Sunday 24 August 2008

ယနေ့  သတင်းစာ ပါ ဂန်ဘာရီ ခရီးစဉ် နှင့်  သတင်းစာရှင်းလင်းပွဲ..


မစ္စတာဂန်ဘာရီ ၏ ယခုတခေါက်ခရီးစဉ်အတွင်း သြဂုတ် ၂၀ ရက်အစီစဉ်တွင် နံနံက် ၁၀ နာရီ၌ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံရန်စီစဉ်ထားပြီးဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှတွေ့ ဆုံရန်ငြင်းပယ်ခဲ့ သည် ။ ထိုကြောင့် မစ္စတာဂန်ဘာရီက ကိုယ်တိုင်စာရေးသားပြီး တာဝန်ရှိသူများမှတဆင့်  ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့  ပြီးတွေ့ ဆုံရန်ကြိုးပန်းခဲ့ သည် ။သိုသော်ဒေါ်အောင်ဆန်းစုကြည် မှ၎င်းစာကိုလက်မခံပဲ တုံပြန်မှု့ မရှိသည်အတွက် တာဝန်ရှိသူများမှနံနက် ၁၀ နာရီခွဲ မှ ၁၁နာရီ မိနစ်၄၀ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အနောက်ဖက် အုတ်တံတိုင်းမှ လက်ကိုင်အသံချဲ့ စက်ဖြင့်  မစ္စတာ ဂန်ဘာရီ မှ စာပေးလိုကြောင်း နှင့် လက်မခံနိုင်ပါက ခြံဝတွင် စာကပ်ထား မည့် အကြောင်းထပ်မံအကြောင်းကြားခဲ့ ပြီး ၂ နာရီ မိနစ် ၄၀ တွင် မစ္စတာဂန်ဘာရီ၏ စာအားကပ်ထားခဲ့ ကြောင်းသိရသည် ။ ထိုနေ့ တွင်မစ္စတာဂန်ဘာရီ အနေဖြင့်  ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့  ဆုံနိုင်ရန်အမျိုးမျိုးကြိုးသား ခဲ့ သည် ။

သိုသော် မစ္စတာဂန်ဘာရီ မှ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံနိုင်ရန်ထပ်မံကြိုးစား လိုကြောင်း တင်ပြလာသဖြင့်  သြဂုတ် ၂၂ ရက်နေ့  နံနံက် ၇ နာရီမိနစ် ၅၀ တွင် မစ္စတာ ဂန်ဘာရီ၏ အဖွဲ့ ဝင်နှစ်ဦး ဖြစ်သည့် Mr. Erwan Pouchous နှင့်  Ms. Hua Jiang တို့  သည် နိုင်ငံခြားရေးဝန်ကြီးဌာန မှ တာ)န်ရှိသူများနှင့်  အတူ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့  သွားရောက်ခဲ့ သည် နံနက် ၈ နာရီ မှ ၈နာရီ ၂၅ မိနစ်အထိ ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်ခြံဝန်းရှေ့  မှနေ၍ လက်ကိုင်အသံချဲ့ စက်ဖြင့်  ကိုယ်စားလှယ်နှစ်ဦးအားလာရောက်တွေ့  ဆုံ ပါရန် အော်ဟစ်၍ ဆက်သွယ်ခဲ့ ပါသော်လည်း တုံပြန် မှု့  မရခဲ့ရှိခဲ့ ကြောင်းသိရ သည် ။

မစ္စတာဂန်ဘာရီသည် ဒေါ်အောင်ဆန်းစုကြည်နှင့်  တွေ့  ခွင့် မရခဲ့သဖြင့်  NLD ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ နှင့်  ထပ်မံ တွေ့  ဆုံခွင့် တောင်ခံ ခဲ့ သောကြောင့်ထပ်မံ စီစဉ်ပေး ခဲ့သည် ဟု ယနေ့ထုတ် စစ်အစိုးရ ၏ သတင်းစာများတွင် ရေးသားဖော်ပြခဲ့ သည် ။

…………………………………………………………………………………………………………….

မစ္စတာဂန်ဘာရီ ၏ ကယောင်ခြောက်ခြား ရှင်းလင်းချက်

မစ္စတာဂန်ဘာရီ မှ ယခုခရီးစဉ်အတွင်း လိုလိုသေး မရှိအောင် စီစဉ်ဆောင်ရွက်ပေးခဲ့ ပြီး ဧည့် ဝတ် ကျေပွန်ခဲ့သော မြန်မာ အစိုးရ အားကျေးဇူးတင်ပါကြောင်း ၊ မိမိ ခရီးစဉ်သည် ကုလသမဂ္ဂ အဖွဲ့ စည် များနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းများမှ မြန်မာနိုင်ငံအပေါ်ထားရှိသည့် သဘောထားကို ထင်ဟပ်ပြ သ ရာ ရောက် ပါကြောင်း ၊ မိမိနှင့်  ဒေါ်အောင်ဆန်းစုကြည်တို့  တွေ့  ဆုံနိုင်ရန် အတွက်ကူညီကြိုးစားပေးခဲ့ သော နိုင်ငံတော် အစိုးရ အားကျေးဇူးတင်ပါကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်  တွေ့  ခွင့်  မရသည့်  အတွက် စိတ် မကောင်းဖြစ်ရပါကြောင်း ၊ ဤသို့  ဖြစ်ရသည် မှာ မြန်မာအစိုးရကြောင့် ရော ၊ မိမိကြောင့်  ပါ မဟုတ်ရပါကြောင်း၊ မိမိတို့  ကြားတွင် သဘောတိုက်ဆိုင်မှု့  များ ၊ မတိုက် ဆိုင် မှု့  များ ရှိနေမည် ဖြစ် သော် လည်း နှစ်ဘက်ကြားတွင် အဆင်ပြေစွာ ပူးပေါင်းဆောင်ရွက်နိုင်မည့်  နည်းလမ်းများကို ရှာဖွေ ပြီး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ မြန်မာ အစိုးရ အလိုရှိသည့် အချိန် တွင် မိမိလာရောက်ရန် အသင့်  ရှိနေကြောင်း စသည်စသည်..တို့  ကို ရောချသွားပါသည်..။

………………………………………………………………………………………………………

ကျော်ဆန်း ရဲ့ အတို့ အထောင် .

ကျနော်တို့  မြန်မာ နိုင်ငံ အစိုးရ အဖွဲ့ နဲ့ အဆွေတော် ( ဂန်ဘာရီ )ဟာ ယခင်သုံးကြိမ်မြောက် တွေ့  ဆုံ ခဲ့ ပြီးယခုအကြိမ်သည် လေးကြိမ်မြောက် ဖြစ်သောကြောင့် ရင်နှီးပွင့် လင်း ခင်မင်စွာဆွေးနွေးတိုင်ပင် အမြင်ခြင်းဖလှယ်ခဲ့ ကြပြီးသည့်  အတွက်တယောက် သဘောကို တယောက် နားလည် ပြီး တကယ့်  မိတ်ရင်းဆွေချာ ဖြစ်နေပါပြီ ။ ဒါကြောင့်  ယခုစတ္ထုထ အကြိမ်တွေ့ ဆုံ မှု့  မှာလည်း ယခင် တွေ့ ဆုံ မှု့  များထက် ပိုမိုခင်မင်ရင်းနှီးပွင့်  လင်းစွာနဲ့ အမြင်ခြင်းဖလှယ် ပြီး အကျိုးရလဒ်ကောင်းတွေ ဆောင်ကကြည်းပေးနိုင်လိမ့်  မယ်လို့  ယုံကြည် မျှော်လင့် မိပါတယ်

……..အဆင့်  လေးဖြစ်တဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြုမယ့်  ဆန္ဒခံယူပွဲ မှာလဲနိုင်ငံတကာစံနှုန်းများနှင့်  အညီ စနစ်တကျဆောင်ရွက်ခဲ့ ပြီးဖြစ်ပါတယ် ။ ဆန္ဒခံယူပွဲမှာပြည်သူလူထုက အတည်ပြုလိုက်ခြင်းဟာ ရှေ့ ဆက်ပြုလုပ်မယ့် မူဝါဒလမ်းစဉ် (၇) ရပ် ကို ဆက်လက် ဆောင်ရွက် သွားရန်အတွက် ကိုလည်း အတည် ပြုလိုက် ခြင်း ဖြစ်ပါတယ် ။ဒါကြောင့်  ယနေ့  အခါ မှာမူဝါဒလမ်းစဉ် (၇) ရပ် ရဲ့ ကျန်အဆင့်  (၅) (၆)(၇) တို့ ကို လည်း အောင်မြင်ပြီးမြောက် အောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ။. အဆင့်  (၅ )ဖြစ်တဲ့ ပါတီစံဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲ ဆောင်ရွက်ရာမှာလဲ အားလုံးပါဝင်ခွင့်  ရအောင် ဒီမိုကရေစီ နည်းလမ်းတကျဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ။ ဒါဟာ အဆွေတော်ပြောတဲ့ အားလုံးပါဝင်ခွင့် ရအောင် ဆောင်ရွက်ပေးမယ့့် အစီစဉ် ပဲ ဖြစ်ပါတယ် တဲ့.။

( လူပုသလောက် ပလီတီးချောက်ချက် ပြောတတ်တဲ့ ကျော်ဆန်း ရဲ့ ဂန်ဘာရီးအား နှပ်ချ ပုံ.)

…………………………………………………………………………………………………………….

ရန်ကုန်သားရဲ့  အမြင်…….

၁။ ကိုယ်စားလှယ်တော်ကြီး နှစ်ယောက် နှင့်  စစ်အစိုးရ ဖက် မှ တာဝန်ရှိသူများသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ် ရှေ့ ၊ နောက် တို့  မှာ လက်ကိုင် အသံ ချဲ့ စက် ဖြင့်  အလှုခံ လာ သလို အော်မခေါ် သင့်  …….. အမှန်တကယ် ဖြစ် သင့်  သည် မှာ ဒေါ်အောင် ဆန်းစုကြည် နေအိမ် ခြံဝန်း ပါတ်ပါတ် လည် မှ ခွေးတိုးပေါက် တို့  ကို ရှာ သင့်  သည် ။ တွေ့ ရှိပါက ထို ခွေးတို့  ပေါက် မှတဆင့်  လေးဘက်ထောက် တိုးဝင် ကာ အတွင်းသို့  ၀င်ရောက် ပြီး တွေ့  ဆုံ ပါရန် အသနားခံ သင့်  သည်

၂။ ကုလသမဂ္ဂ တာဝန်ရှိသူများမှ လဲ မြန်မာနိုင်ငံရေး ကြားဝင် ဆောင်ရွက်ရန်အတွက် မစ္စတာ ဂန်ဘာရီ လို နုံအအ လူမျိုးကို မြန်မာနိုင်ငံ သို့  မလွှတ်သင့်  ။ လည်သူစား စနစ်ကြီးစိုးနေသော မြန်မာနိုင်ငံလို နေရာ မျိုး တွင် ဂန်ဘာရီလို လူရောက်လာသော အခါ နောက်ဆုံး မှာ ဆူးလေလမ်း က ပလီ တက်ပြီး ဆုတောင်းတာ ပဲ ရှိမည် ။ ဤ သို့ တက်ရောက် ဆုတောင်းခြင်း မှာ နအဖ ခေါင်းဆောင် များ သူ့ အပေါ်တွင် စိတ်မကွက် စေရန်ဖြစ်သည် ။ မှာလိုက်တာတမျိုး - လုပ်လာတာ တမျိုး နှင့် ဆိုသောအခါ နောက်ထပ်လာခဲ့ သည် ရှိသော် လေကြောင်း ကုမ္မဏီ များကို လုပ်ကျွေးသလိုဖြစ်နေမည်

၃။ ကျော်ဆန်းပြောတဲ့ ဆန္ဒခံ ယူပွဲအားနိုင်ငံ တကာစံနှုန်း နှင့်  အညီ ဆောင်ရွက် ခဲ့သည်ဟုဆိုသော်ရန်ကုန်သား တခုလောက်သိချင်ပါ သည် ။ နိုင်ငံတကာ ဆန္ဒခံ ယူပွဲ သတ်မှတ်ချက် စံနှုန်းများတွင် မဲဆန္ဒ ပေးရာ ၌ (၁ ) မိမိမဲဆန္ဒ အားလူကြုံပေး၍ ရ ၊မရ ( ၂ ) ဆန္ဒမဲပေးရန် အိမ်ထောင်စုစာရင်း လိုက်လံကောက်ခံ ပြီးနောက် မိသားစုစာရင်း ပြန်လည် ထုပ်ပြန်ရာ တွင် အမှန်တကယ်ရှိသော မိသားစု ၀င် များသာမက ပဲ စစ်တပ်မှ (ဥပမာ- တကက အောင်သန်း ) စသည့် အမည် မျိုး လူပိုလူလျှံ များပါလာ၍ ရ ၊ မရ ။ ( ၃ ) ဌာနဆိုင်ရာ များ ရှိဝန်ထမ်းများအား နေထိုင်သော ရပ်ကွပ် တွင်း မဲမပေးစေပဲ သက်ဆိုင်ရာ အကြီးအကဲ များမှ ထုတ်ပေးသော အမှန်ခြစ်ပြီးသား မဲလက်မှတ်များတွင် လက်မှတ် ထိုးစေ ခြင်းမျိုး ရ ၊ မရ ။ ( ၄ )ရပ်ကွပ်များအတွင်း ရှိလမ်းလူကြီးများ မှ တအိမ်တဆင့်  လိုက်လံ၍ ချော့ တခါ ၊ ခြောက်တလှည့်  အေးဓါးပြ တိုက်ပြီး အမှန်ခြစ်ခိုင်းခြင်းမျိုး ရ ၊ မရ ။ ( ၅ ) နာဂစ် မုန်တိုင်း သင့်  ဒုက္ခ သည် များအား အမှန် ခြစ်ပါ မှ ဆန်ပေးမည် ၊ နေစရာ ပေးမည်ဆို ပြီး အတင်း အဓမ္မ အမှန်ခြစ်ခိုင်းခြင်း မျိုးရ ၊ မရ ။ ( ၆ ) မုန်တိုင်းသင့် ဒေသ ရှိကျေးရွာ အများစု သည် မဲဆန္ဒ ပေး ပွဲ အား ထိုသူတို့  ကိုယ်တိုင် မသိလိုက်ပဲ ရာနှုန်း ပြည့်  ထောက်ခံ လိုက် ပါသည် ဆိုကာ ကြေငြာ ခြင်းမျိုး ပြုလုပ်၍ ရ ၊ မရ ……စသည်တို့  သည် နိုင်ငံတကာ စံ နှုန်းသတ်မှတ်ချက် များတွင် ပါဝင် ပါသလား ဆို တာကို ရန်ကုန်သား သိချင်ပါသည်

Saturday 23 August 2008

အမြန်ပြန်လုပ်ပေးပါ

Sunday 10 August 2008

သခင် ဖိုးလှကြီး ( ဒုတိယ ပိုင်း )

ဖိုးလှကြီး သည် တုန်လှုပ်ခြင်းကင်းမဲ့  စွာ ဖြင့်  လက်ဝှေ့ ထိုးသတ်ရာ စည်းဝိုင်းအတွင်း သို့  ၀င်လာသောကြောင့်  ကြည့် နေသူအားလုံး ပထမတွင်အံအား သင့် သွား ကြပြီး နောက်ပိုင်းမှတော့  အားလုံးနီးပါး ဖိုးလှကြီး ကို လက်ခုပ်လက်ဝါးတီး၍ အားပေးကြလေသည် ။ အရာရှိဖြစ်သူမှာလဲ လက်အောက်ငယ်သား က စိန်ခေါ်ခံရသည့်  အတွက် ဒေါသတကြီးဖြစ်ကာ အတင်းဝင်ရောက် ထိုးသတ်လေ ရာ ဖိုးလှကြီးမှာ ယခင်ထဲက မုန်းတီးနေသူပီပီ အနိုင်ထိုးသတ်နိုင်ခဲ့ လေသည် ။ သို့  သော် စစ်ဗိုလ် အားလက်ဝှေ့  ထိုးသတ်ခဲ့ မှု့  ကြောင့်  တည လုံး အချုပ် ခံ ခဲ့ ရလေသည် ။
နောက်ထပ်စိတ်ဝင်စားဖွယ် ဖြစ်ရပ်တခု မှာ ရှေ့ တန်း အပြန် အောင်ပွဲခံ ရာ၌ အရာ ရှိ
များ နှင့်  သာမန်စစ်သား များအား ခွဲ ခြားမှု့  နှင့်  ပါတ်သက်၍ ဖိုးလှကြီး မကျေနပ်ရာ မှ စတင် သည် ။ အောင်ပွဲ ခံ ၍ စားကြသောက် ကြရာတွင် အထက် အရာရှိများမှာ ကောင်းပေ့ ညွှန့် ပေ့  ဆို သည့်  အရက်သေစာ များ ၊ ဆိတ်သား ၊ သိုးသား ၊ အမဲ စသည့် အကြော် ၊ အလှော် တို့ ဖြင့်  အရှိများကြီး သီးသန့်  ခွဲ ကာစား သောက် ကြလေ သည် ။ သာမာန် စစ်သည် တို့ မှာ မှု သင့်  တင့်  ရုံ မျှဖြင့်  သာ စားသောက်ကြရ သည် ။ ထိုသည် ကို ဖိုးလှကြီး မှာ မကျေနပ်ချေ ။ မိမိ တို့ စစ်သားများမှာ ရှေ့တန်းစစ်မျက် နှာ ပြင် တွင် ရှေ့  ဆုံးမှ သေခံ တိုက်ခဲ့ ကြရ ပြီး အောင် ပွဲ ခံရာတွင် ဤ သို့  ခွဲခြားဆက်ဆံ ရန်မသင့်  ဟု ယူဆ သည် ။ ထို့ ယူဆချက်ကြောင့်  သာမန်စစ်သား ငယ်များဖက် မှ မခံ မရပ်နိုင် ဖြစ် ကာ အတူတကွ စားသောက်နေကြရင်း စားပွဲပေါ်သို့  ခုန်တက် ကာ “ အရှိတွေ မတရားဘူး တိုက် ပွဲ တိုက် ခဲ့ ကြတုန်းက ငါတို့  က ရှေ့ က နေအသေခံ ပြီးတိုက် ခဲ့ ကြ တယ် ၊ အခုအောင် ပွဲ ခံတော့  သူတို့  က ကောင်းပေ့  ညွှန့် ပေ့  ဆို တဲ့ အစားအသောက် တွေ နဲ့ သီး သန့်  ခွဲ ခြားပြီးစားသောက် ကြ တယ် …ဒါကိုလက် မခံနိုင် ဘူးသူတို့  နဲ့ အတူအရက်သွားသောက် မယ် …သတ္တိရှိတဲ့ သူထွက် ခဲ့ ကြ …” ဟု ဆိုသောအခါ ဘ၀တူတွေ ထဲ မှ ကုလားစစ်သား သုံးယောက် ထွက်လာလေသည် ..။ ထိုသုံးယောက် နှင့်  ပင် အင်္ဂလိပ် အရာ၇ှိများစားသောက် နေကြသော ရွက် ဖြင် တဲကြီးတွင်း သို့  ခပ်တည်တည် ဖြင့်  ၀င် သွားကာ အရက် ခွက် နှင့်  အစားသောက် များကို ယူငင်စား သောက် ကြလေသည် ။
အရာရှိများ မှာပထမ တွင်အံအားသင့်  နေကြ ပြီး ၊ နောက် ပိုင်းတွင် ဆဲ ဆို ကာမောင်းထုတ် လေသည် ။ ဖိုးလှကြီး မှာ ငြိမ်ခံမနေပဲ “ တိုက်ပွဲတိုက် ခဲ့ ကြတာခြင်းအတူတူ ဒီလို ခွဲ ခြားဆက် ဆံလို့  လယ် ရ မဲ ဟု ဆိုကာ စားပွဲ အား ဆွဲ လှန်ပစ်လိုက် လေ သည် ။ နောက်ဆုံးမတော့  ထုံးစံအတိုင်း အချုပ်တွင်းသို့ ရောက် ရှိခဲ့ လေ သည် ။
ဖိုးလှကြီးသည် မက်ဆိုပိုတေးမီးယား စစ်မြေပြင်တွင် သုံးနှစ် ခန့် အမှု့  ထမ်းကာ မြန်မာပြည် သို့  ပြန်လာရာ တွင် စစ်ပြန်များကို အစိုးရ မှနေ၍ စည်းရုးရေးအနေ ဖြင့်  မြေယာများ ကို အခမဲ့ ပေးလေ သည် ။ ထိုအခါ ဖိုးလှကြီးမှာ မြန်မာ့  မြေယာကို မြန်မာ ပိုင် သည် သူတို့  ပေး မှ ရ သည် မဟုတ်ဟု ယူဆ ကာ မြေယာကွက် ကို လက်မခံ ပဲ ရိုးရိုး ရေနံမြေ အလုပ်ကြမ်း သမားဘ၀ ကို ၀င်ရောက်လုပ်ကိုင် လေတော့  သည် ။ ထိုအခါ မြန်မာ့  အလုပ်သမားထု မှာ အရာရှိများက အပန်းဖြေရိပ်သာ ၊ ကား နှင့်  အိမ်အကောင်းစား များ နှင့်  နေကြသော် လဲ အောက် ခြေ အလုပ်သမားများမှာ မိမိတို့  နေပူကျဲကျဲ တွင် တူးဖော် ခဲ့ သော် ရေနံ များကို ညအချိန် မီးခွက် ထွန်းရန်အတွက် ပင် လုံလောက် စွာ မရ သည် ကို ရင်နင့်စွာ မြင်တွေ့ ရ ပြန်လေသည် ။ ဖိုးလှကြီးမှာ အလုပ်သမားများ၏ နင်းပြားဘ၀ ကို ကယ်တင်ရန်ဆုံးဖြတ်ကာ အောက်ခြေ မှ အလုပ်သမားများဘ၀ ကို လဲ လေ့ လာ ၏ ။ အစိုးရ ၏ အုပ်ချုပ်ရေး စနစ် ကို လဲ လေ့  လာ ကာ အခြေနေ အရပ်ရပ် ကို သုံးသပ် ပြီး တော်လှန်ရန်ဆုံးဖြတ်ကာ အလုပ်သမားထု မျက်စိပွင့်  စေရန် ၊ သတ္တိ ရှိစေရန် ၊ သွေးစည်းကြစေရန်အတွက် ကြိုးစားလေတော့  သည် ။
ဤသို့  ဖြင့်  ၁၉၃၈ ခု နှစ် တွင် တနှစ်လျှင် လုပ်ခ မပျက် ခွင့်  ရက် ၃၀ ပေးရန် နှင့်  လိုအပ်သောတောင်းဆိုချက် ( ၁၂ ) ချက် ကို တောင်းဆိုကြသည် ကို အလုပ်ရှင်များ မှ မလိုက် လျှော သဖြင့်  ၁၉၃၈ ခုနှစ် ၊ ဇန်န၀ါရီလ ၊ ၈ ရက် နေ့ ( ၁၂၉၉ ခု နှစ် ၊ ပြာသိုလဆန်း ၈ ရက် ) တွင် ရေနံမြေသပိတ်ကြီး ကိုစတင် မှောက်ကြလေတော့  သည် ။ လုပ်ငန်းများဆောင်ရွက်ရန်အတွက် သခင်လေးမောင် ၊ သခင် မြ ၊ သခင်သင် ၊ သခင် တင် ၊ သခင်အောင်ဖေ ၊ သခင်ခ ၊ သခင်ဘတင် ၊ ဦးဘလှိုင် နှင့်  သခင် ဖိုးလှကြီးတို့  အားရွေး ချယ်လိုက် ကြ သည် ။ ထို့  နောက် သခင် ဖိုးလှကြီးသည် သပိတ်တပ် ကို ရ န်ကုန် သို့  ချီတက် ရ န်အတွက် ဦးဆောင် ခဲ့ လေတော့  သည် ။
( တတိယ ပိုင်း သပိတ်တိုက်ပွဲများကို ဆက်လက် ဖတ်ရှု့  ကြ ပါ ရန်……)