Sunday 27 April 2008

မဲ ရုံမှုးတဦး ၏ဖွင့် ဟချက်



ရန်ကုန်မြို့ တွင်နေထိုင်ကြသောပြည်သူများနှင့့်အခြားပြည်နယ်နှင့်တိုင်းအသီးသီး မှဆန္ဒ မဲပေးကြမည့် ပြည်သူ အားလုံး သို့  အသိပေးလိုက်ပါသည်။
လာမည့်မေလ (၁၀)ရက်နေ့ တွင်ထောက်ခံသည်ဖြစ်စေ ကန့်ကွက်သည်ဖြစ်စေကာမူအခြေခံဥပဒေ အား တတိုင်းပြည်လုံးအတိုင်းအတာဖြင့် ဆန္ဒသဘောထား စစ်တမ်းကောက်ယူရန်အတွက် ယခုအခါတွင် မြို့နယ် ၊ရပ်ကွက် အသီးသီးမှ ကျောင်းဆရာ၊ဆရာမများ ကိုအဓိကထား၍အခြားသော ဌာနများမှ ၀န်ထမ်းများအပါအ၀င် ထိုသူတို့ ကိုမဲရုံ မှုး များအဖြစ်ခန့်အပ်ရန်အတွက်သင်တန်းများပို့ ချလျှက်ရှိပါသည် ။
ထိုသို့ မဲရုံ မှုးသင်တန်းပို့ချရာတွင် အချို့ သော ပို့ချချက်များသည် နအဖ စစ်အစိုးရ၏ ကောက်ကျစ်သည့် အချက်များပါဝင်နေကြောင်း အဆိုပါသင်တန်းတက်ခဲ့ ရသည်ဆရာမတစ်ဦး ကဆိုပါသည် ။
အဓိကအားဖြင့်မဲရေတွက်ရာတွင်အခြေခံဥပဒေအားထောက်ခံသည်သင်္ကေတအဖြစ် အမှန်ခြစ်အမှတ်အသား အားပုံတွင်ပါရှိသည့်အတိုင်း ဘောပင် မှင်ရာ မပီမပြင် မှုန်ဝါး ပြတ်တောက်နေစေကာ မှု ထောက်ခံ မဲ ဟုသတ်မှတ်ရမည် ဖြစ်ပြီး ။ကန့် ကွက်မဲ သင်္ကေတ အမှတ်အသား ဖြစ်သည့်  ကြက်ခြေခတ်အမှတ်သားအား အထက်ဖော် ပြပါပုံများအတိုင်း
မှင်ရာပြတ်တောက်ခြင်း ။ ကြက်ခြေခတ်သော်လည်း အထက်ပါပုံများအတိုင်း မပီသသည့်အတွက် ပယ်မဲ အဖြစ် သတ်မှတ်မည်ဟုပို့ ချချက်များပါဝင်နေပါသည်..။ကြက်ခြေခတ်အမှတ်အသား ပီပီပြင်ပြင်ပေါ် မှသာ ကန်ကွက်မဲ အဖြစ် သက်မှတ် ရမည်ဟု ပါရှိပါသည် ။
၎င်းသက်မှတ်ချက်များသည် အရေးမပါလှဟုထင်ရသော် လည်း လွန်စွာအရေးကြီးပါသည် ။ အထက်ပါ အချက် များ အတိုင်းသတ်မှတ်ချက်များ ရှိနေပါ၍ ကန့်ကွက်မဲများကို (မပီပြင်မထင်ရှား) ဟုဆိုကာပယ်မဲအဖြစ်သွတ်သွင်းကာ ၎င်းတို့ ဆက် လက်ရပ်တည်နိုင်ရေးအတွက် ထောက်ခံမဲများကို များသည်ထက်များအောင် နည်းမျိုးစုံဖြင့် လိမ်လည် ကာ
အနိုင် ရရန်ကြိုးပမ်းပေလိမ့် မည်ဖြစ်ပါသည်။
သို့ ပါ၍ဆန္ဒ မဲပေးကြမည့်ပြည်သူအပေါင်းတို့ သည် ကြက်ခြေခတ်အမှတ်အသား( X ) ပီပီပြင်ပြင် ရေးခြစ် ၍ကန့်ကွက်ကြ ပါစို့ ဟု တိုက်တွန်းလိုက်ရပါသည်.။

…………….နောက်ဆက်တွဲ သတင်း…………….

ယခုရက်ပိုင်းအတွင်း နအဖ အမာခံ များဖြစ်ကြသည့် ကြံ့ဖွတ်များ ၊စွမ်းအားရှင်များ ကို ညဉ့်  နက် ချိန် များ တွင် တိတ်တဆိတ် ခေါ်ယူကာ လက်နက်ငယ်သင်တန်းများ ၊ အကြမ်းဖက်နှိမ်နှင်းရေး သင်တန်းများကို ပို့ ချလျှက်ရှိနေကြောင်း..။
နောက်ထပ်သတင်းတခုမှာ မဲဆန္ဒ ခံယူပွဲ အတွင်း ကြံ့ဖွတ် များ ၊ စွမ်းအားရှင်များ ၊ အရံမီးသတ်များ ၊ကြက်ခြေနီ များကိုသာ အဓိကထား ကာတာဝန်များပေးထားသော်လည်း ၊ အမျိုးသမီးများပါဝင်သော မိခင်နှင့် ကလေးအဖွဲ့ ဝင်များ ၊ အမျိုးသမီးရေးရာစသော (နအဖ) ၏ မောင်းမမိတ်သံ ရံရွေတော်များအား ပွဲထုတ်ခြင်းမရှိသေးပါ..။အချို့ သောသူများ၏ခန့် မှန်းချက်အရမူ အဆို ပါအမျိုးသမီးများအား မဲရေတွက် အချိန်တွင်မှ ပြည်သူများဟုအရေခြုံ လက်ဝါး၇ိုက်ကာ မဲရေတွက်သည့် အချိန်တွင်မှပွဲ ထုတ်လာနိုင်သည်ဟု ခန့် မှန်းနေကြပါသည်

Thursday 24 April 2008

ကိုယ်ထူကိုယ်ထ မဲဆန္ဒ


နအဖ စစ်အစိုးရတက်ပြီးနောက်ပိုင်းတွင် သတင်းစာများ ၊ ရုပ်သံမီဒီယာများ မှာမကြာခဏတွေ့ နေရသော အသုံးအနှုန်းစကား တခွန်း ရှိပါသည် ။ ထိုစကား မှာ (ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး ) ဆိုသည့်  စကား ပင်ဖြစ်ပါသည်၊ မြို့ ငယ်များကျေးရွာ များတွင် ဖွင့်  လှစ်သော လမ်းတံတား များကျေးရွာသောက် သုံးရေအတွက် စက်ရေတွင်းများ ၊ စာကြည့်  တိုက် များ ၊ဆေးပေးခန်းများ စသည့်  အများပြည် သူများနှင့်  ပက်သတ်သော နေရာအတော်များများတွင် ကိုယ်ထူကိုယ်ထစနစ် ဖြင့်  ပြည် သူများမှငွေကျေးအကုန်အကျခံကာမိမိတို့  မြို့  ကျေးရွာ သာယာရေးအတွက်တည်ဆောက်ကာ ဆောင် ရွက် ကြရ ပါသည်။

အားလုံးပြီးစီး ရ်ျဖွင့်  ပွဲ အခန်းအနားရောက် ပြီဆို မှဖြင့်  စစ်ယူနီဖောင်းကြီးများဖြင့်  အရှက် မရှိတက်ရောက် ပြီး ဖွင့်  ပွဲ ဆိုပြီးဖဲကြိုးဖြတ်ဖွင့်  လှစ်ကာ သတင်းစာများ ၊ ရုပ်သံမီဒီယာများတွင် ထို သူတို့  ၏ ရုပ်ပုံများကို အသားပေးဖော် ပြလာပါတော့  သည်။

23.4.2008 သတင်းစာပါဆောင်းပါတခုမှာအတော် ပင်ရယ်စရာကောင်းပါသည်။ဖော်ပြပါဆောင်းပါးတွင် ပြည်တွင်းအတွက် အဓိက လိုအပ်နေသော လျှပ်စစ်စွမ်းအား ကို ပြည်သူများမှကိုယ်ထူကိုယ်ထ စနစ်ဖြင့် ထုပ်လုပ်ကြရန်ရေးသားထားပါသည်။ ပံပိုးမှု အနေဖြင့်  နိုင်ငံတော် မှ နည်းပညာများကို လမ်းညွှန် ပေးမည်ဖြစ် ကြောင်း ရေးသား ထားပါသည်။

ထို ကိုယ်ထူကိုယ်ထ စနစ်ဆိုသည် မှာ ပြည်သူများကို နားလှည့်  ပါးရိုက် ကာ ငါးကြင်းဆီနှင့်  ငါးကြင်းကြော် ခြင်းသာ ဖြစ်ပါသည်။မိမိတို့  လိုအပ်ချက်ကို မိမိတို့  ဖြည့် ဆည်းနေကြရသည့်  ပြည်သူများအား ခုတုံး လုပ်ကာ အချောင် နာမည်ကောင်းဝင်ယူသောလုပ်ရပ်ပင်ဖြစ်ပါသည်။

နှစ်ကုန်ကာနီးအချိန်တွင် သတင်းစာ များတွင်ဖော်ပြလေ့ ရှိသောတိုင်းပြည်တွင်းတည်ဆောက်ပြီးသည့် လုပ်ငန်းများတွင် ကိုယ်ထူကိုယ်ထ စနစ်ဖြင့်  တည်ဆောက်ခဲ့ရသည်များကိုတော့  ဖော် ပြလေ့  မရှိပါ။ကိုယ်ထူကိုယ်ထ စနစ်ဆိုသည်ကို စာရေးသူအမြင်နှင့် ပြောရသော် ပြည်သူကောင်းကြိုးအတွက်နအဖ မှလုပ်ပေးခြင်းမျိုး မဟုတ်ပဲ နအဖ နာမည် ကောင်းရရေးအတွက် ပြည်သူများမှလုပ်ဆောင်နေရခြင်းသာဖြစ်ပါသည်။နေရာတကာမှာပြည်သူတွေ က ကိုယ့်အားကိုယ်ကိုးနေရ မှတော့  ပြည်သူ့ အကျိုးပြုအစိုးရမဟုတ်မှန်းသိသာပါသည်။

ကိုယ်ထူကိုယ်ထစနစ်မဟုတ်ပဲ ပြည်သူပိုင်ငွေကြေးများဖြင့်  ကြီးမားခန့် ထည်စွာတည်ဆောက်နေသည့် နေရာကိုပြပါဆိုလျှင်တော့  ကြပ်ပြေးကုန်းနေပြည်တော် ကြီးသာဖြစ်ပါသည်။ထိုနေပြည်တော်ကြီးအားလဲ နအဖ စစ်ဗိုလ်ချုပ်ကြီးများမှ သူတို့  ပိုင်ငွေကြေးများဖြင့်  ကိုယ်ထူကိုယ်ထ တည်ဆောက် ခဲ့ပါလျှင် တိုင်းပြည်ကြီးမှာ ယခုလောက်ဆင်းရဲကျပ်တည်း မှု့ မဖြစ်နိုင်ပါ။ကျွန်ုပ်တိုင်းတိုင်းပြည် မှ ထွက်သမျှ သဘာဝ သယံဇာတ များရောင်းချရသည့် ငွေများဖြင့်  နေပြည်တော် ကြီး တည်ဆောက်ရာတွင် အသုံးပြုမည့် အစား ပြည်သူ့ ကောင်းကျိုးအတွက် ၊ ပြည်သူတွေ လိုအပ်ချက် အတွက် အသုံးချခဲ့ ပါမည် ဆိုလျှင်စာရေးသူအနေဖြင့်  နအဖ စစ်ခေါင်းဆောင်ကြီးများ သက်တော် ရာ ရာကျော် ရှည် ပါစေကြောင်း ဆုတောင်း မိ မှာ အမှန်ပင် ဖြင့်ပါသည်..။ထိုသို့  မဟုတ်ပါရ်ျ ယခုအခါမှာတော့  နေ့ စဉ်………….

နေရာတကာမှာ ကိုယ်ထူကိုယ်ထ စနစ် ကျင့်  သုံးနေရသော ပြည်သူများသည် လာမည့် မေလ မှာပြုလုပ်မည့် အခြေခံဥပဒေ အတည် ပြု ပွဲ မှာဖြင့်  လုပ်ရိုးလုပ်စဉ်အတိုင်း ကိုယ်ထူကိုယ်ထ ကိုယ်ပိုင်လွတ်လပ် စွာ ဆန္ဒမဲပေး ကန့် ကွက် ကြပါစို့  လို့  ပြည်သူအားလုံးအားတိုက်တွန်းလိုက် ရ ပါသည် ခင်ဗျား…။

Friday 18 April 2008

တီရှပ်များလိုက်လံသိမ်ဆည်းခြင်း...

မဟာသင်္ကြန်ပွဲတော် ကာလအတွင်းက လူငယ်တွေ ကြားမှာအနီရောင်အဖြူရောင်တီရှပ်တမျိုးကိုဝတ်ဆင်ကာသင်္ကြန်ရေကစားခဲ့ ကြတယ်လို့  သိရ ပါတယ်..။အဆို ပါတီရှပ်၏စတေကာဒီဇိုင်း မှာအထက်ပါ ပုံအတိုင်းဖြစ်သည်…။စတေ ကာဒီဇိုင်းမှာ မူ (RFA)သတင်းဌာ နှ မှတင်ပြခဲ့သလို ပဲ..မူးယစ်ဆေးဝါးဆန့်  ကျင်ရေးအတွက် ယူဆနိုင်သလို၊နအဖ၏လမ်းစဉ်(၇)ချက် မှ လေးဆင့်  မြောက်ဖြစ်သောလူထုဆနခံယူပွဲအားဆန့်  ကျင် သည့်  သဘောယူဆရ်ျလည်းရနိုင် ပါသည်..။

ယခုအခါတွင်အာဏာပိုင်များဖက် မှ၎င်းတီရှပ်များဝတ်ဆင်ခဲ့ ကြသောလူငယ်များထံမှတီရှပ်များကိုလိုက် လံသိမ်းဆည်းနေကြောင်းရန်ကုန်သားဘလော့  သို့  တီရှပ်အသိမ်းခံရသူလူငယ်တဦးမှသတင်းပေးပို့  လာ ပါသည်..။

Friday 11 April 2008

အမှန်တကယ်တိုးတက်နေပါသည်...




ရန်ကုန် ၊ မန္တလေး နှင့်  အခြားမြို့ ကြီးများတွင် လိုင်းပြေးဆွဲ ကြသည့်  ကားအစီးရေသည်ခရီးသွားလာသည့်  လူဦးရေထက် စာလျှင် အလွန်နည်းပါး လာပါသည်။ခရီသွားသူဦးရေများသော်လဲ ယာဉ်အစီးရေမလုံလောက် သဖြင့်  ပုံတွင် မြင်တွေ

ရ သည့်  အတိုင်းအန္နရယ်ကြီးစွာဖြင့်  ခရီးသွားလာ ကြ ရ ပါသည် ။လောင်စာဆီဈေးနှုန်းမြင့်  တက်လာသောကြောင့်  လဲ မော် တော် ယဉ်ပိုင်ရှင် များအနေနှင့် တွက် ခြေကိုက် အောင် ခရီးသည် များကို ကားခေါင်မိုးအပေါ်မှာ ပါတင် ဆောင် ကြရ ပါသည်..။ ယဥင်္ထိမ်းရဲများအနေနှင့်  ဖမ်းဆီးအရေးယူ ကြသည်ဆိုသော် လဲ မြို့ အစွန်များတွင်..စပယ်ယာနှင့်  မော် တော် ပီကယ်.စက္ကူခြင်္သေ့ တွေနှင့်နားလည် မှု့ ယူသွားကြတာများပါသည်။

အဓိက ဇစ်မြစ်မှာယခုလက်ရှိအစိုးရသည်မော်တော်ယဉ်များတင် သွင်းရာတွင် အဆမတန် အခွန်များကောက်ခံထားခြင်းကြောင့်  ဖြစ်သည်။အလကားနီးပါးရရှိသည့်  သဘာဝဓါတ်ငွေ့  များကို ပြည်ပသို့ သာ ဦးစားပေးရောင်းချနေသောကြောင့် ပြည်တွင်းလိုအပ်သောလောင်စာဆီကို လုံလောက် အောင် သင့် တင့် သော ဈေးနှုန်းများသို့  လျှော့  ချသင့်  ပါသည်။မော်တော် ယဉ်တစီး၏အနိမ့် ဆုံးဈေးနှုန်းမှာငွေကျပ်သိန်းတရာ ၀န်းကျင် တွင် ရှိပါသည်။ ထိုဈေးနှုန်းသည်စုတ်ပြတ်နေသောကားများကို ဖာထေးရောင်းချကြသည့်  ဈေးဖြစ်ပါသည်။ယခုကဲ့သို့ အိုမင်း ဟောင်း နွမ်းနေသောကားများကို ခရီးသည်တင်ဆောင် ရာတွင်လည်းဝန်တန်ချိန်အဆမတန်တင် ဆောင် ကြသည့်  အတွက် ခရီးသွားပြည် သူများအနေဖြင့်  များစွာအန္နရယ်ကြီမားလှပါကြောင်းတင် ပြလိုက် ရ ပါသည်။

Monday 7 April 2008

အမေတယောက် ဆုံးရှုံးခြင်း...

ယနေ့  နံနက် (83း7) အချိန်တွင် မန္တလေးမြိုြ့ပည်သူ့ ဆေးရုံကြီတွင်ပြည်သူတို့  ချင်ခင်လေးစားရပါသော စာရေးဆရာမကြီး လူထု ဒေါ်အမာ ကွယ်လွန်သွားကြောင်းကြား သိရသည့်  အတွက်မိသားစုနှင့်  အတူထပ်တူ ၀မ်းနည်း ရပါကြောင်း…နှင့်  ကျနော်တို့ အားမေတ္တာအစစ်အမှန်တို့  ကို ပေးစွမ်းနိုင်သည့် မိခင်တယောက်ဆုံးရှုံး သကဲ့သို့  မျိုးခံစားရပါကြောင်း….။

ရန်ကုန်ပြည်သူများဘလော့  မှဝမ်းနည်းမှတ်တမ်းတင်လိုက် ပါသည်..။

ယခုလိုအချိန်တွင် အမေလူထုဒေါ်အမာ၊ဆရာကြီးကြေးမုံဦးသောင်းတို့ ကွယ်လွန်ခဲ့ ခြင်းသည် အစားထိုးမရသော ဆုံးရှုံး မှု့  များဖြစ်ပါကြောင်း…တင်ပြလိုက်ပါသည်။

ဆန့်ကျင်ဖက်

ယခု လ ၄ ရက်နေ့  က ထိုင်းနိုင်ငံ မယ်တော် ကျောင်းကြီးတွင် ပြုလုပ်သော စုပေါင်ရှင် ပြု ပွဲတွင် သီးလေးသီးဆေးရောင် စုံ အဖွဲ့ မှ လူ ရွှင်တော် များဖြစ် ကြသော စိန်သီး ပန်းသီး ဇီးသီတို့  နဲ့အတူ ဒီမိုကရေစီနိုင်ငံရေးမျိုးဆက် မှကျောင်း သူမရည်မွန်အိမှ တွဲဖက် က ပြဖျော် ဖြေခဲ့တယ်လို့  သိရ ပါသည်။သီးလေးသီး မှမင်းသမီးနှစ်လက် စင်္ကပူမှာသွားရောက်ဖျော်ဖြေနေတဲ့အတွက် စင်္ကပူသွာံးရန် ဗီဇာမရသေးပဲကျန်နေသော စိန်သီးပန်းသီး ဇီးသီးတို့ အား ကူညီသည့်အနေဖြင့် ၀၀်ရောက်က ပြပေးဖြင်းဖြစ်ပါသည်..။ထို့  အတူပဲ မိဘ မဲ့ ကလေး ငယ်လေး များမှလဲ သင်္ကြန်သီချင် များနှင့်  က ပြဖျော်ဖြေခဲ့ ပါသည် ။

ယခု လို ပြည်တွင်း ပြည် ပ မှ မြန်မာ များအနေနှင့်  နှစ်ကူးကာလ တွင် ကောင် မှု့  ကုသိုလ်များပြု လုပ်နေချိန်တွင် နအဖ ဗိုလ်ကြီး မှ လဲ သာမည ဆရာတော် ဘု ရားကြီး ၏ရုပ်အလောင်းကို ခိုးယူ ကာမီးရှို့  ရ်ျ ယတြယာချေ ကာ အကုသိုလ်အလုပ်များဆက်လက် လုပ်ဆောင် နေပါသည်။

Tuesday 1 April 2008

ပြည်သူတွေ..ထဲ မှ..အသံများ

အသံတွေ …အသံတွေ ..ဆန္ဒခံ ယူ ပွဲ မှာ မဲ ထည့်  ဖို့  အရေး အသံတွေ အမျိုးမျိုးကြားနေရ တယ်…ဗျာ ..။

ကြားရသမျှ..အသံပေါင်းစုံ ကို ကျနော် မအားလပ်တဲ့ အတွက် ယာယီရပ်ဆိုင်းထားတဲ့ ကြား က ပဲ မနေနိုင် တော့  လို့  တင် ပြလိုက် ရ ပါတယ်…။လာမယ့်  မေလမှာ ပြု လုပ် မယ့်  ဆန္ဒ ခံ ယူပွဲ နဲ့ ပါတ် သက် ပြီးပြည်သူတွေ ကြားမှာ အမျိုးမျိုးအဖုံ ဖုံ ကြားနေရ ပါတယ်…ကြားရတဲ့ အသံတွေ ကတော့  ……………….။

“တို့  မဲပေးတာ က တော့  ဟုတ်ပါပြီ…အခြေခံ ဥပဒေ ဆို တာ ပဲ သိတယ် ဘာတွေ ပါတယ် ဆိုတာ ခုထိမသိသေးဘူး…ပြီးတော့  ထောက် ခံ ဖို့  ကြီး ပဲ ထပ်တလဲလဲ ပြေနေတယ် ..ဘာကိုထောက် ခံ ရမှာ လဲ ..ဘာမှန်းမသိပဲနဲတော့  ရမ်းသမ်းမထောက် ခံနိုင် ဘူး..ကွ ”…..ဒါက..အသံတသံ..။

နောက် တယောက် ကတော့  ..“အခြေခံဥပဒေ ဆို တာ ကြီး စာအုပ်ထွက် တယ် လို့  တော့  ပြော နေကြတယ်…ဖတ်တော့  ဖတ်ချင် တယ် …အလားကားနေရင်းပိုက် ဆံ ကုန်မှာ..စိုးလို့  ..ပြီးတော့  သူတို့  ဟာ က ဘက်(စ)ကားပေါ်မှာ ဂျာနယ်ရောင်းနေသလို ပဲ ..သိချင် ရင် ၀ယ်ဖတ်..တစောင် မှ.၃၀၀ကျပ်…ဆိုတာမျိုးဖြစ်နေတယ်..”

နောက် အသံတသံ က..“မဲ ပေး ထောက် ခံ ဖို့  ပဲ ပြောနေကြတာ ..ပါးစပ် က အမြုပ်တစီစီ ကျနေပြီ…ခုထိ မဲ ပုံးကို မဲ ဘယ်လို ထဲ့ ပါဆိုတာ တောင့် မကြေ ငြာ ကြသေးဘူး…ဒီလောက် အရေးကြီး တဲ့ ကိ စ္စ ကို ..ထမင်းစားရေသောက် တဲ့ အလုပ် လောက် ပဲ သဘောထားကြတယ်ထင် ပါ့  ..ကွာ..”လို့  ဆိုတာကတမျိုး…..

တချို့  ကြပြန်တော့  …“သူတို့  ဘာတွေ ပဲ ဘယ်လောက် ကောင်း အောင်ရေးထားထား…လူကို မကြိုက် လို့  သူတို့  ချမှတ်တဲ့ မူတွေ ကို မကြိုက် ဘူး…အဲဒီတော့  မထောက် ခံ ဘူး..ရှင်းရှင်းပဲ …”လို့  ဆိုပြန်သူ..

ကြောက်တတ်တဲ့ သူတွေ ကျပြန်တော့  လဲ …“ငါတို့  က ထောက်တော့  မထောက် ခံ ချင် ဘူး ..ဒါပေမယ့်  ..သူတို့  ကို မထောက် ခံ ရ ကောင်းလားဆိုပြီး …ကိုထည့်  တဲ့ မဲကို မှတ်ထား ည ကြအိမ်လာ ဖမ်းရင် ဘယ်လို လုပ် မလဲ လို့  …မိုးပြို မှာ တွေးကြောက်နေသူတွေ လဲ ရှိသေး ရဲ့ …ကျနော် က မနေနိုင် လို့  “ မဲထည့်  တဲ့ လူတိုင်း ကို ဘယ်လို မှတ်မိ နိုင် မလဲ ဗျ..”ဆိုတော့ …ခင် ဗျား က လဲ ပြော မရ ဘူးလေ ဗျာ တဲ့ …ကျနော် တို့  ပေး ရ မယ် မဲ က ကျနော် လုပ်တာ လဲ မဟုတ်ဘူး…ခင် ဗျား လုပ် တာ လဲ မဟုတ်ဘူး…..သူတို့  လုပ် တာ ဗျ..တော် ကြာ.စီနီယာ နံ ပါတ်တွေ လို မျိုးတွေ ..အမှတ်အသားတွေ ပါမလာ ဘူး လို့  ခင် ဗျား အာမခံ လားတဲ့ …” အဲ ဒီလို တွေးကြောက် ပြီး ..ပြောမိတဲ့ ကျနော် ပါ …အာမခံ ..လိုက် ခိုင်းနေသူတွေ လဲ ရှိရဲ့ ……။

အဲ ဒီလူ ပြောသလို ဆို ရင် ..မထောက် ခံ တဲ့ သူတွေ ကို ဖမ်း မယ်ဆို ရင် ..ရန်ကုန်တမြို့  စာအတွက် တော င် အဖမ်းခံ ရ မယ် သူတွေ ထားဖို့  အင်းစိန်ထောင် လို မျိုးနောက်ထပ် ထောင် တစ်ရာ လောက် ..နအဖ က ကြို ပြီး တည် ဆောင် ထားရ မယ် ဗျ…စဥင်္းစား ကြ ပါဦး…ရန်ကုန်ပြည်သူတွေ ရေ့ …..။

ဘယ် သူ့  မေးမေး ကန့် ကွက် မဲ ပဲ ထည့်  ကြ မှာ ပဲ ….ကန့် ကွက် မှာ က တော့ မပူ ရ ဘူး..အကုန်ကန့် ကွက် မဲ ထည့်  မှာ….ကျနော် တို့  စိုးရိမ်ကြ ရ မှာ က ခွေးသခိုး ..မအေပေး..ကပ်ဖားယပ်ဖားကောင်တွေ …လူတပိုင်းတိရိစ္ဆာန်တပို င်း..ကြံ့ဖွတ်တွေ မဲ ခိုး မှာ ကို ပဲ …..အဲဒီတော့  ….ရန်ကုန်ပြည် သူအားလုံးကို..ကျနော် ဒီနေရာ ကနေ တိုက် တွန်းလိုက် မယ် ဗျာ…အားလုံးပဲ မဲ ရုံ ကို သွား…ကန့်  ကွက် မဲ ထည့်  ကြ…ပြီးရင် အိမ်မပြန်ကြနဲ့  မဲ ရေတွက် ပြီးသည် အထိစောင့်  ပြီး ..အားလုံးရဲ့ ရှေ့  မှာ ရေတွက် ခိုင်း ….မမြင် ကွယ်ရာ မှာရေတွက် တာ ကို လက် မခံ ကြ နဲ့ ....မဲရေတွက် ပြီး ပြီး ခြင်း..ရလာတဲ့ ..အဖြေကို ရပ်ကွပ် ရုံးတွေ မှာရှိတဲ့ ကြော်ငြာ သင် ပုန်းတွေ မှာ ကြော်ငြာ ပြီး…ရုံးရှေ့  မှာ ကြော်ငြာခိုင်း…ဒီလောက်တော့  လုပ်ပေး ကြပါဗျာ….ကို နဲ့ မဆိုင် သလို မနေကြပါနဲ့ …ဒီလောက် လုပ်ပေးရင် ပဲ ခင် ဗျားတို့  တာ ၀န်ကြေပါပြီ…..သေတဲ့  သူတွေ ..ထောင်ကျ..နေတဲ့ သူတွေ အတွက် ဒီလောက် လေးတော့  လုပ် ပေး ကြ ပါ….ဗျို့….

နအဖ ပြော ထားသလို …အနည်းဆုံးပြည်သူဆယ်ဦးရှေ့  မှာ မဲရေတွက် မှာ ပါဆို တာ အလကား..မယုံ နဲ့ ..ကြည့်နေလုပ်ပြပါလိမ့် မယ်….ကြံ့ဖွတ်အဖွဲ့  က ပြည် သူတယောက် …စွမ်းအားရှင် အဖွဲ့  က ပြည်သူတယောက် ..အရံမီးသတ်အဖွဲ့  က ပြည် သူတယောက်…အမျိုးသမီးရေးရာ က ပြည် သူတယောက် …မိခင်နှင့်  ကလေး…အဖွဲ့  ပြည် သူတယောက် ..အဲဒီလို တယောက်တယောက် နဲ့ တင်..ဆယ်ယောက်ပြည့်  သွားလိမ့်  မယ်…ကြပ်ကြပ် မှတ်ထားပါ…အလကား..မပေးခင် ညာနေတာတွေ …

ကို ယ့်  လည်ပင်း ကို ကိုယ်ကြိုးကွင်းမစွတ်ချင် လို့  ကန့်  ကွက် မဲ ထည့်  ခဲ့တာဆိုပြီး အိမ်ကို ရင်ကော့.. ပြန်မလာနဲ့…ကိုယ်ထည့်  ခဲ့ တဲ့..မဲ ကို..ခွေးသခိုးတွေ က ထောက်ခံ မဲ ပြန်ပြောင်းလိုက် မှ..သူများက ကို ယ့်  လည် ပင်းကြိုးကွင် စွတ်တာ ခံ ရ မယ်…..မဲ ထည့်  ရုံ နဲ့ မပြီးဘူး..ကို ထည့်  မဲ ဘယ် ဘ၀ရောက် လဲ ဆို တာ ကို ပါအလေးထားကြ..ဖို့ လို အပ်ပြီဆိုတာ ကို ..ပြည်သူအားလုံးကို တင် ပြအပ်ပါသည် ……….ခင်ဗျား….။