Wednesday 18 June 2008

နာဂစ် ခရီးသည်.... ( အပိုင်း -၅ )

ကျောက်တန်း မြို့ အပြန် ကားပေါ်မှာ ကျောက် တန်း မြို့ ကို လှူရန်သင့် မသင့်  စဉ်းစား လာပါ တယ် ကျောက်တန်းမြို့ ပေါ် မှ မြို့  ခံ ပြည် သူများက လာရောက်ခို လှုံ့ ကြသော ဒုက္ခ သည် များကို ကျွေးမွေးထားနိုင် စွမ်း ရှိသေး သည် ထိုနေရာမျိုး ဖြင့်  စာလျှင် မြို့ပေါ် ရော တောနယ် တွေ ပါ ပျက် စီးဆုံး ရှုံး သွားသောနေရာဒေသမျိုးတွေ ကို လှူသင့်  သည် ဟုစဉ်းစား ပြီး နောက် တနေ့ အစီစဉ် ကို ကွန်းခြံ ကုန်း ဖက် သို့  သာ ထပ် မံ သွားရောက် ရန် ဆုံးဖြတ်ချက် ချ လိုက် ပါတယ်..။

ရန်ကုန် ပြန် ရောက် တော့  သူငယ် ချင်း များကို ပြန် လည် ပြောပြရာ အား လုံး က လည်း သဘောတူ ကြ သည် ။ ထိုကြောင့်  နောက် တနေ့ မနက် မှာ ပဲ ကွန်း ခြံ ကုန်း ဖက် ကို ထွက် လာ ခဲ့ ပါတော့  တယ်…။ ဘုရင့် နောင်ဈေး မှာဆန် ၀ယ်တော့  ကောလဟာလတွေ က ကြားရ ပြန် ပါသေးတယ် … ကားတွေ ကို လုယက် နေတဲ့  ကြောင်း ပါ အဖွဲ့  ထဲ မှ တချို့  က အနည်းငယ် တော့  တွေ ဝေ သွားကြ ပါ တယ် သေချာ မသေချာ စုံ စမ်းတော့  ဘယ် သူ က မှ ရေရေ ရာ ရာ မပြောနိုင် ကြ ပါ ဘူး ။ ဒါ နဲ့ပဲ ပါးစပ် သတင်းတွေ ကို အာရုံ မထားပဲ … ခရီဆက် ခဲ့  ကြ တယ် ..။ ကွမ်းခြံ ကုန်း အသွားလမ်း မှာ သွားရောက် လှူဒါန်းကြ တဲ့ ကားတချို့  ကို မြင် တွေ ကြ ပါ တယ် …။ မိမိတို့  လှူ ဒါန်း မည့်  နေရာကို အတိ အကျ မသက် မှတ် ရသေး ပါ ဘူး .။ အားလုံးက ကျနော့် အပေါ်ပဲ မူတည် နေတော့  သူများထက် ပို ပြီး စဉ်းစားရ တယ် ကွန်းခြံကုန်း မြို့  ၀င် ပြီး စနည်းနာ လိုက် တော့  လာရောက် လှူဒါန်းသူတွေ ရှိနေ ကြ ပြီ ဆိုတာ သိ ရ ပါ တယ်။

မြို့  လည် ရောက် တော့  ပါတ်ဝန်းကျင် ၇ွာတွေ ကို ကားလမ်း ပေါက် မပေါက် စုံးစမ်းတဲ့အခါ မှာ လမ်းများပျက်စီး သဖြင့်  လမ်း ကြမ်း တာကလွဲ လို့  သွားလို့ ရ နိုင် ကြောင်းသိရ ပါတယ် ဒါနဲ့  ပဲ ကားကို မြို့ အစွန်ဖက် ဆက် မောင်းစေ ပါတယ် မြို့ စွန်ရောက် တော့  စံ ပြရပ်ကွက် ဆိုတာကိုတွေ့  ရပါ တယ် .. မြို့  နှင့်  တဆက် ထဲ ပေ မယ့်  ရပ်ကွပ် တခုလုံးနီး ပါ ပျက် စီး သွားတာ ကို တွေ့  ရ ပါ တယ် စုံစမ်းကြည့် တော့  လာရောက် လှူဒါန်း ကြသူတွေ မြို့  စွန် ဖက် မရောက်ကြကြောင်း ရပ်ကွက် တွင်းသေဆုံးသွားကြသူများမှာ ဦးရေ ခုနစ်ရာခန့် ရှိကြောင်း ၊ လောလော ဆယ် အနေထားတွင် ရပ်ကွက် ရှိဘုန်းတော်ကြီး ကျောင်းတွင် သာ ယာယီ နေထိုင်ကြရ ကြောင်း အချို့ သူများမှာလည်း မိမိတို့  မြေနေရာများတွင် ပြန်လည် တဲ ထိုး နေကြ ကြောင်း သိရ ပါ တယ် ။ ပါတ်ဝန်းကျင် လေ့လာ ပြန် တော့ လဲ ရပ်ကွက် အ၀င် ကားလမ်းဘေးတွင် မှာ ကျွဲ ၊ နွား အသေ ဆယ် ကောင် ၊ ဆယ် ငါးကောင် ခန့် မှာ ပုပ် ပွနေပြီး ရေမြောင်း များတွင် ပေါလော ပေါ် နေပါတယ် ရပ်ကွက် မှာလေ အောက် က ဖြစ်နေ သဖြင့်  တရပ်ကွက် လုံး မှာ ပုတ်စော် နံ ဟောင် နေ ပါတယ် ။ ကျနော်ဒီရပ် ကွက် ကို လှူ ဖို့ ဆုံးဖြတ်လိုက် တယ် ၊ တဆက် တည်းမှာ ပဲ ဝေဖို့ ခြမ်း ဖို့  အတွက် စီစဉ် လိုက် တယ် .. မြေနေရာကျယ်ကျယ် ၀န်းဝန်း ဆိုလို့  လဲ အဲဒိ ကျွဲ သေ နွားသေ ကောင်းများဘေးက ကားလမ်း ပဲ ရှိတယ် ။ ဘုန်းကြီးကျောင်း မှာ ဝေခြမ်းဖို့  ကြတော့  လဲ ဘုန်းကြီးကျောင်း ရှိ ဒုက္ခ သည် များနှင့်  ရပ်ကွက် တွင်းမှာ ဒုက္ခ သည် များပေါင်း မိပါ က လူအုပ် ကို မထိမ်းနိုင်မှာစိုးရ တယ် ..။ ဒါကြောင့်  ပဲ ကျွဲ ၊ နွားသေ များ၇ှိ ရာ ကားလမ်း ဘေး မှာ ပဲ ကားရပ် ပြီး ရပ်ကွက် တွင်း မှ လူငယ် အချို့  နဲ့ ဝေခြမ်း ဖို့  စီ စဉ်လိုက် တယ်

ဒုက္ခ သည်တွေ ကို တော့  တကူးတက စု နေစရာ မလို ပါ … မိမိတို့  ကားကို မြင် က တည်း က နားမှာ အားကိုး တကြီးလာ ရောက် ပြီး ရစ်သီရစ် သီ လုပ်နေကြတာ ကလေး လူကြီး အကုန် ပါ ပဲ ..။ ခါတိုင်းလို ပဲ တန်းစီ ခိုင်း လိုက် တယ် တဦးပြီး တဦး ဝေသွားစေ တယ် …။ မိမိတို့ ဝေ ခြမ်းရာ မှာ အိမ်ထောင် စု စာရင်း ပြစရာ မလို လူ၇ှိသမျှ အကုန်ရ စေ ရ မယ် ပေါ့ ။ သက် ကြီး ရွယ် အို က လွဲ လို့  အကုန်တန်းစီ ပဲ လာသမျှ လူ ကို ကိုစတီး ရေဖလား နဲ့အပြည့် ခပ် ထည့် ပေးလိုက် တယ် တပြည် ကျော် ကျော် ခန့် ပေါ့  ကျနော် လဲ ကားပေါ် က နေဆန်ဝေ နေရင်းနဲ့ မိမိနဲ့ ပါ လာ သူတွေ ထဲ က လဲ ကိုယ် ထိလက် ရောက်လှူ ချင်သူတွေ အတွက် နေရာလဲ ပြီးလှူစေ တယ်…။ ကျနော် ကားပေါ် က ဆင်း ပြီး တန်းစီ နေတဲ့  လူအုပ် ကိုကြပ်မတ် နေလိုက် တယ် .။ အဲဒီအချိန်မှာ လူအုပ် ထဲ က အမျိုးသမီးတွေ ရဲ့ စကားသံ တချို့  ကြား မိတယ် …။ ဘာတဲ့ …….ရပ်ကွပ် ရုံးက နေ ဒုက္ခ သည် တွေ ပေးတာ လေး ၊ ငါး ရက် လောက် ကြာ မှ လူတယောက် ကို ဆန် နို့  ဆီ ဘူး တလုံးခွဲ နဲ့  အိမ်ထောင် စု နှစ် စုပေါင်းမှ ကြက် ဥ တလုံး တဲ့ ….။ ဒီကလေးတွေ လာ လှူတာကြည့်  စမ်း တဲ့  သူတို့ လို နို့  ဆီ ဘူး တလုံး ခွဲ ဝေတာ နို့ ဆီ ဘူးကို ၀ါးဇလုပ် တိုက် ပြီးလှူ တာမဟုတ် ဘူး …။ ကလေးတွေ တော် လိုက်ကြာတာ တဲ့…….။ လူပဲ ဗျာ ဒီလို ကို ယ့် ကို ချီမွမ်းသံ လေး ကြားရ တော့  ဘာ ပဲ ဖြစ်ဖြစ် ကျေနပ်တာပေါ့ …။ အာဏာ ပိုင် တွေ ကြတော့  လှူ သာ လှူတယ် နံ မည် ကောင်း ဘာ လို့  မရ လဲ ဆိုတော့  ကျနော် အထင် ပြော ရ ရင် စိတ် ရင်းစေတနာ မမှန်လို့  ပဲ …။ သူတို့  က လှူချင် တာ နဲနဲ ကြားက ဖြတ်စား လတ်စား လုပ် ချင် တာ က များနေတော့ စေတနာ က ရောင် ပြန် ဟတ် ခံရတာ ပါ…. ၊ ။

ဒီလို နဲ့ ပဲ ရပ် ကွက် တွင်းဝေ ခြမ်းရေး က ပြီးရောဆို ပါ တော့  .. မပြီးလို့ လဲ အပုပ် နံ တွေ ကြားက လှူနေရတာ ဆိုတော့  မခံ နိုင် တော့ ဘူး…. နှစ်နာ ရီလောက် အချိန် ကို ပဲ မနည်းအသက် ရှုနေရ တာ …အပုပ် နံ တထောင်းထောင်း နဲ့ နေနေကြ တဲ့  ရပ် ကွက် တွင်း လူတွေ ဆို တော့  စဉ် စား သာကြည့်  ပေ တော့  …။ ပြီးတာ နဲ့ ဘုန်း ကြီးကျောင်းဝန်း တွင်း ကားကို ခက်ခက် ခဲခဲ မောင်း ၀င် လိုက် တယ် ..။ လူသွားလမ်းလေးတွေ ဆိုတော့  ကျဉ်းတယ် ကားတစီး စာ မောင်း လို့ ရ ယုံလောက် ပဲ ..ကျောင်းဝန်း ထဲ ရောက် ပြန် တော့  လဲ ဒုက္ခသည်တွေ က အပြည့်  ပဲ ..ကျောင်း မှာ က ဆရာတော့ က ပဲ အဓိက တင် ကျွေး ထားတာ ဆိုတော့  ရပ်ကွက် ထဲ မှာ လို ဝေ မနေ တော့ ဘူး ၊ ဆရာတော်ကို ပဲ ဆန်အိတ် တွေ နဲ့ အခြားစားစရာတွေ လှုလိုက် တယ် ကျနော် တို့  လှုလိုက် တဲ့ ဆန် ပမာဏ က ကျောင်းတွင်း မှာရှိတဲ့ ရဟန်းသံဃာ နဲ့လူတွေပါ ငါးရက် တပါတ် စာလောက်တော့  စားလောက် မယ် လို့ ထင် ရ တယ် .။ အ၀တ်အစားအတော် များများကို တော့ ကားခေါင်မိုးပေါ်တက် ပြီး ကြဲလိုက် တယ် ၊ အားလုံး ပြီးသွားတဲ့ အချိန် မှာ တော့ ကျနော် တို့ အကုန်လုံးဆရာတော် ကို ဖူး ကြ ပါ တယ် ..ဒေသ အခြေနေတွေ လဲ မေးမြန်းစုံစမ်း တာ လဲပါတာပေါ့  ၊

ဆရာတော်မိန်ကြားချက် အရ ယခု စံပြ ကျေးရွာ မှ နေ၍ ဆက် သွားလျှင် သုံးခွ ကျေး ရွာ သို့  သွားနိုင် ကြောင်း ၊ ထို ရွာ သည် တိုး မြစ် ကမ်း ဘေးတွင် တည် ရှိသည့်  အတွက် လှိုင်းလေ ဒါဏ် ကို ပို မို ခံစားရ ကြောင်း ၊ လူအသေအပျောက် များလဲ များပြားကြောင်း မိန်ကြားလာ ပါ သည် ။ ထို သို ကြားလာရတော့  မိမိတို့ အဖွဲ့ သား အချင်းချင်း မျက်စ ပစ် ကာတယောက် နှင့်  တယောက် နောက် တခေါက်အတွက် ဘယ် လို သဘောရ ကြ လဲ ဟု အဓိ ပ္ပါယ် ပါသောအကြည့် တွေ နှင့်  ပေါ့ ….။

ခဏ အကြာမှပဲ မိမိနှင့်  နောက် တယောက် မှ ဆရာတော့ ကို ကတိပေး လိုက်ပြန် ပါ တယ်… တပည့်  တော် တို ဒီရက် ပိုင်း အတွင်း သုံးခွ ရွာ ကို သွားရောက်လှူဒါန်းနိုင် အောင်ကြိုးစား ပါ့ မယ် ဘုရား…..။ ထို သ့ို ကတိ ပေးအပြီးမှာ ပဲဆရာတော် ကို ဦး ချ ပြီး အပြန် မိုးအရမ်းချုပ် နေမှာစိုးသဖြင့်  ပြန်ခဲ့ကြ ပါတယ် …။ အပြန်ခရီး မှာ ကွမ်းခြံကုန်း မြို့  က ထွက်တော့ ည (၇း၃၀) ရှိပေ ပြီ..။ တနေကုန်ပင် ပန်း နေပြီ့း ကားပေါ်တွင် ပစ္စည်းများလဲ မရှိတော့ သဖြင့်  နေရာချောင် သွားသောကြောင့်  မိမိတို့ အဖွဲ့ သားတော် တော်များများမှာ တယောက် နှင့်  တယောက် စကား မပြောနိုင် ကြတော့ ပဲ ငိုက် မြည်း လာကြရာ ရန်ကုန်သားသည် လဲ ည(၁၀း၃၀) ရန်ကုန်ပြန် ရောက်လို့  အိမ်ရှေ့  ကားရောက် မှ အိပ်ပျော်သွားရာ မှနိုးလာ ပါတော့  သည်…။

( အပိုင်း ( ၆) အားဆက် လက် ဖတ်ရှု့  ပါ ရန်…)

No comments: