Sunday 16 March 2008

အရင်တုန်းကအချိန်..အခုအချိန်..ပြီးတော့  နောက် လာမယ့်  အချိန်..........

တချိန်တုန်း ဥိးလေးက စစ်တပ်ထဲ ကပါ..ခုတော့  ကွာ ရ တဲ့ ပင်စင်လခလေးကမဆိုစလောက်လေးနဲ့ ငါလို ခြေတဖက်ပြတ်နေတဲ့ သူဘယ်လို ထမင်း ၀ ပါ့  မလဲညီလေးရာ..နောက် ဆုံးတော့  လဲမင်းခုမြင်နေတဲ့ အတိုင်ပဲညီလေး..ဆိုပြီးဝမ်နည်းစို့  နင့်  စွာနဲ့ ပြော လာခဲ့ တဲ့ တချိန်တုန်းကတိုက်ပွဲပျော်ကြီးတဦးပါ..ခုနေမှာတော့  လမ်းဘေးမှာပိုက်ဆံတောင်းရသူတဦး ပါ….
ခုလက်၇ှိအချိန်မှာဘယ်နေရာ မှာ ပဲဖြစ်ဖြစ်အဆင့်  အတန်း ခွဲခြားမှုတွေ အရမ်းဆိုးဝါးနေပါတယ်..တိုင်းပြည်ကို ကာကွယ်ခဲ့ တဲ့ သူတဦးကို ခုလိုပစ်စလက်ခက်ထားတာမကောင်ဘူးဗျ…အောက်ခြေက စစ်သားတွေ ရဲ့ ဘ၀တွေ ဟာ ချို့  တဲ့ စွာနဲ့နေကြရတာပါ..ကိုယ်အင်္ဂါတခုခုချို့  တဲ့သွားတဲ့နေ့  မှာတော့  ကျောထောက်နောက်ခံ မိသားစုအသိုင်အ၀ိုင်း မရှိလို့  ကတော့  လမ်းဘေးရောက်သွားကြတာကြီးပါပဲ ။အောက်ခြေက စစ်သားကြီးတွေ မှာတော့ တဖြေးဖြေးနဲ့ ကိုယ်ဖြစ်ကို ယ်ခံ ဆို တဲ့ စွန့်  ပစ်ခံ ဘ၀ကိုရောက်နေပါပြီ ။ဗိုလ်ချုပ်ကြီးတွေ နဲ့ ပလဲ နံ ပသင့်  တဲ့ သူတွေ ။သူတို ရဲ့ သားသမီးတွေ ကျတော့  ကောင်းပေ့  ညွန့်  ပေ့  အခွင့်  အရေး ရ ပါ ပေ့  ဆိုတဲ့ နေရာ တွေ မှာ နေရာ ယူထားကြတယ် ။အာဏာဆိုတာကို ထင် သလို အသုံးချကြတယ်၊တဖြေးဖြေးနဲ့ ပြည်သူအပေါ်ထားတဲ့ စိတ်ဓါတ်တွေ က မမှန်တော့  ဘူး၊အဲ ဒီလို စိတ်ဓါတ်မမှန်လာတဲ့ အခါကြတော့  ဘုန်းကံမြင့်  မားနေတုန်းလေးခဏ ပဲ ပြီးတာနဲ့ သူတို မိသားစုနဲ့ ဘယ်သူမှမပါတ်သတ်ချင်ကြတော့  ဘူး။ဥပမာပြောရ ဗျာလူငယ်တွေ ပါသိအောင် ဦးခင်ညွှန့်  နဲ့ ဥ ပမာ ပြမယ်။တချိန်တုန်းက ဆိုရင် ဘုန်းမီးနေလအတော်ကြီးမားခဲ့ သူ ပါ။အမှန်တကယ်လဲ တော်ပါတယ်..