Tuesday 18 March 2008

အရင်တုန်းကအချိန်..အခုအချိန်..ပြီးတော့  နောက် လာမယ့်  အချိန်..........(ဒုတိယပိုင်း)

(ဒုတိယပိုင်း)
အမှန်တကယ်တတ်ကျွမ်းတဲ့ ပညာရှင်တွေ ကို ဘေးချိတ်ထားတယ်နေရာမပေးဘူး။ဘယ်နေရာမဆိုသူသူတို့  လုပ်လို့  ရမယ်ပဲ ထင်နေတယ်..ဖြစ်တော့  ဖြစ် ပါတယ်(သောက်)တလွဲတွေ. ခုပဲကြည့်ဦးနောက်တခုပြောပြမယ် . တက္ကစီတွေ မှာမီတာတပ်တယ်တဲ့ .ပိုင်ရှင်တွေ ကမတပ်မနေရဆိုတော့  တပ် တယ်..သတ်မှတ်ထားတဲ့ နှုန်ထားနဲ့ တောင်းလားဆိုတော့  ခရီးသည်မြင် မှာစိုးလို့  လက်ကိုင်ပ၀ါလေးနဲ့ဖုံးထားကြတယ်.ဘ ယ်နေရာမဆို သေချာစဉ်းစားကြဖို့  ကောင်းတယ်..ဗျာ။ပြောလိုက်သေးတယ်စိုက်ပျိုးရေးကိုအခြေခံ ရ်ျခေတ်မှီတိုးတက်သောနိုင်ငံတော် ကြီးတည်ဆောက် အံ တဲ့ ..ဘယ်တော့  မှ မမျှော် လင့်  လေနဲ့..နည်းပညာမပါပဲနဲ့ဘယ်တော့  မှမတိုးတတ်ဘူး..ဟိုအရင်တုန်ကတော့  ဟုတ်ချင်ဟုတ်မယ်…..ယနေ့  မျက်မှောက် အချိန်မှာတော့  တက်တက်စင်အောင် လွဲ နေပြီဗျ……။ကြက်ဆူပင်တွေ စိုက် တယ် ဘာဖြစ်လာလဲ..နေကြာပင်တွေ စိုက်တယ် ဘာဖြစ်လာလဲ ..ကျနော် တို့  ပြည်တွင်းမှာတော င်ကြက်ဆူဆီ(ဘိုင်အိုဒီဇယ်)တဂါလံ ဘယ်လောက်ဆိုပြီးဈေးကွက်ပေါ်ပေါက်လာပြီလား…နိုင်ငံတကာတင်ပို့  ဖို့ နေသာသာပြည်တွင်းဈေးကွက်အနေနဲ့တောင်မဖြစ်ထွန်းသေးဘူး….ကုန်ကျစားရိတ်ကတော့  အဲ ဒီအတွက်သောက်သောက်လဲ ကုန်ထားတာ…လုပ်ချင်တာတွေ လျှောက်လုပ်နေတော့  တာ ပဲ အဲ ဒါဘာဖြစ်လို့  လဲ သိလား….သူတို့  ကိုယ်တိုင်မတတ်ကျွမ်းလို့  ….ပညာရှင်တွေ ဘေးချိတ်ထားလို့  ဖြစ်ရတာတွေ ပဲ ….စစ်တိုက်တဲ့ ပညာ..လူသတ်တဲ့ ပညာတွေ တတ်နေရုံနဲ့ တော့  တိုင်းပြည် ကို ဘယ်လို မှအုပ်ချုပ်လို့  မရ ဘူး……အမှန်တတ်သိနားလည် တဲ့ သူတွေ ကို ပဲ အုပ်ချုပ်စေချင်တယ်ဗျာ…..ကျနော့်  သဘော ပြော ရ ရင် တိုင်းပြည်ကိုအုပ်ချုပ်တဲ့ သူကို လူပုဂ္ဂိုလ်အနေနဲ့ မရွေးချယ်ဘူး…ရွေးချယ်တဲ့ သူ ဟာ..တိုင်းပြည်အတွက်..ပြည်သူတွေ အတွက်ဘယ်လောက်…တိုးတက်အောင်လုပ်ပေးနိုင် မလဲ ဆို တာ ကို ပဲ အလေးထားမယ်ဗျ….။
နောက်တခုကျနော်တို့  တိုင်း ပြည် က သယံဇာတတွေ ….ကုန်ခါနီး ပြီ…..နောင်အနှစ်နှစ်ဆယ်ဆိုရင်မြေကြီးတူးရောင်ဖို့ပဲ ကျန်တော့  မယ်……။ပြည်ပ အားကို ပုဆိန်ရိုးတဲ့ ….သူများတွေ တော့  ပြော တယ် ဗျာ..သူတို့  ကရောပြည် ပ နဲ့ ကင်း ကြလို့  လား…။စကားစပ်မိတုန်းအားလုံးကို အသိပေးလိုက် မယ်ဗျာ..ဟိုတလော က ရုရှားက ကုမ္မဏီတခု နဲ့ မြန်မာအစိုးရ က စာချုပ်တခုချုပ်လိုက်တယ်.(ချင်းတွင်း).ဥရုမြစ်ရိုးတလျှောက်မှာရွှေနဲ့ ဆက်စပ်သတ္တုပစ္စည်းများရှာဖွေ ရေးဆို ပြီးတော့  လေ…….အဲ ဒါအဓိက ရှာ မှာ က ယူရေနီယံသတ္တု ပဲ ..ရွှေဆိုတာ က လူကြားကောင်းအောင်ခေါင်းစဉ်တပ်ထားတာဗျ…အဲဒီဖက် ဒေသခံ တယောက် ကပြောသွားတာ..ခုစလုပ်နေပြီ..ပေါက် ရောက်တဲ့ သူတွေ က အချိန်မီတားဆီးပေး ကြ ပါ ….ဒေသ ခံ တွေ ကတော့  ခုလက် ရှိရှာနေကြတာ က ရွှေ ရယ်..ရွှေ ဖြူ(ပလက်တီနမ်) ရယ်ပဲ ရှာနေကြတာ…။တိုင်းပြည်ကို လက်သိပ်ထိုးပြီးရောင်းနေပြီ … ။နူကလီးယားလက်နက်အတွက်ကြိုတင်ကြံစီမှု့  ရှိနေပြီ….။တိုင်းပြည်မှာအန္ဒရာယ်ကြီးနေပြီ…. အကျဉ်းချုပ်ပြောရင်….ပြည်သူတွေ ဟာမိမိအနာဂါတ်ကို မိမိရွေးချယ်ကြပါ…..အချိန်မီရုံလေးပဲ ရှိတော့  တယ်…ခုချိန်မှာ အမှားမခံ တော့  ဘူး…..ခုချိန်တခါမှားတာနဲ့ နောင် ဆွေ စဉ်မျိုးဆက်သားစဉ်မြေးဆက် ခံ ရတော့  မှာ ပါ ….ကြောက်စိတ်တွေ ကို ခေတ္တဘေးဖယ်ထားကြပါစို့  .ဟူရ်ျတိုက်တွန်းလိုက် ပါ ရ စေခင် ဗျာ……..

1 comment: