Thursday 13 March 2008

မန္တလေးသွားတောလား


ပြီးခဲ့တဲ့ရက် ပိုင်းတွင်း က ရန်ကုန်သားတယောက်မန္တလေးရောက်ခဲ့ တယ် ဗျ...ရောက်တဲ့နေ့  မှာ ပဲ မီးလောင်တာနဲ့ တိုးခဲ့ တယ်...အံ ရော ဒီနှစ်အတွင်းမီးလောင်တာ နည်းနည်းလောင်လိုက်များများလောင်လိုက်နဲ့ စုစုပေါင်းကိုးကြိမ်လောက် ရှိပြီတဲ့..ခုနောက်ဆုံးလောင်တာကတော့  ကားသုံးစီးလောင်သွားတယ်တဲ့..ကျုံးနဘေးနားမှာဆိုပဲ......
ဒါနဲ့ပဲ မြို့  ထဲ လျှောက်လည်တယ်ပေါ့ ဗျာ...လက်ထဲ မှာလဲ ကင်မရာလေးက ပါတော့  ..လက်ကမြင်းမိတယ် ဆိုပါတော့  .....နေက ပူ ဖုန်ကထူတော့  နေရာ အနှံ့ တော့  မသွားနိုင်ပါဘူး...တွေ့ သလောက် မြင်သလောက် ပါ ...
ရဟန်းပျိုတွေ ကိုရင်လေးတွေ ဆွမ်းခံ ရ တာ မလွယ် ဘူးဗျ...တအိမ်နဲ့တအိမ်ကားတွယ်စီးပြီး ကြွ ရ တာ. .ပြီးကျောင်သားကျောင်းသူတွေ ကျတော့  ရော ကျောင်းတက်ဖို့  အတွက် မိန်းခလေးတွေ ပါကားတွယ်စီးရ တာ. .ချီးကျုးတယ် ဗျာ..ပညာရေးအတွက်ကူညီပံ့ ပိုးတယ်ဆိုတာဘယ်နေရာ မှာ လဲ မသိဘူုးနော် ...ဆရာဆရာမတွေ လဲ (လက်ရှိအလုပ်လေးမပြုတ်ရေး..ဖော်လံ ဖားပြီးမျက်နှာချိုသွေး)နေကြတာထင်ပါရဲ့ ..ကျောင်းသားကျောင်းသူတွေ အတွက် ဘာမှာ မကြည့် ကျတော့ ဘူး...အမှန်ကိုအမှန်အတိုင်း..ဘယ်သူမှမပြောရဲ ကြမတင် ပြရဲကြဘူး...မရှုက်ကြဘူးလားမသိဘူး
ဘုရားကြီးတ၀ိုက်မှာတော့  သားထောက်သမီးခံ မရှိဆင်းရဲ နွမ်းပါတဲ့သက်ကြီးရွယ်အိုတွေ တန်းစီပြီးအလှူ ခံ နေကြတာစိတ်မကောင်းစရာ ပဲ ..နဲနဲပါးပါး လုပ်နိုင်ကိုင်နိုင်သေးတဲ့ အဖိုးအိုတွေ ကျတော့  ပုံပါအတိုင်း အိုးတိုက် စက်ဖွဲပြာကိုအထမ်းလေးနဲ့ ရောင်းကြတယ်..အရင်းနှီး က လဲ မရှိမှမရှိပဲ ..အရင်းမလိုတဲ့နည်းပေါ့နော် ...
တွေ့  သမျှမြင်သမျှတွေ လျှောက်ရေး ရင် လဲ ရေးလို့  ကုန်မှာ မဟုတ်ဘူးဗျာ...ပြီးတော့  လဲ စိုးရိမ်တာတခုက ရန်ကုန်သားတင်ပြထားတဲ့ မြင်ကွင်းတွေ မရှိအောင်..တောင်းစားတဲ့ သူတွေ ဒီနေရာမတောင်း၇ဘူးဟိုနေရာမတောင်းရဘူး ဆိုပြီး..အမြော်မြင်ကြီးစွာနဲ့ မောင်းထုတ်ရင်ဒုက္ခ...တော်ကြာ..တော်ကြာ..(သိတယ်ဟုတ်)

1 comment:

Anonymous said...

အော် မိန်းကလေးတွေတောင် တွဲခိုနေရပါလား ။ မြန်မာပြည်အဖြစ်ကတော့ ဆိုးသထက် ဆိုးရင်းပဲ ...