …။ အဲဒီ လို ဌက် များဘေး မဲ့  လွှတ် လို့  အပြီး မှာတော့  လူ ငယ် တဦး က .. “ ဒုက္ခ သည် များအကူအညီ ပေး.. နေရေး က လဲ ခက် …သေရေး က လဲ ခက် ..” စာတန်း ဆိုင်းဘုတ် ကို ကိုင် မြောက် ပြီ ထွက် လာ ပါ တယ် ..။ ဆုတောင် နေကြ သူများ မှာ ထို လူငယ် ဖက် သို့  အာ ရုံရောက် သွားချိန် မှာတော့  တဖက် မှ ကင် မရာ သမား များဟာ လမ်းလည် စည်း ကို ကျော် ပြီး ရုံးချုပ် ရှေ့  သို့  ပင် ရောက် လာ ကာ ဓါတ် ပုံတွေ ရိုက် ကြ ပါ တယ် …။ ဒီ အချိန် မှာ ပဲ ကြားတော ရ လမ်းကြား ထဲ မှာ ရပ် ထားတဲ့ ဒိုင် နာ ကားလေး စီး ထွက် လာ ကာရုံးချုပိ အ၀င် အ၀ ရှေ့  နှင့့် ဆို လျှင် ဆယ့်  ဆယ် ပေလောက် အထိရောက်လာ ပါတယ် ..။ ကားသမားတွေ ဟာ ကားစက် သံ ကို ပြ င်း သထက် ပြင်းအောင် မောင် လာ ပါ တယ် .. ကားပေါ် မှာ လဲ စွမ်းအား၇ှင် နှင့်  ကြံ့ဖွ တ် တွေ တစီး လျှင် ဆယ့်  ငါးဦး ခန့်  ပါလာ ပါ တယ် …။ အရပ် ၀တ် နှင့်  သူအတော် များများ က လဲ ထိုကားများနောက် မှ လမ်း လျှောက် လိုက် လာ ပါ တယ်……..။ အချို့ သူများလက် ထဲ မှာ သစ် သား တုတ် များ ၊ သံတုတ် များကို သတင်း စာစက္ကူ နှင့် ပတ် ပြီး ကိုင် ဆောင် လာ တာ ကို လဲ တွေ့  ရ ပါ တယ် ။ ထို အချိန် မှာ ပဲ မိမိတို့ ဖကိ မှာ ဓါတ် ပုံ မှတ်တမ်း တင် နေ သော ကို ထွန်း မြင့်  ကို စတင် ၀င် ရောက် ရိုက် နှက် ဖမ်း ဆီး ပါတော့  တယ် …။ ကို ထွန်း မြင့်  ကို အတင်း အဓမ္မ ကားပေါ် သို့ ဆွဲ တင် ပါ တယ်.. ကို ထွန်းမြ င့်  မှ လက် ထဲ မှ ကိုင် ဆောင် ထား သောကင် မရာ ကို မရ မက ကတ္တရာ လမ်း ပေါ် သို့  ပြန် လည် ပစ် ချ ပေး ခဲ့ နိုင် ပါ တယ် ..။ ထို သို့ ရုန်ရင် ဆန်ခက် ဖြစ် နေ ချိန် မှာ မွေးနေ့  ပညာရေး ထောက် ပံ့ ပေး ပွဲ သို့  ရောက်ရှိလာကြသော အဖွဲ့ ၀င် များ၏ ကျောင်းသား ကလေး ငယ် များလဲ လူ အုပ်တွင် ရောက် ရှိနေချိန် ဖြစ် တာကြောင့်  ကလေး ငယ် များအား အာဏာပိုင် များရိုက် နှက် အကြမ်းဖက် မှု မခံ ရ စေရန် ကာကွယ် ပေးနေသော ဦးမောင် သိန်း (မင်္ဂလာဒုံ ) အားဝင် ရောက် ရိုက် နှက် ဖမ်း ဆီး ပြန် ပါ တယ် …။ ဦးမောင် သိန်း အားထိုသို့  ၀ငိရောက် ဖမ်း ဆီးနေချိန် မှာ အရပ် ၀တ် နှင့်  အာဏာ ပိုင် တယောက် က ဌက် ဘေး မဲ့ လွတ် ရာ တွင် ဦးဆောင် ပါ ၀င် သော သံဃာ တော် တပါး အား… “ ဟို မှာ …ဟို မှာ .. ဘုန်းကြီး ..အဲဒ်ီ ဘုန် ကြီး ကို ပါ ဖမ်း…” ကား ပေါ် တွင် ကျန် ရှိနေကြသော စွမ်းအားရှင် နှင့်  ကြံ့ ဖွတ် များကို အမိန့်  ပေးလိုက် ပြီး ၀င် ရောက် ဖမ်းဆီးစေ ပါ တယ် ….။ ထို သို့  အပြီး မှာ အဖွဲ့ ၀င် အားလုံးနီး ပါ ရုံး တွင်း သို့  ၀င် ရောက် ကြ ပြီး အ၀င် အ၀ မှာ အဖွဲ့ ၀င် လူငယ်တချို့  နှင့်  လူကြီး ပိုင်း တချို့  က ပိတ် ဆို့  ပြီး ထိုင် ချ နေလိုက် ပါ တယ် ..။ အာဏာ ပိုင် တွေ ကြံ့ဖွတ် တွေ စွမ်းအားရှင် တွေ က ထို အချိန် အထိ ပြန် လည် ထွက် ခွာ ခြင်း မရှိသေး ပဲ ရုံး ရှေ့  မှာ တင် စကားပြောစက် တရမ်း ရမ်း ၊ ကင် မရာတွေ တရမ်းရမ်း နှင့်  ရှိနေကြ ပါ သေး တယ် …။

ထို့  သို့  တဖက် နှင့်  တဖက် အခြေအတင် ဖြစ် နေ ပြီး ခဏ အကြာ မှာတော့  ဘဘဦးအောင် ရွှေ ကားနှင့်  ရောက် လာ ပါ တယ်…။ ထိုသို့  ဘဘရောက်ရှိ လာ ချိန် မှာတော့  စောစောက စွမ်အားရှင် များကို တင် ဆောင် ထားသော ကား များအလျှိုအလျှို ဖြင့်  မောင်း ထွက် သွားကြပါတယ်…။ ခဏ အကြာ မှာတော့ အာဏာ ပိုင် များဖက် မှ နေ၍ နှစ် ဖက် ညှိ နိုင်း ဖို့  ကမ်း လှမ်း လာ ပါ တယ် …။ ရုံးချုပ် ဖက် မှ ခွင့်  ပြု လိုက် သော အခါ ရပ်မိရပ်ဖ အမည် ခံ အာဏာ ပိုင် တွေ ဖက် မှ လေး ဦး လူကြီး များနှင့်  လာရောက် ညှိ နိုင်းကြပါ တယ် …။ ထို သို့  ညှိနိုင်း နေမှု့ ကို မိမိတို့  ရုံးအောက် ထပ် မှ နေ၍ ထွက် ပေါ်လာမည် အဖြေ အား စောင့်  စားနေကြ ပါ တယ် …။ ခဏ အကြာ ထို သူ များရုံးတွင် မှ ပြန် လည် ထွက် ခွာ သွားပါ တယ် ..။ အဖွဲ့ ဝင် များကို လည်း ကျန်ရှိနေသေး သည့်  အစီ စဉ် များကို ဆက် လက် ကျင် ပ နိုင် ပြီ ဖြစ် ကြောင်း ဦး လှ သိန်း မှ ကြေ ငြာ ပေး ပါ တယ် ….။ ထို သို့  အာဏာ ပိုင် များ လာရောက်ညှိ နိုင်း ရာ တွင် ရုံးချုပ်ရှေ့  သို့  ၀င် ရောက် အကြမ်း ဖက် ဖမ်း ဆီး မှု့  အား မည့်  သို့  မျှ သဘော မထားရန်…သာမာန် အဖြစ် အပျက် အဖြစ် သာ သဘော ထား ရန် တောင်း ဆို ပါ တယ် …။ ဒါ ကို အဖွဲ့ ချုပ် တာ ၀န် ရှိသူ များက လက် မခံ ပါ ဘူး….။ အဖွဲ့ ချုပ် ဘက် မှ ပြန် လည် တောင် ဆိုရာ တွင် အခန်းအနားအား ဆက် လက် ကျင်း ပ ခြင်း ကို မနှောက် ယှက် ရန်..၊ အဖွဲ့ ၀င် များ အပြန် လမ်း တွင် ပိတ် ဆို့  ဖမ်း ဆီး ဖမ်း ဆီး ခြင်း များ မပြု လုပ် ပါ ဟူသော ခံဝန် ကတိ များကိုတော့  အာဏာပိုင် များ ဖက် မှ ပေး သွား ကြ ရ ပါ တယ်….။ ဖမ်းဆီး သွားသူ များ ပြန် လည် လွှတ် ပေး ဖို့  တောင်းဆိုတာ ကို တော့  အကြောင်း ပြန် ခြင်း မရှိ ပါ…ဟု သိ ရ ပါ တယ်…။

ထိုသို့  အာဏာ ပိုင် များ ၀င် ရောက် အကြမ်းဖက် မှု့  ကြောင့်  …့ ၆၃ နှစ် မြောက် ဒေါ်အောင် ဆန်းစုကြည် မွေးနေ့  အခန်း အနားအား တစ် နာရီနီးပါးရပ် ဆိုင်း သွားခဲ့ ရာ က နေ ကျန် ရှိနေ သည့်  ပညာရေး ထောက် ပံ့ ပွဲ အခန်းအနား အားပြည် လည်စတင် နိုင် ခဲ့ ပြီး နေ့  လည် နှစ် နာ ရီ ခန့် တွင် ပြီး ဆုံးသွား ခဲ့ ပါ တယ် …။

ထပ်မံ သိ ရှိရ သည် မှာ အကြမ်း ဖက် မှု့  ဖြစ် ပွားနေချိန် တွင် ရုံးချုပ် မှ ပြန် သွားသော အဖွဲ့  ၀င် နှစ် ဦး အား ရွှေ ဂုံတိုင် ကား မှတ်တိုင် အနီး တွင် အာဏာ ပိုင် များ မှာ ပိတ် ဆို့  ဖမ်းဆီး သွားကြောင်း ထပ် မံ သိရှိရ ပါ သည်..။ထိုသူနှစ်ဦးအား အတည် ပြု နိုင်ရန် စုံစမ်းဆဲ ဖြစ် ပါ သည်…။

Wednesday 18 June 2008

နာဂစ် ခရီးသည်.... ( အပိုင်း -၅ )

ကျောက်တန်း မြို့ အပြန် ကားပေါ်မှာ ကျောက် တန်း မြို့ ကို လှူရန်သင့် မသင့်  စဉ်းစား လာပါ တယ် ကျောက်တန်းမြို့ ပေါ် မှ မြို့  ခံ ပြည် သူများက လာရောက်ခို လှုံ့ ကြသော ဒုက္ခ သည် များကို ကျွေးမွေးထားနိုင် စွမ်း ရှိသေး သည် ထိုနေရာမျိုး ဖြင့်  စာလျှင် မြို့ပေါ် ရော တောနယ် တွေ ပါ ပျက် စီးဆုံး ရှုံး သွားသောနေရာဒေသမျိုးတွေ ကို လှူသင့်  သည် ဟုစဉ်းစား ပြီး နောက် တနေ့ အစီစဉ် ကို ကွန်းခြံ ကုန်း ဖက် သို့  သာ ထပ် မံ သွားရောက် ရန် ဆုံးဖြတ်ချက် ချ လိုက် ပါတယ်..။

ရန်ကုန် ပြန် ရောက် တော့  သူငယ် ချင်း များကို ပြန် လည် ပြောပြရာ အား လုံး က လည်း သဘောတူ ကြ သည် ။ ထိုကြောင့်  နောက် တနေ့ မနက် မှာ ပဲ ကွန်း ခြံ ကုန်း ဖက် ကို ထွက် လာ ခဲ့ ပါတော့  တယ်…။ ဘုရင့် နောင်ဈေး မှာဆန် ၀ယ်တော့  ကောလဟာလတွေ က ကြားရ ပြန် ပါသေးတယ် … ကားတွေ ကို လုယက် နေတဲ့  ကြောင်း ပါ အဖွဲ့  ထဲ မှ တချို့  က အနည်းငယ် တော့  တွေ ဝေ သွားကြ ပါ တယ် သေချာ မသေချာ စုံ စမ်းတော့  ဘယ် သူ က မှ ရေရေ ရာ ရာ မပြောနိုင် ကြ ပါ ဘူး ။ ဒါ နဲ့ပဲ ပါးစပ် သတင်းတွေ ကို အာရုံ မထားပဲ … ခရီဆက် ခဲ့  ကြ တယ် ..။ ကွမ်းခြံ ကုန်း အသွားလမ်း မှာ သွားရောက် လှူဒါန်းကြ တဲ့ ကားတချို့  ကို မြင် တွေ ကြ ပါ တယ် …။ မိမိတို့  လှူ ဒါန်း မည့်  နေရာကို အတိ အကျ မသက် မှတ် ရသေး ပါ ဘူး .။ အားလုံးက ကျနော့် အပေါ်ပဲ မူတည် နေတော့  သူများထက် ပို ပြီး စဉ်းစားရ တယ် ကွန်းခြံကုန်း မြို့  ၀င် ပြီး စနည်းနာ လိုက် တော့  လာရောက် လှူဒါန်းသူတွေ ရှိနေ ကြ ပြီ ဆိုတာ သိ ရ ပါ တယ်။

မြို့  လည် ရောက် တော့  ပါတ်ဝန်းကျင် ၇ွာတွေ ကို ကားလမ်း ပေါက် မပေါက် စုံးစမ်းတဲ့အခါ မှာ လမ်းများပျက်စီး သဖြင့်  လမ်း ကြမ်း တာကလွဲ လို့  သွားလို့ ရ နိုင် ကြောင်းသိရ ပါတယ် ဒါနဲ့  ပဲ ကားကို မြို့ အစွန်ဖက် ဆက် မောင်းစေ ပါတယ် မြို့ စွန်ရောက် တော့  စံ ပြရပ်ကွက် ဆိုတာကိုတွေ့  ရပါ တယ် .. မြို့  နှင့်  တဆက် ထဲ ပေ မယ့်  ရပ်ကွပ် တခုလုံးနီး ပါ ပျက် စီး သွားတာ ကို တွေ့  ရ ပါ တယ် စုံစမ်းကြည့် တော့  လာရောက် လှူဒါန်း ကြသူတွေ မြို့  စွန် ဖက် မရောက်ကြကြောင်း ရပ်ကွက် တွင်းသေဆုံးသွားကြသူများမှာ ဦးရေ ခုနစ်ရာခန့် ရှိကြောင်း ၊ လောလော ဆယ် အနေထားတွင် ရပ်ကွက် ရှိဘုန်းတော်ကြီး ကျောင်းတွင် သာ ယာယီ နေထိုင်ကြရ ကြောင်း အချို့ သူများမှာလည်း မိမိတို့  မြေနေရာများတွင် ပြန်လည် တဲ ထိုး နေကြ ကြောင်း သိရ ပါ တယ် ။ ပါတ်ဝန်းကျင် လေ့လာ ပြန် တော့ လဲ ရပ်ကွက် အ၀င် ကားလမ်းဘေးတွင် မှာ ကျွဲ ၊ နွား အသေ ဆယ် ကောင် ၊ ဆယ် ငါးကောင် ခန့် မှာ ပုပ် ပွနေပြီး ရေမြောင်း များတွင် ပေါလော ပေါ် နေပါတယ် ရပ်ကွက် မှာလေ အောက် က ဖြစ်နေ သဖြင့်  တရပ်ကွက် လုံး မှာ ပုတ်စော် နံ ဟောင် နေ ပါတယ် ။ ကျနော်ဒီရပ် ကွက် ကို လှူ ဖို့ ဆုံးဖြတ်လိုက် တယ် ၊ တဆက် တည်းမှာ ပဲ ဝေဖို့ ခြမ်း ဖို့  အတွက် စီစဉ် လိုက် တယ် .. မြေနေရာကျယ်ကျယ် ၀န်းဝန်း ဆိုလို့  လဲ အဲဒိ ကျွဲ သေ နွားသေ ကောင်းများဘေးက ကားလမ်း ပဲ ရှိတယ် ။ ဘုန်းကြီးကျောင်း မှာ ဝေခြမ်းဖို့  ကြတော့  လဲ ဘုန်းကြီးကျောင်း ရှိ ဒုက္ခ သည် များနှင့်  ရပ်ကွက် တွင်းမှာ ဒုက္ခ သည် များပေါင်း မိပါ က လူအုပ် ကို မထိမ်းနိုင်မှာစိုးရ တယ် ..။ ဒါကြောင့်  ပဲ ကျွဲ ၊ နွားသေ များ၇ှိ ရာ ကားလမ်း ဘေး မှာ ပဲ ကားရပ် ပြီး ရပ်ကွက် တွင်း မှ လူငယ် အချို့  နဲ့ ဝေခြမ်း ဖို့  စီ စဉ်လိုက် တယ်

ဒုက္ခ သည်တွေ ကို တော့  တကူးတက စု နေစရာ မလို ပါ … မိမိတို့  ကားကို မြင် က တည်း က နားမှာ အားကိုး တကြီးလာ ရောက် ပြီး ရစ်သီရစ် သီ လုပ်နေကြတာ ကလေး လူကြီး အကုန် ပါ ပဲ ..။ ခါတိုင်းလို ပဲ တန်းစီ ခိုင်း လိုက် တယ် တဦးပြီး တဦး ဝေသွားစေ တယ် …။ မိမိတို့ ဝေ ခြမ်းရာ မှာ အိမ်ထောင် စု စာရင်း ပြစရာ မလို လူ၇ှိသမျှ အကုန်ရ စေ ရ မယ် ပေါ့ ။ သက် ကြီး ရွယ် အို က လွဲ လို့  အကုန်တန်းစီ ပဲ လာသမျှ လူ ကို ကိုစတီး ရေဖလား နဲ့အပြည့် ခပ် ထည့် ပေးလိုက် တယ် တပြည် ကျော် ကျော် ခန့် ပေါ့  ကျနော် လဲ ကားပေါ် က နေဆန်ဝေ နေရင်းနဲ့ မိမိနဲ့ ပါ လာ သူတွေ ထဲ က လဲ ကိုယ် ထိလက် ရောက်လှူ ချင်သူတွေ အတွက် နေရာလဲ ပြီးလှူစေ တယ်…။ ကျနော် ကားပေါ် က ဆင်း ပြီး တန်းစီ နေတဲ့  လူအုပ် ကိုကြပ်မတ် နေလိုက် တယ် .။ အဲဒီအချိန်မှာ လူအုပ် ထဲ က အမျိုးသမီးတွေ ရဲ့ စကားသံ တချို့  ကြား မိတယ် …။ ဘာတဲ့ …….ရပ်ကွပ် ရုံးက နေ ဒုက္ခ သည် တွေ ပေးတာ လေး ၊ ငါး ရက် လောက် ကြာ မှ လူတယောက် ကို ဆန် နို့  ဆီ ဘူး တလုံးခွဲ နဲ့  အိမ်ထောင် စု နှစ် စုပေါင်းမှ ကြက် ဥ တလုံး တဲ့ ….။ ဒီကလေးတွေ လာ လှူတာကြည့်  စမ်း တဲ့  သူတို့ လို နို့  ဆီ ဘူး တလုံး ခွဲ ဝေတာ နို့ ဆီ ဘူးကို ၀ါးဇလုပ် တိုက် ပြီးလှူ တာမဟုတ် ဘူး …။ ကလေးတွေ တော် လိုက်ကြာတာ တဲ့…….။ လူပဲ ဗျာ ဒီလို ကို ယ့် ကို ချီမွမ်းသံ လေး ကြားရ တော့  ဘာ ပဲ ဖြစ်ဖြစ် ကျေနပ်တာပေါ့ …။ အာဏာ ပိုင် တွေ ကြတော့  လှူ သာ လှူတယ် နံ မည် ကောင်း ဘာ လို့  မရ လဲ ဆိုတော့  ကျနော် အထင် ပြော ရ ရင် စိတ် ရင်းစေတနာ မမှန်လို့  ပဲ …။ သူတို့  က လှူချင် တာ နဲနဲ ကြားက ဖြတ်စား လတ်စား လုပ် ချင် တာ က များနေတော့ စေတနာ က ရောင် ပြန် ဟတ် ခံရတာ ပါ…. ၊ ။

ဒီလို နဲ့ ပဲ ရပ် ကွက် တွင်းဝေ ခြမ်းရေး က ပြီးရောဆို ပါ တော့  .. မပြီးလို့ လဲ အပုပ် နံ တွေ ကြားက လှူနေရတာ ဆိုတော့  မခံ နိုင် တော့ ဘူး…. နှစ်နာ ရီလောက် အချိန် ကို ပဲ မနည်းအသက် ရှုနေရ တာ …အပုပ် နံ တထောင်းထောင်း နဲ့ နေနေကြ တဲ့  ရပ် ကွက် တွင်း လူတွေ ဆို တော့  စဉ် စား သာကြည့်  ပေ တော့  …။ ပြီးတာ နဲ့ ဘုန်း ကြီးကျောင်းဝန်း တွင်း ကားကို ခက်ခက် ခဲခဲ မောင်း ၀င် လိုက် တယ် ..။ လူသွားလမ်းလေးတွေ ဆိုတော့  ကျဉ်းတယ် ကားတစီး စာ မောင်း လို့ ရ ယုံလောက် ပဲ ..ကျောင်းဝန်း ထဲ ရောက် ပြန် တော့  လဲ ဒုက္ခသည်တွေ က အပြည့်  ပဲ ..ကျောင်း မှာ က ဆရာတော့ က ပဲ အဓိက တင် ကျွေး ထားတာ ဆိုတော့  ရပ်ကွက် ထဲ မှာ လို ဝေ မနေ တော့ ဘူး ၊ ဆရာတော်ကို ပဲ ဆန်အိတ် တွေ နဲ့ အခြားစားစရာတွေ လှုလိုက် တယ် ကျနော် တို့  လှုလိုက် တဲ့ ဆန် ပမာဏ က ကျောင်းတွင်း မှာရှိတဲ့ ရဟန်းသံဃာ နဲ့လူတွေပါ ငါးရက် တပါတ် စာလောက်တော့  စားလောက် မယ် လို့ ထင် ရ တယ် .။ အ၀တ်အစားအတော် များများကို တော့ ကားခေါင်မိုးပေါ်တက် ပြီး ကြဲလိုက် တယ် ၊ အားလုံး ပြီးသွားတဲ့ အချိန် မှာ တော့ ကျနော် တို့ အကုန်လုံးဆရာတော် ကို ဖူး ကြ ပါ တယ် ..ဒေသ အခြေနေတွေ လဲ မေးမြန်းစုံစမ်း တာ လဲပါတာပေါ့  ၊

ဆရာတော်မိန်ကြားချက် အရ ယခု စံပြ ကျေးရွာ မှ နေ၍ ဆက် သွားလျှင် သုံးခွ ကျေး ရွာ သို့  သွားနိုင် ကြောင်း ၊ ထို ရွာ သည် တိုး မြစ် ကမ်း ဘေးတွင် တည် ရှိသည့်  အတွက် လှိုင်းလေ ဒါဏ် ကို ပို မို ခံစားရ ကြောင်း ၊ လူအသေအပျောက် များလဲ များပြားကြောင်း မိန်ကြားလာ ပါ သည် ။ ထို သို ကြားလာရတော့  မိမိတို့ အဖွဲ့ သား အချင်းချင်း မျက်စ ပစ် ကာတယောက် နှင့်  တယောက် နောက် တခေါက်အတွက် ဘယ် လို သဘောရ ကြ လဲ ဟု အဓိ ပ္ပါယ် ပါသောအကြည့် တွေ နှင့်  ပေါ့ ….။

ခဏ အကြာမှပဲ မိမိနှင့်  နောက် တယောက် မှ ဆရာတော့ ကို ကတိပေး လိုက်ပြန် ပါ တယ်… တပည့်  တော် တို ဒီရက် ပိုင်း အတွင်း သုံးခွ ရွာ ကို သွားရောက်လှူဒါန်းနိုင် အောင်ကြိုးစား ပါ့ မယ် ဘုရား…..။ ထို သ့ို ကတိ ပေးအပြီးမှာ ပဲဆရာတော် ကို ဦး ချ ပြီး အပြန် မိုးအရမ်းချုပ် နေမှာစိုးသဖြင့်  ပြန်ခဲ့ကြ ပါတယ် …။ အပြန်ခရီး မှာ ကွမ်းခြံကုန်း မြို့  က ထွက်တော့ ည (၇း၃၀) ရှိပေ ပြီ..။ တနေကုန်ပင် ပန်း နေပြီ့း ကားပေါ်တွင် ပစ္စည်းများလဲ မရှိတော့ သဖြင့်  နေရာချောင် သွားသောကြောင့်  မိမိတို့ အဖွဲ့ သားတော် တော်များများမှာ တယောက် နှင့်  တယောက် စကား မပြောနိုင် ကြတော့ ပဲ ငိုက် မြည်း လာကြရာ ရန်ကုန်သားသည် လဲ ည(၁၀း၃၀) ရန်ကုန်ပြန် ရောက်လို့  အိမ်ရှေ့  ကားရောက် မှ အိပ်ပျော်သွားရာ မှနိုးလာ ပါတော့  သည်…။

( အပိုင်း ( ၆) အားဆက် လက် ဖတ်ရှု့  ပါ ရန်…)

Monday 16 June 2008

ပြည် တွင်း ဘလော့  ဂါ များအား သတိပေး ခြင်း..........

ပြည် တွင်း ဘလော့  ဂါ များအနေ နှင့်  ယခုရက် ပိုင်း အတွင်း အထူးသတိ ထားကြရန် သတိ ပေးလို ပါ သည် ..။ဖမ်းဆီး ထိမ်းသိမ်းခံ နေရ သော ပြည် တွင်း ဘလော့  ဂါ တဦး ဖြစ် သည့်  ကိုနေဘုန်းလတ် ကို ယခုရက် ပိုင်း အတွင်း ပြန် လည် စစ် ဆေး ခဲ့ကြောင်း စစ် ဆေးရာ တွင် ပြည် တွင်း ဘလော့  ဂါ များနှင့်  အဓိ က ထား၍ မေး မြန်း ခဲ့ ပါ သည်...။ထို့  ကြောင့်  နအ ဖ အနေ နှ င့်  ပြည် တွင်း မှနေ ၍ အင် တာနက် စာမျက် နှာ များပေါ်တွင် နအဖအား ထိုးစစ် ဆင် နေ သော ဘလော့  ဂါ များကို
ခြေ ရာ ခံ၍ ဖမ်းဆီး မှု့  များအရှိန် အဟုန် မြင့်  ၍လုပ် ဆောင် လာ နိုင် ပါသည် ။ ထို ကြောင့်  ပြည် တွင်း ဘလော့ ဂါ များအနေ နှင့်  သိုသိုသိပ်သိပ် နှင့်  လုပ်ဆောင် သွားကြရန် အထူးတိုက် တွန်း သတိပေးလိုက် ပါသည် ။

မွေးနေ့ အမှတ်တရ...

Friday 13 June 2008

Tuesday 10 June 2008

ဒေးဒရဲ မှ အပြန်...........


ဒေးဒရေး(ကျုံမှော်ရွာ) မှစာသင်ကျောင်းတဲ့ဗျ
နေရာသာကျန်လိုက်တယ်။
ဒါပေမယ် နအဖတွေကတော့ ဆန္ဒခံယူပွဲကို လုပ်ဖြစ်အောင်လုပ်သွားသေးတယ်။
ကျောင်းသားလေးတွေ (၄၀) လောက်သေတယ်။
ကျောင်းမှာ ကျောင်းသုံးစာအုပ်တွေ မရောက်သေးဘူးတဲ့။
နိုင်ငံတော် အစိုးရကြီးတွေ သွားရောက်ကြည့်ကြပါအုံး


ဒါကတော့ ဒေးဒရေးကားလမ်းမတလျှောက်မှ ပြန်လည်ကယ်ဆယ်ရေးတဲ့ဗျ
အရမ်းကောင်းတဲ့ ကယ်ဆယ်ရေး
ကိုယ့်အိမ်ကိုဆောက် ကိုယ့်ထမင်းကိုရှာစား
သတင်းစာထဲကလိုဘာတဲ့ မြေအုပ်တို့ နေရာမှာ ကျောက်အုပ်တို့ဖြင့် အစားထိုးမယ် (ဟုတ်လား)
အခုကတော့ ပလပ်စတစ်ကိုတောင် အနိုင်နိုင်သုံးနေရတယ်။


ဒေးဒရေး(ကျုံမှော်ရွာ) ကိုစစ်တပ်မှပေးသောဆန်ပါဗျ
မစားရက်လို့ သိမ်းထားတာတဲ့။
...........................................................................................................................................................

ညီငယ် တယောက် ရဲ့  အမြင် နဲ့  သူ့  သဘောထား ပါ..........

Monday 9 June 2008

ပြန် လည် လွတ် မြောက် ခြင်း

နှစ် ပါတ်လည် နေ့  တွင် ဒေါ် အောင် ဆန်းစုကြည် နေ အိမ် ရှေ့  သို့ ချီိတက် ခဲ့ ကြ သဖြင့်  အဖမ်း ခံ ခဲ့  ရ သော လူငယ် 15 ဦးအား မနေ့  ည (၁၀:၀၀ ) လောက် က ပြန် လွှတ် ပေး ခဲ့ ကြောင်း သိရ ပါ သည် ။ ထို လူ ငယ် များအား အင်းစိန် ဂျီတီအိုင် ၀န်း အတွင်း မှ ပြန် လည် လွှတ် ပေး ခဲ့ ခြင်း ဖြစ် ပါသည်။

Sunday 8 June 2008

နာဂစ် ခရီးသည် (စတ္တုထ ပိုင်း )

ပထမ ဆုံး အကြိမ် ဒုက္ခ သည် တွေ ကို ကိုယ်ထိ လက် ရောက် လှူ ခဲ့ ကြတဲ့ အတွက် အပြန် ခရီးမှာ အားလုံးကိုယ်စီ ပီတိတွေ အပြည့်  နှင့်  ပါ ။ ရန်ကုန်သားလဲ မိမိ နဲ့ လိုက် ပါ လာသူတွေ အား နောက် ထပ် ခရီးစဉ် တွေ အတွက် ဆက် လက် စီစဉ် မည် အကြောင်း ပြောဆိုလာသောအခါ အားလုံးက လဲ ဆက်လက် ၍ လုပ်ဆောင် သွားမည့် ဟု ပြောလာကြသည် ။ သို့  နှင့်  ရန်ကုန်အပြန် ကားပေါ် မှာတင် အမာခံ ၆ ဦး နှင့်  အဖွဲ့  တခု ဖွဲ့ နိုင် ခဲ့ သည်..။ ရန်ကုန်သို့  ပြန် ရောက် ချိန် မှာတော့  ည ( ၁၀း ၃၀ ) ခန့်  ရှိပါ ပြီ ။အားလုံး နှုတ်ဆက် ပြီး မိမိ တို့  အိမ်အသီးသီးသို့  ပြန်ခဲ့ ကြ သည် .။
နောက် တနေ့  မနက် မှာတော့  ခရီးစဉ် မှာ ပါဝင် ခဲ့  သူ သူငယ်ချင်း တဦး အိမ်သို့  မင်္ဂလာ သတင်းတခု နှင့်  အတူ ရောက်ချ လာသည်..။ ထိုသူငယ်ချင်း ၏ အိမ်နီးချင်း တဦးမှ နောက် ထပ် အလှူခရီးစဉ် အတွက် မတည် အလှူ ငွေ ဆယ်သိန်း ခန့်  ထဲ့ ၀င် မည့်  အကြောင်း ပြောလာ ၏ ။ ၀မ်းသာလိုက် သည့်ဖြစ်ခြင်း…ဤငွေ ပမာဏ သည် အတော်အတန် တော့  ထိရောက်လိမ့် မည် ဟု မျှော်လင့်  မိ သည် ။ သို့  နှင့်  အဖွဲ့  တွင် ပါ ၀င်သူများ အား လိုက်လံ အကြောင်း ကြားလိုက် တော့  အားလုံး က ၀မ်းသာကြသည် ..။ အလှူငွေများလည်း ရနိုင်သလောက် ထပ် မံ ကောက် ခံထားကြရန် ပြောထားလိုက် သည် ။ ခရီးထွက် မည့် နေ့ ကိုတော့  (၈ ) ရက် နေ့  သက် မှတ် လိုက် သည် ။ ကားဌား ဖို့  အတွက် ပါ စီစဉ်လိုက် သည်..။ အချိန် ရ သည့်  အတွက် ပထမ အခေါက် က ကဲ့ သို့ ကသီလင်တ မဖြစ် တော့  ….။ ကျန်သည် အဖွဲ့ ဝင် များ မှာ လဲ အချို့  ကိစ္စ များတွင် အားကိုးရ သည့်  အနေအထားရောက်လာ သည် ။ ထိုနေ့  အိပ်ယာ ၀င် ချိန် မှာတော့  ပြည်ပ သတင်းဌာန များမှ ထုပ်လွှင့် ချက် များကို နားစွင့်  မိသည့်  အခါ မုန်တိုင်းကြောင့် ပျက် စီး မှု့  ပမာဏ မှာ လွန်စွားကြီးမား ကြောင်းသိရ သည့် အခါ မှာတော့  စိတ်မကောင်းခြင်း များစွာ နှင့်  အတူ အခြားမြို့  နယ် များ ကို သွားရောက် ကူညီနိုင် ရန် ဆုံးဖြတ်ချက် ချလိုက် သည်…။ နောက် တနေ့ မနက် စောစော တွင် ရန်ကုန်နှင့်  နီးစပ် ပြီးသွားလာရ လွယ်ကူသော တညင်ကျောက်တန်း ဘက် သို့  ထွက် ခဲ့ သည်..။ ကျောက်တန်းမြို့နယ်အ၀င် မှာလဲ ယခင် ရောက် ခဲ့ သည့်  အခါ များနှင့်  မတူတော့  အဆောက် အုံတော်တော်များများပျက် စီးကုန် သည် အားကစား ခန်းမ ကြီးသည် မြေတွင် ပြားပြား ၀ပ် သွားသည်..။ ကျောက် တန်းမြို့  နယ် ကျေးရွာတော်တော်များများပျက် စီး ပြီး လူအသေ အပျောက် များရှိသည် ဟု လဲ ကြားသိ ခဲ့ ရ သည် …။
ဒီလိုနှင့်  ကျောက် တန်း မြို့  ထဲ သို့  လှည့်  လည် ကြည့်  ရှု့  ခဲ့ ရာ တွင် ဒုက္ခသည် စခန်း များ ရွှေ မှော် ၀န်း ၊ သာသနာ့ ဗိမ္မာန် ၊ အထက် တန်းကျောင်း စသည့် နေရာ များတွင် တွေ့  ခဲ့ ရ သည် ။ မြို လယ်ရှိ သာသနာ့  ဗိမ္မာန် တွင်း ဒုက္ခ သည် များနေထိုင် ကြပုံ ကို ၀င်ရောက် ကြည့်  ရှု့  ခဲ့ အခါ လွန်စွာစိတ် ပျက် မိ သည် ။ ဒုက္ခသည် များ မှာတွေ့ ရာ နေရာ များတွင် လဲ လျှောင်း နေကြရ ပြီး တမံ သလင်းပေါ်တွင် အခင်းမရှိပဲ နေကြရ သည် ။ ထိုသူတို့  ၏ အ၀တ်အစား များ မှာ နှုန်း ရေ ၊ ရွံ့  ရေ လှိုင်းတံပိုးများ ကြားမှာ အသက် လု ခဲ့ ရ စဉ် ထဲ က ၀တ်ဆင် ခဲ့ ကြသည့်  အတွက် မာဂေါက်ဂက် ကြီး များဖြစ် ကာ အောက်သိုးသိုးအနံ များထွက် နေသည် ။ ယောင်္ကျား သားများမှာ များသောအား ဖြင့်  အကျီ င်္ မရှိကြ .. အသက် အရွယ်ကြီးရင့်  သော အဖိုးအဖွား များ မှာ လဲ အသက် ဘေးမှလွတ်ခဲ့ သော် လည်း အငတ်ဘေးကို ဆက် လက် ခံစားနေရ သည့်  အတွက် အချိန်တိုင်းနီး ပါး ကယ် ဆယ် မည့်  သူ များကို ငံလင့် နေသည် မှာ သိ သာ လှပါ သည်။ ကျနော်သည် မနေသာတော့  ပါ အိပ်ထဲတွင် ပါ လာသော ပိုက်ဆံကို စစ်ကြည့် လိုက် သည်…။ စုစု ပေါင်း တစ်သောင်းကျော်ခန့်  ရှိ ရာာ ဘိုးဘွားများအား…တဦးလျှင် တစ်ထောင် ကျပ် နှုံး ဖြင့်  တဦးခြင်းလိုက် လံ လှုဒါန်း ခဲ့ ပါ သည်..။ ဤ သို့  လှူဒါန်းရင်းဖြင့်  လဲ စိတ်သွားတိုင်းကိုယ်မပါ နိုင်သော မိမိ၏ အနေအထားကို လဲ အားမလို အားမရ ဖြစ်မိသည် ။ ကျောက်တန်းမြို့ သို့ မိမိ မရောက်ခင် အချိန် ကလေး က မှ နိုင်ငံတော် အကြီးအကဲ တယောက် ရဟတ်ယဉ် ဖြင့် သက် စွန့်ဆံ ဖျား လာရောက် ပြီး ( 20 – liter ) ၀င် ရေသန့်  ဘူး ၆ ဘူးလာရောက် လှူဒါန်း သွားသည့်  အတွက် မိမိ အနေ ဖြင့် စာလျှင်………။
သို့ လော သို့ လော အတွေးများဖြင့်  ကျောက် တန်းမြို့  မှ ပြန် လည် ထွက် ခွာ လာ ခဲ့ ပါတော့  သည်……။ (အပိုင်း -၅ အားဆက်လက်ဖတ်ရှု့ ပါ ရန်…)

