Wednesday 12 March 2008

ကပ်ပါးကောင်များ



ကျနော်တို့  ကိုမောင်သီးဆိုသူတယောက် က cbox မှာဝင်ရေးလာတယ်ချောင်ကြိုချောင်ကြားကပုံတွေ ကိုရိုက် ပြီးတော့  အစိုးရ ကိုသိက္ခာမချပါနဲ့တဲ့..ပြော ပုံလေးက..အပြည့်  အစုံကိုကူယူဖော်ပြလိုက် ပါ တယ်….

မောင်သီး: အဆိုးမြင် စိတ်ဓါတ်တွေနဲ့ အစိုးရ သိက္ခာကျအောင် လိုက်ချမနေပါနဲ့ ခင်ဗျ၊ ဘယ်သူ့ အတွက်မှ မကောင်းပါဘူး

5 Mar 08, 04:54

မောင်သီး: နိုင်ငံတိုင်းမှာ ဆင်းရဲ မွဲတေတဲ့ မြင်ကွင်းတွေ ရှိပါတယ်

5 Mar 08, 04:53

မောင်သီး: ဂျောင်ကျိုဂျောင်ကြားက ပုံတွေကို အပြစ်ရှာလိုက် ရိုက်မေပါနဲ့

ကျနော် တို့  လိုဖော်ကောင်နဲ့  လဲ တွေ ရော..အနာပေါ်ဒုတ်ကျအခံ ရ ဖြစ်ပြီပေါ့  ..သူတို့  လိုကပ်ပါးကောင်တွေ ရှိနေကြလို့  လဲကျနော် တို့  ပြည်သူတွေ လုံးပါးပါးရ တာ ပါ..။ကျနော်တို့  ကတော့  ထင်တယ်..လူကြီးလမ်းကြောင်းရှိလို့  လမ်းဘေးသစ်ပင်တွေ ကို ထုံးသုတ်…ခြံစည်းရိုးတွေ ကို ၀ါးကပ်လေးကာပြီးထုံးသုတ်…ဖာရာဗရပွနဲ့လမ်းတွေ ကိုသဲဖြူးပြီးခဏတာကြည့်  ကောင်းအောင် ပြင်..တိုက်ပုံဖြူလေးဝတ်.. လက်အုပ်ကလေချီမျက်နှာပေးကကြောင်သေမမျက်နှာပေးလေးနဲ ..ပါမစ်လေးများချပေးခဲ့လေမလားဆိုပြီးမျှော်လင့်  ချက်တွေ နဲ့ဖားယားနေသူတွေ ထဲ မှာမောင်သီးတယောက်ကိုမြင်ယောင်လာတယ်….

ခုလိုမောင်သီးစလိုက်လို့  အပေါ်မှာတင်ထားတဲ့ ဓါတ်ပုံလေးတွေထပ်မံဖော်ပြလိုက် ပါတယ်…အဲဒီကလေးတွေ ဟာမိဘတွေ က ကျောင်းမုန့်  ဖိုးမပေးနိုင် လို့  ကျောင်မုန့်  ဖိုးရဖို့  အတွက် မြစ်ကမ်းနဘေး..က မ်းစပ်မှာသံတိုသံစရှာပြီးအလေးချိန်နဲ့ဝယ်သူဆီမှာပြန်ရောင်းရတယ်..ရတဲ့  ပိုက် ဆံလေး..ငါးဆယ်တစ်ရာကိုမှကျောင်းမှာမုန့်  ၀ယ်စားရတယ် ..ဒီကလေးတွေ ဟာအချိန်မရွေးရေနစ်နိုင်တယ်..ခြေထောက်ကို သံစတွေ ပုလင်းကွဲတွေစူးနိုင်တယ်…လေ

တကယ်လိုများမောင်သီးရယ်ဒီကလေးတွေ ဟာမင်းသားသမီးလေးတွေ ဖြစ်ခဲ့ မယ်..ဖြစ်နေမယ်ဆိုရင်…ဒီစကားမျိုးတွေ ကိုမင်းပြောနိုင်ပါဦးမှာလား…

ရန်ကုန်သားတယောက်ကတော့  ဆက်လက်ပြီးဖော်ကောင် လုပ်နေဦးမှာ ပါ…ကို ယ့် ပေါင်ကိုလှန်ထောင်းနေဦးမှာပါ….အားပေးနေသူအားလုံးကိုကျေးဇူးတင်ပါတယ်…ဖုံးဖိထားတာတွေ ပေါ်ကုန်လိုစိတ်ညစ်သွားသူတွေ ကိုလဲ ကျေးဇူးတင်ပါတယ်…

No comments: