Friday 30 May 2008

နာဂစ် ခရီးသည်..(တတိယ ပိုင်း )

မြင်ရ တဲ့ မြင်ကွင်းက စိတ်မ သက်သာ စရာပါ ကျွဲ ၊ နွား အစရှိ တဲ့  တိရိစ္ဆာန် သေကောင် များ မှာ ကားလမ်း ဘေး တဖက် တချက် မှာ အမှိုက်သရိုက် များ ကြား မှ ယင်မဲကြီး များအုံခဲ ကာအပုတ်နံ့ တွေ လှိုင်ထွက် နေခြင်း ဖြစ် သည်..။ ကျနော်လဲ ထိုမြင်ကွင်း များကို မကြည့် ချင် သဖြင့် ကား ထဲပြန်ဝင်လိုက် ပါ သည်..။ ဒီလိုနဲ့  ပဲ ဘုန်းကြီးကျောင်းဝန်း တခုထဲ ကားမောင်းဝင် လာခဲ့ ပါ တယ်…။ ကျနော်တို့ ကား ရုတ်တရက် မောင်းဝင် လာတော့  ဘုန်းကြီး ကျောင်း ထဲရောက်နေကြသော ဒုက္ခ သည် များမှာ နွမ်းလျှနေသော အသွင် များဖြင့် မိမိတို့ အား စူးစမ်းငေးမော နေကြပါ သည်..။ အတူလိုက် ပါလာသော သူငယ်ချင်း များ မှာ ကား ခေါင်မိုးပေါ် မှနေ၍ အသီးသီး ခုန်ဆင်း နေချိန် မှာ ကျနော် က အနီးနားရှိ ဒုက္ခ သည် တယောက် အား… `ဆရာတော် ရှိလား..ကျနော်တို့  ..ဒီကျောင်းမှာရှိတဲ့ ..ဒုက္ခ သည် တွေ အတွက် ဆန်လှူဖို့  တာ..´ လို့  လဲ ပြောလိုက် ရော ထိုသူ မှာ ၀မ်းသာအားရ အသံကုန် အော် လိုက် လေ သည်..`ဟေး…ကျောင်းထဲ က သူတွေ ..ဒီမှာငါ တို့ စား ဖို့ ဆန် လာ လှူတာ တဲ့  ဟေ့  ..ဆရာတော် ကိုလဲ သွားလျှောက် ကြ ..ဆန်တွေ လဲ လာကူချ ပေးကြပါဦး ဟ..´ထိုသူအ သံ အဆုံးမှာပဲ ..နေရာအသီးသီး မှ ပြေးထွက်လာသော ကလေး လူကြီး များ၏ မျက် နှာ များသည်.. ညိုးငယ်နေရာ မှ ချက် ချင်း ၀င်းပ ကာ အပြုံးကိုယ်စီ ဖြင့်  မြင်လိုက်ရ သည့် အခါ ကျနော် ပြောမပြ နိုင်လောက် အောင် မိမိ လုပ်ရပ် အား ပီတိ ဖြစ် မိ ပါ သည်…။
လူလတ်ပိုင်း အရွယ် ရှိ ယောင်္ကျားသား များမှာ အင်္ကျီ ကိုယ်ဗလာ နှင့်  ရှေ့ ဆုံး မှ ထွက် လာကာ “ထမ်းစရာရှိရင် ကျနော် တို့ ကိုပြော ပါ ..ကျနော်တို့ ထမ်း ပါ့ မယ် ..” “အခုလို လာလှူတာ ကျေးဇူးတင်လိုက် တာ ဗျာ..ကျတော် တို့  တတွေ ဆရာတော်က အစ ရေဆိုဆန်ကို စားနေကြရတာ…အဲဒါတောင် မှ နောက်ရက် ဆို တကျောင်းလုံး စားစရာ မရှိတော့  ဘူး…ဆရာတော် မှာရှိတဲ့  ဆန်ကို လူသုံးလေးရာလောက် စားကြတော့  ဆန်ပြတ်တော့  မှာ ဆရာတော် လဲနောက် ရက်အတွက် စိတ်ပူနေရတာ..ဆရာတော်က မပြောပေမယ့်  ကျနော် တို့  က သိ ပါတယ် ဗျာ..အခုလို လာလှူတာ ဆရာတော် သိရင်ဝမ်းသာ မှာ ဗျ…”
ထိုသူ က ကျနော် အား စကား တွေ ဖောင် ဖွဲ့ အောင် အားရ ၀မ်းသာ ပြောနေချိန် မှာပဲ ဆရာတော် မှာ…ခေါင်မိုး မရှိတော့ တဲ့  ကျောင်းပေါ် မှ နေ၍ ကျောင်းအောက်သို့ ကြွလာပါသည်..။ “ဒကာလေးတို့  ဆန်လာလှူတာဆို..” “တင် ပါ့ ဘုရား…ဆရာတော် နဲ့ ဒီကျောင်းမှာ ရှိတဲ့ ..ဒုက္ခသည်တွေ အတွက် ပါ ဘုရား…” လို့ ကျနော် ပြန် လျှောက် တင် လိုက် တော့  ဆရာတော် မှာလဲ စိတ်အေးသွားသည့်  အပြင် တရားဓမ္မ ကိုသာ မှီဝဲ နေသော ပုဂ္ဂိုလ် တို့  ၏ရင့် ကျက်သော အပြုံးမျိုးကို..ကျနော် မြင်တွေလိုက် ရ ပါ သည်…။ ထို့နောက် ဆရာတော် သည် ကျနော် တို့  အဖွဲ့ အား ကျောင်းပေါ် သို့  ခေါ်ဆောင် သွားပြီး.. လှူဒါန်းမည့်  ပုံစံ များကို မေး မြန်း ကြပါ သည်…။ ကျနော် တို့  လဲ ဆရာတော် နှင့်  တိုင်ပင် ပြီး ကျောင်း အတွက် ဆန် ( ၁၀) တင်း နှင့်  အခြားသော ဆီ ၊ ဆား ၊ ငပိ အစရှိသည် များကို လှူဒါန်း ပြီး ဒုက္ခ သည်တွေ အတွက် ကတော့  လတ်တလော စိတ်သက် သာစေ ရန်အတွက် အ၀တ်အထည် များ ဝေ လိုက် ပါ သည်..။ ထို့  နောက် သက် ကြီး ဘိုးဘွားများ ကျန်းမာရေး အခြေ နေ မေးမြန်း ပြီး ပါရှိလာသော တိုင်းရင်းဆေးဝါး များ လှူဒါန်း လိုက် ပါ သည်..။ ကျနော်တို့  အဖွဲ့ မှ ကျောင်း ၀န်း အတွင်းရှိ သောက်ရေ သိုလှောင်ထားသော စဉ့် အိုး များထဲ သို့  ရေသန့် ဆေး လိုက် ခပ် သည့်  သူများ မှာလဲ. . တက်ညီလက် ညီ…။ ဆရာတော့ ကျောင်းအတွက် လှူဒါန်း မှု ကိစ္စပြီးသော အခါ ကျန်ရှိသည့်  ဆန်များ ကို ရပ်ကွက် ထဲ သို့  ဝေရန် စီစဉ် ရ ပြန်သည်…။့
ထိုအခါဆရာတော် က ကျောင်းရှိ ရဟန်းပျိုများအား ..ရပ်ကွက်တွင်း ကျန်ရှိနေ သေးသော သူများအား စနစ် တကျ ဖြင့်  မရလိုက် သူများ မရှိ ရလေအောင်..ရပြီးသူများလဲ ထပ်ခါ ထပ်ခါ မဖြစ်ရအောင်. .ကြီးကြပ် ဆောင်ရွက် စေပါသည်..။ ဆ န်ဝေနေ သည် ဆိုသော သတင်းဖြန့် လိုက်တယ်ဆိုရင် ပဲ ရပ်ကွက် ထဲ မှ ကလေး လူကြီး မကျန် အပြေး ထွက်လာကာ တန်းစီကြပါသည်..ပထမတွင် အလုအရက် တိုးကျိတ် ကာ ဖြစ်နေ သော်လည်း နောက်ပိုင်းတွင် စနစ်တကျ ဖြစ်သွားခဲ့  ပါ သည်..။ ဆန်လာ ယူကြသော ရပ်ကွက် တွင်း မှ ဒုက္ခ သည် များ ကို မြင်တွေ့  ရသည် မှာလဲ စိတ် မသက်သာပါ.. ဆန်မရလိုက် မှာ စိုး၍ တွေ့ ရာအိပ် များဆွဲ လာပြီး တန်းစီ ကျပါသည်.. အချို့ သူများမှာလဲ မိမိအလှည့်  ရောက်ကာမှ ဆန်ထဲ့ ရန် အိပ် မပါလာ ၍ ပုဆိုး ခါးပုံစ များ.. ၀တ်ထားသည့်  အကျီ များကို ဖြန့်၍ ဖြစ်သလို ထဲ့သွားကြပါသည်..။ ထိုအချိန် တွင် ကားပေါ် မှ နေ၍ အောက်မှ တန်းစီနေသော သူများအား ဆန် ထဲ့ ပေးနေ သော ကျနော်သည် တဦးပြီးတဦး ထဲ့ ပေးနေရင်း မြန်မြန် ပြီးချင်ဇော နှင့် ထဲ့ ပေးနေရာ တယောက်သောသူ အလှည့် တွင် အောက် မှ အိပ်ဖြင့်  ခံနေသောသူသည် မငြိမ်သဖြင့်  ဆန် များ ဘေး သို့ ဖိတ်စင် ကုန်၏ ။ ဤတွင် ကျနော် မှ “အိပ်ကိုသေသေချာချာ ကိုင်ထားလေ. . ဘေးဖိတ်ကုန်ပြီ..” ဟုပြောလိုက်မိ၏ ။ ထိုအခါ အောက် မှအဖွားအိုတဦး၏ တုန်ယင်နေသော အသံဖြင့် ပြောလာ သည်က “ဆာလွန်းလို့ လက်တုန်နေတာ ပါသား ရယ်..” တဲ့ ။ ထိုအခါ မှ ကျနော် သေသေချာချာ ကြည့် လိုက် မိသည် ပိန်လှီ ၍ နေလောင် ထားသော အသားအရေ တို့  ဖြင့်  လူအုပ်ကြားထဲ ရုန်းကန် တိုးလာ ရသော အမယ်အို တဦးပါ..နဖူးပြင်မှာ ချွေးများစို့ နေ ပြီး..အမယ်အို၏ ဆံထုံးမှာလဲ ပြေလျှော့  နေပါ ပြီ..ကျနော့် ကို မော့  ကြည့် လာသော အမေအို ၏ မျက်ဝန်းများမှာ မှေးမှိန်ဖျှော့ တော့  နေပြီး အားအင်တို့  ကုန်ခမ်း လုနီးပါး…. . ကျနော် တွေဝေ သွားပါသည်..နောက်ထပ် ဆန် တွေ ထပ်ထဲ့ ပေးလိုက် သည် “အမေကြီး နောက်ရက်တွေ အတွက် ပါစားလို့ ရအောင်..” ပြီးနောက် အသက်အရွယ်ကြီးသူတွေ အတွက် ကျနော် အကောင်းဆုံး နည်းလမ်း ရှာလိုက် သည်..တန်စီးနေကြသော လူအုပ် များထဲ မှာ အသက်အရွယ်ကြီးမြင့်  သူများကို ရွေးထုတ်ကာ သီးသန့် လှူလိုက် သည်…နောင်ရက်တွေ မှာ ပါ စားလို့  ရ အောင် လဲ များများ လှူလိုက်သည်..။ ထိုအချိန် များတွင် ကျနော်သည် ၀မ်း လဲနည်း ၏ ၀မ်းလဲသာ ၏ ။ မိမိတို့  အဘိုး အဖွား အရွယ်တွေ ၏ ရှေ့ ရေးကို တွေးမိ သဖြင့်  ၀မ်နည်း မိသည် ၊ စိတ်မကောင်း ဖြစ်မိသည် ။ ဤကဲ့ သို့  ဒုက္ခ ပင်လယ် ဝေနေချိန် မှာ ကယ်ဆယ် လှူဒါန်းခွင့် ရ သဖြင့်  ၀မ်း လည်း သာ ၏ ။ ထိုသို့  ဖြင့် နေ၀င်ခါနီး အချိန်မှာတော့  လှူဒါန်းမှု့  ကိံစ္စ အားလုံး ပြီးစီးသွားခဲ့ သည်..။ ဆရာတော် မှ ကျောင်း ပေါ်သို့  ခေါ်၍ ခတ္တ နား စေသည်..။ ဆရာတော် အား မြို့နယ် ၀န်းကျင် မှ ပျက်စီး မှု့  အခြေနေများ ကို မေးမြန်း စုံစမ်း ကာ..လူ အသေအပျောက် များကို လဲ မေးမြန်း ခဲ့ သည်..။ အပြန် ဆရာတော် ကို ဦးချ အပြီး မှာတော့ ဆရာတော် ၏ ဆုပေးစကား မှာ “နောက်နောင် ကို လဲ အမျိုး ၊ ဘာသာ ၊ သာသနာ ကို ဒီ့ ထက် မက ထမ်းရွက် နိုင် တဲ့ အမျိုးကောင်းသား ယောင်္ကျား မြတ် များ ဖြစ်ကြပါစေ တဲ့ ..” ၊ ဆရာတော့ ဆုပေး စကား ပြီးပြီး ချင်းပဲ ကျနော် ဆရာတော့  ကို ဂတိ ပေးလိုက် တယ် “ တင် ပါ့  ဘုရား .... တပည့် တော် တို့  ဒီထက် မက ဒုက္ခသည် တွေ ကို ကယ်တင် နိုင်အောင် ကြိုးစား ပါ့  မယ် ဘုရား……” (စတ္တုထ ပိုင်းဆက် လက်ဖတ်ရှု့ပါရန်)

Wednesday 28 May 2008

နာဂစ်ခရီးသည်...

ကားဌားပြီး အပြန်မှာစိုးရိမ်စိတ်က တချက် ၀င်လာသေးတယ်…ဘာလဲဆိုတော့ မနက်သွားကြ တဲ့အခါ လိုက်ပါ ဆောင်ရွက်ကြမယ့်သူတွေအတွက်..စားစရိတ်၊လမ်းကြေး တံတားကြေး၊ သောက်ရေ ကိစ္စက အစ ခေါင်းထဲ ၀င် လာတယ်..၊ရောဂါတွေ ကူးလာမှာလဲစိုးရတယ်လေ..။ကားဌားပြီး အပြန် အဲဒီအချက်တွေ ကိုစဉ်းစားရ ပြန်တယ်.. ရပ်ကွက် ထဲပြန်ရောက် မှာ ပဲ သက် ပြင်းချနိုင်တော့  တယ်..။အကြောင်းကတော့ ရန်ကုန်သား ကားသွားဌား နေချိန် မှာပဲ နောက် ထပ် အလှူရှင်တွေ က ဒုက္ခသည်တွေ ဆီသွားရောက် ကူညီ မယ့် သတင်းကြားလို့ လာ ရောက် လှူဒါန်းသွားတာပါ …။ကျနော်တို့  မြန်မာတွေ စိတ်ရင်းတွေ ပါ ဗျာ..ဖြတ်ပိုင်းမလို.. စာရင်း ရှင်းတန်း ထုတ်မပြနိုင် တဲ့ကျနော်တို့  တွေ ကိုရက်ရက်ရောရော လှူသွားကြတာအားရ စရာ ပဲ..။

ဒီလိုနဲ့ည ကျနော်အိမ် ပြန်ရောက်တော့ ည (၁း၀၀) ကျော်နေပါပြီ..။ရေချိုး ကိုယ်လက်သန့်စင် ပြီး အိပ်ယာထဲရောက်တော့  မှ တနေကုန်ပြေးလွှာနေခဲ့ ရတဲ့ ကျနော် ခန္ဒာကိုယ် ဟာ အနားရပါတော့  တယ်..။

နောက်တနေ့မနက် (၅း၀၀)လောက် မှာပဲ အိပ်ယာက ထ ပြီး လိုက်ပါကြမယ့် သူငယ်ချင်းတွေကိုလိုက် လံ ပြီးတအိမ်တက်တအိမ်ဆင်း အိပ်ရာက နိုးရပါတယ်..။မနက် (၇း၀၀ ) ရန်ကုန်ကနေစထွက်ကြ မှာဆိုတော့ ကားမလာခင်အားလုံးအဆင်သင့်  ဖြစ်ထားကြဖို့  လိုတယ်လေ..။ ဒီလို နဲ့ မနက် (၇း၀၀) မှာကျနော်တို့  အသင့်  ဖြစ်နေပါ ပြီ..။ကားရောက်လာတာနဲ့ တခါတည်း တန်းထွက် လာကြပါတယ်..။ပထမ ဦးဆုံး မင်္ဂလာဈေးက ဆေး ဆိုင်တွေ မှာ ရေသန့် ဆေးဘူးတွေ ၀ယ်တယ် ပြီးတော့  ဘုရင့် နောင်ပွဲ ရုံတန်းကိုမောင်းပြီး ဆန် ရယ်..ငပိရယ် ၀ယ်လိုက်တယ်…၊ကျန်တဲ့ အသုံးအဆောင် တွေက သိပ် ပြီး အရေးမကြီးဘူးထင် လို့ အဓိက အခြေခံစားသောက် ကုန်တွေ ကို ပဲ များများဝယ်လိုက် တယ်..။အ၀တ်အစားအတွက် ကတော့  ရပ်ကွက် က လာပို့  ထားတဲ့ အ၀တ် တွေ မြွေရေ ခွံအိတ် နဲ့  (၇) အိတ်လောက် ပါတယ်..။ဝယ်စရာတွေ စုံပြီဆိုတာ ကျနော်တို့ လှိုင်သာယာ ဖက် နေ တဆင့် တွံတေးတံတားကို ဖြတ်ပြီး ကွမ်းခြံကုန်မြို့  ဆီသို့ ထွက်ခွာလာပါတော့  တယ်……။

ကျနော်တို့  ပထမဦးဆုံးအကြိမ်သွားရောက်လှူဒါန်ခဲ့ တဲ့ နေ့ ကတော့  မှတ်မှတ်ရရ (၅.၅.၀၈)နေ့ပါ..။ အဲဒီနေ့ မှာကျနော်တို့  လိုသွားရောက်လှူဒါန်းတဲ့ အဖွဲ့ တွေ က အင် မတန် မှနည်းပါးသေး ပါတယ်…။မိမိတို့  ရဲ့ ဆွေ မျိုးသားချင်းတွေ ဆီသွားရောက်ပံ့ပိုးကြတဲ့ သူတွေလောက် ပဲတွေ့ ခဲ့ ရပါတယ်..။ဒီလု နဲ့ ကားပေါ် မှာရန်ကုန်သား ကြိုစား ခဲ့ တာအောင်မြင် ခဲ့တဲ့ အတွက် ပီတိ ဖြစ်မယ်ကြံ ယုံ ရှိသေးတယ်..ခေါင်းထဲကို ၀င်ရောက်လာတာ..မိမိတို့  ရဲ့ လုံ ခြုံရေး နဲ့ လှူမယ့် ဆန်တွေ ကို ဘယ်နေရာ မှာလှူ ရမလဲ ဆိုတဲ့ ပြသနာ..ပါ။

အဲဒီအချိန် မှာ မှန်တိုင်းဒါဏ်ခံ ခဲ့ ရတဲ့နေရာတွေ မှာအုပ်ချုပ်ရေး စနစ်ယာယီ ပျက်ပြားနေချိန်…။ဒီ ပြသနာတွေကို အကောင်းဆုံးဖြေရှင်းနိုင် မယ့်  နည်းလမ်းတွေ ကိုတယောက် ထဲ ကျိတ် ပြီးစဉ်းစားလာ ခဲ့  တယ်..။ ကျန်တဲ့ သူတွေ ကို တော့ မပြောပြ ခဲ့  ဘူး..။ဘာဖြစ်လို့  လဲ ဆိုတော့ ကျနော်က ဦးဆောင် လာတဲ့ သူလေ…။ပြသနာ ဖြစ်လာရင် ကျနော့််  ခေါင်း ပေါ် အကုန်ပုံ ကျ မှာလေ…။အဲဒီလို နဲ့စဉ်းစား လိုက်တာ ကွမ်းခြံကုန်း မြို့ အ၀င် မှာတင် ကျနော်အဖြေရ ခဲ့ ပါတယ်..။ခလုတ်ထိတော့  အမိတ ပြီပေါ့ …။ရှေ့ က ကားဆရာ က လှမ်းမေးတယ်…။ “မြို့ ကိုဝင် ပြီ ဘယ်နေရာကိုမောင်းရ မှာလဲတဲ့ …” ကျနော်ကားဆရာကို လှမ်း အော်လိုက်တယ်..။ “အရင်ဆုံးတွေ့ တဲ့  ဘုန်းကြီးကျောင်း ထဲ ကိုသာမောင်းဝင်လိုက် ..” ဟုတ်တယ် လေ.. ကျနော်တို့ ပြည်သူတွေ ဘယ်လိုအခြေအနေဆိုးနေနေ ..ကျနော်တို့်ပြည်သူတွေ ရှေ့  က မားမားမတ်မတ် ရပ် ခဲ့  တာပဲလေ..။အခု ချိန် မှာလဲ ဆရာတော်တွေက ဒုက္ခ သည်တွေ မျက် ကွယ် ပြု မနေ ဘူး…။ ဘုန်းကြီး ဆိုပြီး.. ဆွမ်း၊ဆွမ်းဟင်းကောင်းတွေ စားမနေဘူး..။ရေစိုဆန်ကို ဒုက္ခသည်တွေ နဲ့ တန်းတူ ဘုန်းပေး နေတာ..။ကျနော့  ဆုံးဖြတ်ချက် အမှန်ဆုံးပဲ ထင် တယ်…။

အဲဒီအချိန်မှာပဲကွမ်း ခြံကုန်း မြို့ ကနေ ကျနော်တို့  ကို ပဏာမ အနေ နဲ့ နှုတ်ခွန်ဆက် လိုက် တယ်. . မြို့ဖက် မှတိုက်ခတ်လာတဲ့ လေ ထဲ အပုတ်နံ ထောင်းထောင်း ထနေတဲ့ လေကို ရှုရှိုက် ကြရလို့  ကားပေါ် ပါလာတဲ့  ..သူငယ်ချင်းတော်တော်များများဟာ..အော့ အန် ကြပါလေရော…။အဲဒါကြောင့်  ကျနော်ကား ပေါ်ကနေ လမ်းဘေးဝဲယာကို လှမ်းကြည့်  လိုက် တဲ့ အခါ မှာတော့  ..။……………(တတိယ ပိုင်းဆက်လက် ဖတ် ရှု့ပါ ရန်..)

Tuesday 27 May 2008

နှစ်ပါတ်လည် နေ့  သတင်း

ယနေ့  ကျင်းပသော ရွေးကောက် ပွဲ နှစ် ပတ်လည် နေ့  အခန်းအနားမစ မှီ အချိန် တွင် အဖွဲ့  ၀င် လူငယ် တချို့  သည် …ရုံးချုပိ ရှေ့  မှနေ ၍ ဒေါ်အောင် ဆန်းစုကြည် နေအိမ် ဖက် သို့  .."ဒေါ်အောင် ဆန်း စုကြည် ချက် ချင်း လွတ်" စာတန်းပါ ဆိုင်း ဘုတ်ကို ကိုင် ဆောင် ၍ ချီတက် သွားကြ ရာ နှင်း ဆီကုန်း ဘိုးဘွားရိပ် သာ အကျော် တွင် အာဏာပိုင် များမှာ ဒိုင် နာ ကား ပေါ်သို့  ဖမ်းဆီး ခေါ်ဆောင် သွားကြ သည်..။လူငယ် အင် အား (15 )ယောက် ခန့်  ဖြစ် သည်..။
နေ့ လည် (2း00) အချိန် တွင် နှစ်ပတ်လည် နေ့  အခန်းအနားကို စတင် ခဲ့ သည်..။

Monday 26 May 2008

နာဂစ် ခရီးသည်....

ရန်ကုန်သား ဘာတွေ လုပ် ခဲ့ သလဲ ….?

ရန်ကုန်သားတယောက် မုန်တိုင်း ကျ ပြီး နောက် တနေ့  ထဲ က တခါ မှ မရောက် ဘူးတဲ့ ကော့ မှုး ကွမ်းခြံကုန်း ကို သွားရောက် ခဲ့ ပါ တယ် …..။လက် ထဲ မှာ က လဲ လမ်း စရိတ် လောက် ပဲ ပါ တယ် ..ကားခတွေ က လဲ အရင် 1000 လောက် ပဲ ရှိတဲ့  လမ်း ကို ..အဲ ဒီနေ့  က 5000 ထောင် ပေး ခဲ့ ရ တယ် …။ ဒလ မြို့  က စအထွက် ကတည်းက မြင် ကွင်းတွေ စိတ် မသက် သာ စရာ ပါ…။ခေတ်ဆိုးခေတ် ပျက် ကြီးထဲ မှာထမင်းတလုပ် အတွက် အချိန် ပြည့်  နီး ပါး..လယ်ယာလုပ် ငန်းတွေ ..တံငါ လုပ် ငန်းတွေ နဲ့ ရုန်း ကန်နေရ တဲ့  နွမ်းပါတဲ့  လူတန်းစားတွေ ကို မှ နာဂစ် မုန်တိုင် က မွှေနှောက် ခဲ့ တာ ပါ… ဒီလို နဲ့ လမ်းတလျောက် ငေးမော ရင် ကော့  မှူးမြို့  ကို ၀င်ခဲ့ ပါ ပြီ…။ကားလမ်း က လွဲ လို့  ကျန် တဲ့  နေရာ တွေ လယ်ကွင်းတွေ ကို ကြည့်  လိုက် ရင် တကယ့်  ပင်လယ် ကြီး တခု ပါ..။ အချို့  နေရာတွေ ဆိုရင် အရင် က ရွာ လေးတခု ဖြစ် ခဲ့ ပေ မယ့်  …အဲဒီ အချိန် မှာတော့  ..အမှို က် တွေ ..သစ်ပင် အကျိုး အပဲ့ တွေ နဲ့ေ၇တွေ ကြား မှ ကုန်းတန်းလေး အဖြစ် သာ မြင် ရ ပါ တော့  တယ် ….။ဒီလို နဲ့ ပဲ ကော့ မှူး မြို့  နဲ့ နောက် ထပ် ကိုး မိုင် ကွာဝေးတဲ့ ကွမ်း ခြံကုန်း မြို့ ကို ရောက် ခဲ့ ပါ တယ်…။နောက် ကျိကျိ ရေ တွေ နဲ့ ကားလမ်းကားလမ်းဘေး ၀ဲ ယာ မှာဆီး ကြို နေ ပါ တယ် ..။လယ် ကွင်းတွေ ထဲ မှာ တဲ့ ထိုးနေတဲ့ သူတွေ တချို့  ရေစိုအ၀တ်တွေ နဲ့ ပြေး လွှားနေကြ ပါ တယ် ..။ညအမှောင် မှာရေ တွေက် လာတော့ ဆွဲ မိဆွဲ ရာ သစ် ပင် များကို ဆွဲ ရင်းရေ နဲ့ အတူ မျောပါ လာကြ သူ များဖြစ် ပါ တယ် ..။တညလုံး…လေပြင်း များ လှိုင်းလုံး များကြား မှာ ကူးခတ်ရင် အမှောင် ကမ္ဘာထဲ အသက် လုနေကြ သူတွေ ပါ…တချို့  ဆိုရင် အောက် ပိုင်း မှာ အ၀တ် မပါ လို့  ကိုယ် ပေါ် မှာဝတ်ထားတဲ့ စွတ်ကျယ် ၊ အင်္ကျီ..စသည် များကို အရှက် လုံယုံပတ်ထားကြပါ တယ် ...၊တချို့  ကြ ပြန်တော့  လဲတွေ ရာ အ၀တ်စ များ ဖြင့်  မလုံ မလဲ ပတ်ထားကြပါ တယ် ..။ထိုသူတွေ အဓိက အပြေး အလွှားသွားနေကြ တဲ့  နေရာတွေက တော့  သူတို့  နေထိုင် ခဲ့ တဲ့  အိမ်ယာတွေ ကို ပါ ပဲ .။အိမ်ယာကို အဓိက မထားပဲ ကျန်ရစ် ခဲ့  တဲ့ သက် ကြီး ရွယ် အို အမိ အဖ များ နဲ့ ညီကို မောင် နှမ …အရွယ်မရောက်သေး တဲ့  ကလေး ငယ် များအတွက် ပူပင်စိတ်တွေ နဲ့ အပြန် လမ်း ရှာနေကြသူများပါ.။သို့  သော် လဲ အရပ် လေးမျက် နှာ မျာတော့ မျက် စိတဆုံးပင် လယ် ပြင် ကြီးတွေ ပါ …။အိမ်အပြန် လမ်း ရှာ ရင် ငို တဲ့ သူ ငို..သတိလစ် တဲ့ သူ လစ် …မြင်ကွင်းတွေ က စိတ်မသက် သာ စရာ ပါ ..။ဒီမြင်ကွင်းတွေ တွေ့  ရတော့  ရန်ကုန်သား ရင် ထဲမှာ သူတို့  ရဲ့ သောက တွေ ကူးစက် လာ ပါ တယ်…။ဒီအချိန် မှာ ကောင်းဆုံးလုပ် ရပ် ကို အလျှင် အမြန် စဉ်းစားလိုက် ပါ တယ်…။လက် ထဲ မှာ ပါ လာ တဲ့ ကင် မရာ လေး ကို သတိရ လိုက် တယ် ….ချက် ချင်း ပဲ ပုံတော် တော် များများရိုက် ယူလိုက် တယ် …။ပြီးတာ နဲ့ ချက် ချင်း ရန်ကုန်ကို အမြန် ပြန်လာ ခဲ့ တယ် .သောက် ရေဘူးက လဲကုန်နေပြီ..ထမင်း ဆိုင် ဆိုတာဝေလာဝေး…ဆာရ ကောင်းမှန်လဲ မသိတော့ ဘူး..သူတို့ အတွက် ကိုယ်လုပ်ပေးနိုင် မယ့်  အရာကူညီနိုင်မယ့်  အရာကို ပဲ တလမ်းလုံးစဉ်းစားလာ ခဲ့ တယ် ..၊ဒီလို နဲ့ ရန်ကုန်ပြန်ရောက် တယ် ဆိုရင် ပဲ …သူငယ်ချင်း တွေ စိတ်တူကိုယ် တူတွေ ရှာလိုက် တယ် ..။ဓါတ်ပုံတွေ ထဲကအချို့  ကူးလိုက် တယ် …. ပထမဆုံး အနေ နဲ့ ရင် နှီး တဲ့  မိတ် ဆွေ တွေ ကိုအရင် ပြ လိုက် တယ် ..သူတို့  ဆီ က ရ သလောက် အလှုငွေ နဲ များမဆို တောင်း ခံ လိုက် တယ် …။အဲဒီအချိန် မှာ လဲ ရန် ကုန်မှာ မြို့  ပျက်ကြီး လို ဖြစ် နေ တဲ့ ကာလ..။ရန်ကုန်ကလူတွေ ကတော့  မြို့  တွင် လှည့်  လည်ပြီး အပျက် အဆီးတွေ ကို အံ သြ စွာ နဲ့ လိုက် ကြည့် နေကြ တုန်း…။ကျနော် ရိုက် လာ တဲ့  ပုံတွေ ကို ပြတော့  သူတို့  တွေ စုတ်တသပ်သပ် နဲ့ ….။ကျနော် လဲ မြင် တွေ့  ခဲ့ ရ တဲ့ မြင် ကွင်းတွေ ကို ဇါတ်စုံ ခင်းပြ ခဲ့ တယ် …။ကျနော့  လုပ် ရပ် အောင် မြင် ပါ တယ်….။ရန်ကုန်သားတွေ ရဲ့ စိတ်ဓါတ်ကို သိလာ ရ တယ်…။ မိမိအိမ်အမိုးလန်တာ …မိုးယို တာ ကို အသာ ထားပြီး…။ရန်ကုန်သား နဲ့  အတူ နီးစပ် ရာ နီးစပ် ကြောင်း မှာ အလှူငွေ လိုက် ကောက် တယ် …။အားကြိုး မာန်တက် ပါ ပဲ …။ဒီလို နဲ့ စိတ်တူကိုယ်တူတွေ တက်ညီ လက် ညီ လုပ် လိုက်ကြတာ နောက် တရက် မကူးခင် မှာတင် အလှူငွေ တော်တော် ရရှိလာ ပါ တယ် ..။ဆန်အိတ် (၄၀) နီးပါး ရှိတ့ဲ ငွေ လောက် ရ ပါ တယ် ..စိတ်အေးသလိုလိုတော့  ရှိလာပါ တယ်…။နောက် ရက် အတွက် ကားဌားဖို့  အတွက် ညတွင်း ခြင်း စီစဉ် လိုက် တယ် ….(ဆက် လက် ဖတ်ရှု့  ပါ ရန်)

Sunday 25 May 2008

ဒုက္ခသည် များကြား ကင်မရာတလုံးနှင့် မှတ်တမ်းလိုက် ယူနေရင်နဲ့ ကြုံခဲ့ ရ သည့်  အဖြစ်အပျက်တခုဖြစ်ပါသည်..။ကျနော် ပုံတွင်ပါရှိသည့် ဒုက္ခသည် မိသားစုကို ကင်မရာ ဖြင့်  ချိန်ကာ ရိုက်လိုက် အစဉ်အချိန် က အနီးအနားတွင်ကလေး များတဦးတလေ မှရှိမနေပါ… မှတ်မှတ်ရရ ပါ..ဓါတ်ပုံမှတ်တမ်းတင်ပြီး၍ ထိုဒုက္ခသည် မိသားစု များနှင့် စကားပြော ဆိုနေချိန် တွင်လည်း မည်သည့် ကလေး ငယ်မျှ အနီးအနားသို့ရောက် မလာ ပါ…။ ကျနော် အိမ်ပြန် ရောက်၍ကွန်ပြုတာဖြင့် ပုံ ကြီးချဲ့လိုက် သော အခါတွင် မျှ ခြေထောက်တဖက် မပါသည့်  ကလေးငယ်တဦး၏ ၀ိုးတ၀ါးပုံရိပ်ပေါ်ပေါက်နေပါသည်။ကျနော်ထိုပုံကိုအထပ်အခါခါ စမ်းစစ်ကြည့်  ပါသည်..။သေချာပါသည်..မကျွတ်မလွတ်သေးသော..သေဆုံးသွားသည့်  ကလေး ငယ် ၏ပုံဖြစ်နေပါသည်။

ယခုဓါတ်ပုံအား ကျနော် စာတန်းရေးယုံ က လွဲ လို့  ပြုပြင် ပြင်ဆင်ထားခြင်း လုံးဝ မရှိပါကြောင်း ရဲရဲဝံ၀ံ အာမခံ နိုင်ပါသည်…။ကင်မရာ ရှပ်တာအနှေး ဖြင့် လဲရိုက်ထားခြင်း လဲမဟုတ်ပါ..။ကျနော်တို့  အနေဖြင့်  အသက်ရှင်ကျန်နေခဲ့ သူများအား ကူညီ ကယ်ဆယ် နေခြင်းအပြင် သေဆုံးသွားကြသူများကိုလဲ အမျှအတမ်း ပေးဝေကာကောင်းမှု့ ကုသိုလ်ပြုပေး ကြပါရန် သတိပေးလိုက်သကဲ့ သို့  ဖြစ်နေပါတော့ သည်…။

( မှတ်ချက် ) …ဤပုံသည် နာဂစ်မုန်တိုင်း ဖြစ် ပြီးလေးရက် မြောက်နေ့ တွင် ကွမ်းခြံကုန်း မြို့ ပေါ်ရှိဒုက္ခသည်စခန်းတခုတွင်ရိုက်ကူးထားသော ပုံ ဖြစ်ပါသည် ။


Saturday 17 May 2008

Friday 2 May 2008

ယခင်ကျော် ဆန်း-ယနေ့ကျော် ဆန်း

(ယခင်ကကျော်ဆန်း)
(ယခုရက်ပိုင်းတွင်း သတင်းစာများ မှကျော်ဆန်း)

လူတွေဗျာ တော်တော်ရီဖို့ ကောင်းတယ်ဗျ..။ ဘယ်လောက်ပဲပညာတတ်တတ် အသိဥာဏ်မရှိရင် အလကားပဲ..။ရွှေဝါရောင်တော်လှန်ရေးတုန်းက ဆိုရင် ရဟန်းသံဃာတွေ ၊ ကျောင်းသားပြည်သူတွေ ကိုသတ်ဖို့ ဝန်မလေးတဲ့စစ်ဗိုလ်ချုပ်တွေလေ..သတ်မယ်ဖျက်မယ်တကဲကဲ ပဲ..သူတို့ သတ်ရင်လဲခံရမယ် ပြည်သူ တွေပါ ဗျာ..စာနာဖို့ ကောင်းပါတယ်..ပြေလည်ရာပြေလည်ကြောင်းကိုမဖြေရှင်းတတ်ဘူး..တခါလာလဲပစ်ဖို့ ခတ်ဖို့ လောက်ပဲနားလည်တဲ့သူတွေ..သေနတ်ပစ်တတ်ရုံနဲ့ တိုင်းပြည်ကိုအုပ်ချုပ်လို့  မရ ပါဘူး…။ အဲဒီအချိန် တုန်းကများဆိုရင်ကျော်ဆန်းတို့သောက်ခွက်တွေများမျက်နှာကြောကခုနစ်ခေါက်ချိုး ၊ ရှစ်ခေါက်ချိုး နဲ့ မေး ကြော ကြီးတွေကိုထောင်နေအောင်များတင်းထားလိုက်တာ ၊ခုချိန်မှာတော့ အာဏာတည်မြဲဖို့ အရေး ပြည်သူတွေ ကို မရှက်မကြောက် လိုက်လံ စည်းရုံးနေရတဲ့မျက်နှာပေးတွေ က ရွှေဝါရောင်တော်လှန်ရေးတုန်းကသတ်ဖို့ ဖျက်ဖို့ ဝန်မလေး တဲ့မျက်နှာ ထား မျိုးမဟုတ်တော့ ဘူး..။ခုမျက်နှာပေးတွေကဘယ်သူတွေနဲ့ တူသလဲဆိုရင် ဖာတန်းကမိန်းမရွှင်ေ တွရဲ

ြ့ ကာပစ်တဲ့မျက်ခွက်မျိုးတွေချည်းပဲ…။ကျက်သရေ မျက်နှာကြီး..တကယ်ကိုအော့ နှလုံးနာဖို့ ကောင်း ပါ့ ဗျာ.. ပြောရင်းနဲ့ရွံ လာတယ်..ဝေါ့ ..ထွီ….

ဝဠ်ဆိုတာလည်တတ်တဲ့သဘောကို ဗုဓ္ဓဘာသာတိုင်း လက်ခံ ပြီးသား..ယုံကြည်မှု့ တခုပါ..။ ခုချိန်မှာ ၀ဠ်လည်ကြလေပြီ..လေ..။ ထားပါတော့  ဗျာ ခုချိန်မှာကျနော်တို့ ပြည်သူတွေ သူတို့  စကားကိုနားမယောင်ကြဖို့ အရေးကြီး ဆုံး အချိန်ပါပဲ..ဒီကောင်တွေ ကချော့ တခါခြောက်တလှည့် နဲ့ တိုင်းပြည်ကိုမွဲပြာကြအောင်လုပ်နေတာသိကြပြီ ပဲ. . ပြောလိုက်ရင်တော့  စကားကြီးစကားကျယ်နဲ့ ..လုပ်လိုက်ရင်သောက်တလွဲ ကြီးပဲ..။ဒီစစ်အာဏာရှင်တွေ အုပ်ချုပ် နေတဲ့ဘ၀တွေ ကပြည်သူအား လုံးလွတ်မြောက်ချင်ရင်..သူတို့စိတ်တိုင်းကျရေးဆွဲထားတဲ့  ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ကို အားလုံးက(X)ကြက်ခြေခတ်ပြီး ၀ိုင်းဝန်းကန့် ကွက် ကြပါလို့ တိုက်တွန်းလိုက်ပါရစေခင်ဗျာ….။

Thursday 1 May 2008