Thursday 5 June 2008

နာဂစ်ကြောင့် ..ခံစားနေရ သူတွေ နဲ့ ..စံစား နေရ သူတွေ...

ရသမျှ သစ် ၊ ၀ါးအတို အစလေးတွေ နဲ့ ပဲ ဖြစ် သလို ပြန်ဆောက် ရ တာ ပဲ ...ဗျ




အရင် တို့  တွေ ဒီ အချိန် ဆို ကျောင်းတက် နေရ ပြီ နော် ......................

ရှေ့  ကို ဘာဆက် လုပ် ရ ပါ့  မလဲ...........
ဘာကို မှ မတွေး ချင် တော့  ဘူး.........

အခု လို ကူညီ တာ နိုင် ငံတကာ ကို ကျေးဇူး တင် ပါ တယ်........ တကယ် ပါ.....
ပစ္စည်းတွေ က တော့  လိုလို သေး မရှိအောင် ပါ ပဲ...........
ကယ်ဆယ် ရေးလုပ်ရ တာ ထင် သလောက် မခက် ပါ ဘူး............

( ဒါကြီး ကိုတော့  စစ်တပ် ထဲ ပြန် ရင် သယ် သွားရ မှဆိုတော့  သေသေချာချာဂရု စိုက် ရ တယ်..ဗျ )

ယ­­­­ခု ပုံ များကို ကြည့်  ပါ နာဂစ် မုန်တိုင်း ဒါဏ် ခံ ခဲ့ ရ သော ဒုက္ခ သည် များ အတွက် နိုင် ငံ တကာ မှပေး ပို့  လှူဒါန်း ထားသော ကယ် ဆယ် ရေး ပစ္စည်း များကို အမှန် တကယ် အသုံး ပြုနေသူ များက တော့  မြင် ကြ ရ တဲ့ အတိုင်း ပဲ ဖြစ် ပါ တယ် …။ ပထမ တော့  ခိုး ရောင်း တယ် …နောက်ခိုးရောင်း လို့  မရ တော့  ..ဒုက္ခ သည် တွေ ကို ဝေ ဌ မပေး ပဲ ကိုယ် တိုင် သုံး စွဲ ပြီ ဇိမ် ယစ် နေ ကြ တယ်..။ ဘယ် မှာ လဲ ကယ် ဆယ် ရေးတွေ လုပ် နေ ပါ တယ် ဆို တာ …။ အင်္ကျီ ပူ တိုက် ကော့ ကော့  လေး နဲ့  နိုင် ငံ တကာ က ပေး တဲ့  ရွက် ဖျင် တဲ.. ထဲ မှာ …မိုးအေးအေး နဲ့  TV လေး ကြည့်  ပြီး ဟန် ကျနေ ကြတာ ..။ သူတို့ စစ် တန်းလျား မှာတောင် အခု လိုမနေ ကြရ ဘူး ….။

သူတို့  ပါတ် ၀န်း ကျင် မှာ ဒုက္ခ ရောက် လို့  လာရောက် မှီခိုနေ တဲ့  သူတွေ ကိုတော့  အိမ်တော် ပါ ကျေးကျွန် တွေ များ မှတ် နေ လား မသိ … အ၀တ် လျှော် ခိုင်း ရ တာ နဲ့  ချိုး ဖို့  ရေ ခပ် ခိုင်း ရ တာ နဲ့ ….။ ရွက် ဖျင် တဲ တွေ ထိုးထားပေ မယ့်  ဒုက္ခ သည် တွေ အတွက် မဟုတ် ဘူး…..။ လူကြီး လာတော့ မယ် ..နိုင် ငံတကာ က အဖွဲ့  အစည်းတွေ လာ တော့  မယ် ဆို တော့  မှ ကြို တင် စီစဉ် ထား တဲ့ အတိုင်း သူတို့  နဲ့  ပလဲ နံ ပ သင့်  တ့ဲ သူတွေ ဆွဲ ရွက် ဖျင် တဲ ထဲ ဆွဲ ထဲ့ ပြီး ..။ သူတို့ သင် ထား တဲ့ အတိုင်း ပြောကြရ တယ် …။ ဒီ ပုံတွေ ကို ကြည့်  ငြင်း ချင် ကြသေး လား…။

နိုင် ငံ တကာ က မျှော် လင့်  ထား တာ နဲ့  တခြား ဖြစ် နေ တယ်…။တကယ် ဒုက္ခ ရောက် တဲ့ သူတွေ ပေး တဲ့ ကယ် ဆယ် ရေး ပစ္စည်းတွေ ဟာ… စစ် တပ် အတွက် တကယ့်  အသုံး ၀င် တဲ့  ပစ္စည်းတွေ ဖြစ် နေ တယ်…။ နအဖ ကို စစ် အသုံး အဆောင် ပစ္စည်းတွေ ပံ့ ပိုး ပေး သလို ဖြစ် နေတယ် …။ အမှန် တကယ် လေဘေး ဒါဏ် ခံ ခဲ့ ရ တဲ့ သူတွေ ကို လဲ ဘ၀ အမှန် တွေ ကို နိုင် ငံ တကာ က မြင် တွေ နိုင် အောင် ဖော် ပြလိုက် ပါ တယ် ….ကျောချ စရာ တနေ ရာ အတွက်မိမိ ဘာသာ ကြံ ဖန်ပြီး နေ ကြ ရ တာပါ ….။ အခု လဲ အဲဒီ နေ ရာတွေမှာ မနေ ကြရ တော့  ပါ ဘူး…။ နှင် လွတ် နေ ပါ ပြီ ..။ သုံးရက် အတွင် အပြီး ဖယ် ပေး ရ တော့  မှာပါ…။ အဲ ဒီ တော့  ကျနော် ပြောပါ ရစေတော ….။

ကျနော် တို့  အမြင် မှာ နိုင် ငံ တကာ က တစ် ရာ ဖိုး ပေး လို့  ဒုက္ခ သည် တွေလက် ထဲ တစ်ဆယ် ဖိုးရောက် ရင် တော် ပါ ပြီ လို့  သဘော ထား ပြီး ကြည့်  နေ တာ …။အခု တော့ ဒုက္ခ သည် တွေ လက် ထဲ ဘာတခု မှရောက် မလာ တဲ့  အတွက် နိုင် ငံ တကာ အနေ နဲ့ နောက် ထပ် ကယ် ဆယ် ရေး နဲ့ပါတ် သက် ပြီး ဘာ မှ မပို့  ပါ နဲ့ တော့  ..။ ပို့ သမျှ ပစ္စည်း မှန် သ မျှ ဟာ စစ် တပ် ကို ထောက် ပံ့ သလို ဖြစ် နေ ပါ ပြီ…။ဒါ တွေ ကို အသုံး ပြု ပြီး … ကျနော် တို့  ပြည် သူတွေ ကို နှိပ် စက် သ မှု့  ပြုနေကြ ဦး မှာ ပါ ….အမှန် တကယ် ပေး ပို့  ကူ ညီ ချင် ကြမယ် ဆို ရင် တော့  ကိုယ် တိုင် ဒုက္ခ သည် တွေရဲ့ လက် ထဲ ရောက် မည့်  နည်းလမ်း များ ရှာ ကြံ ပြီး ကူညီ ပေး ပို့  ကြပါ လို့  တိုက် တွန်း လိုက် ပါ ရ စေ……….။

(ကျနော့  ရဲ့ ယခု ပို့  စ် ကို လဲ ဘာသာ ပြန် ပြီး ဘလော့  အသီး သီး မှာ ဖော် ပြပေးကြပါ ၊ နိုင်ငံတကာ က သိ အောင် တင် ပြကြပါ လို့  ဘလော့ ညီ အကို မောင် နှမ များကို အနူးအညွတ် တောင်း ပန် ပါ တယ်…။) ( ဓါတ်ပုံ ပေးပို့ လာသော ..တာဝန် သိ ညီအကို တဦးအားကျေးဇူး တင် ရှိပါ သည်...။

Wednesday 4 June 2008

ပင် လယ် ကို အန် တု မည့် ဒုက္ခ သည် အဘိုးအို တဦး....




မုန်တိုင်း တိုက် ခတ် ပြီးသည် မှာ တစ်လ ကြာ ခဲ့ပါ ပြီ..။ ဝေလံ ပြီး ..ရေလမ်း ခရီး ဖြင့်  သာ ..သွားရောက် နိုင် သော.. ပင် လယ် ကမ်း ခြေ ရှိ ..တံ ငါ ရွာ များ..တွင် ..အကူ အညီ များ…အရေး တကြီးလို အပ် …လျှက်ရှိနေ ပါ သည်..။ ကယ် ဆယ် ရေး ပစ္စ ည်း များ ယ နေ့ အချိန် ထိ ရောက် ရှိ မလာသေး .. ပါ ပြည် သူ အလှူ ရှင် များ က လဲ ယခု လိုဝေးလံ ပြီး …ရေ လမ်း ခရီး သာ ပေါက် သော ဒေ သ များသို့  လာ ရောက် လှူ ဒါန်း နိုင် ခြင်း မရှိ ပါ…။ အချို့  အရဲ စွန် ၍ သွား ရောက် လှူ ဒါန်း သူ အနည်း ငယ် သာ လာ ရောက် ကြ သည် ဟု ဆို ပါ သည်…။

ပုံ တွင် ပါ ရှိသည့်  အဘိုး အို တဦး ၏ ပုံ မှာ ရေ ထဲ မှ မြော ပါ လာ သော …ပိုက် ကွန် ကို ပြန် လည် ဆက် စပ် ပြီး ဖာ ထေး နေ သည့်  ပုံ ဖြစ် ပါ သည် ….။ ထို အဘိုး အို ၏ သား ဖြစ် သူ မှာ ပင် လယ် ထဲ သို့  သွားရောက် ငါး ဖမ်း ရင်း ..မုန် တိုင်း ကြား တွင် အသက် ဆုံး ရှုံး ခ့ဲ သည့်  အတွက် အဘိုး အို ၏ ဘ၀ ရပ် တည် နိုင် ရေး အတွက် ထို အဘိုး အို ကိုယ် တိုင် ပင် လယ် သို့  ထွက် ပြီး ငါး ဖမ်းရန် ပြင် ဆင် နေ ခြင်း ဖြစ် ပါ သည်…။

ယခု ကာ လ သည် ပင် လယ် ပြင် တွင် မိုးသက် မုန် တိုင်း များ မကြာခဏ ကျရောက် နေ သည့်  အတွက် ထို အဘိုးအို သည် လဲ အချိန်မရွေး အသက် ဆုံး ရှုံး နိုင် ပါ သည် …။

ထို့  ကြောင့်  အစိုး ရ ၏ မျက် ကွယ် ပြု ခြင်း ခံ ထားရ သော ..ပင် လယ် ကမ်း ခြေ တံ ငါ ရွာ များသို့  ပြည် သူ့  အလှူ ရှင် များ မှ အရောက် သွား ပြီး ကယ် ဆယ် ကြ ပါ ရန် တိုက် တွန်း လိုက် ရ ပါ သည် …။