လမ်းတံတားတွေ ကို တော် တော် လေး တည်ဆောက် ခဲ့ သူ ပါ။အဲ ဒီမှာ ပဲ တံတားတခုတည်ဆောက်ခြင်း အားဖြင့်  ရရှိလာတဲ့ အကျိုးအမြတ်ကို သိလာတယ်။တံတားတစင်းဆောက်တာနဲ့ ကိုယ်ကျိုးအတွက် ဘယ်လောက် ရ လဲ ဆို တာ သိသွားပြီ။ပြည်သူ ပိုင်ပိုက်ဆံ ကိုတံတားတစင်းဆောက် ပြပြီးမှကျန်တာ အိတ်ထဲ ထဲ့ တာ ကောင်း တယ်လေ..အများအမြင် လဲ ကောင်း တာ ပေါ့ နော် ။အဲ ဒီလို ရ မှန်း သိတော့  ဆောက် လို က် တဲ့ တံ တားတွေ လေ..ပြည်သူ့  အတွက် ကောင်း တာ က နဲ နဲသူတို့  အတွက် ကောင်း ကွက် က များများ အမှန်တကယ်လို တဲ့ နေရာတွေ ကြတော့  လက်ရှောင်ကြတယ်ဝေးလံ ခေါင်း ပါးတဲ့ နေရာ တွေ လေ..။ပြော ရ ရင်တော့  အများကြီး ပါ..နောက် ဆုံးသူကြဆုံးချိန်မှာတော့ ..ဘယ်သူမှအဖက် မလုပ်ကြတော့  ဘူး..နောက် ဆုံးကုန်ကုန်ပြော ရ ရင်ဘာသာရေး သာသနာရေးအတွက် လုပ်နေပါတယ်ဆိုတဲ့ ဘုရားလူကြီးတွေ က အစ အရေး မလုပ်ကြတော့  ဘူး..လေရွှေ တိဂုံဘုရားမှာဦးခင်ညွန့်  ထီးတော် တင် တုန်းက ပုံတွေ ခုချိန်မြင်ရသေး လား…မန်းတလေးဘုရားကြီးတောင်ဖက် စောင်းတန်းမှာပြထားတဲ့ ဦးခင်ညွှန့်  ပုံတွေ ခုမြင်ရသေး လား…အဲ ဒါပဲ …
ခုခေတ်မှာ ဘုရားလူကြိးတွေ က အစဖော်လံ ဖားနေကြတယ်….။စစ်ဗိုလ်တွေ က လဲနေရာ တကာကို ပါ ကြတယ်..။ဘုရားဂေါ ပ က ထဲ လဲ ပါချင်..ပရဟိတလုပ်ငန်းတွေ ထဲ လဲ ပါချင်..၀န်ကြီးဌာနတွေ လဲ သူတို့  မပါတာ မရှိဘူး။ကျန်း မာရေးဌာနဆို ပါ တော့  သူတို့  သင်ခဲ့ ရ တဲ့ တိုက်ရေး ခိုက်ရေး ပညာတွေ နဲ့ ဘာဆိုင်လဲ …ဟိုတယ်နဲ့ ခရီးသွားဌာနဆို ကြည့်  ဦး နိုင်ငံ ခြားဧည့်  သည် ဘယ်နှစ်ဦး ခေါ်နိုင် လဲ ဘယ်လိုတွေစီမံ နိုင် လဲ ပိုက်ဆံ ရတာ ပဲ သိတယ်..သူတို သင် ခဲ့  ရ တာ တွေ နဲ့ က တခြားစီပဲ …အဲ ဒီတော့  သိသိမသိသိပိုက်ဆံ ရတာ ပဲ ဆို ပြီး မတတ်ပဲ နဲ့ လုပ်ရော ..နောက် ဆုံးသောက် တလွဲတွေ ဖြစ်တော့  မှဟို လူ ကြောင့်  ဒီလူကြောင့်  ဆို ပြီး လွှဲ ချ……
(ဒုတိယ ပိုင်း ကို ဆက်လက် အားပေး ပါ ရန်)

2 comments:

Anonymous said...

အင်း ဒီအဖြစ်တွေက စိတ်မကောင်းစရာပေမယ့် တကယ်ဖြစ်နေတာတွေပဲ ။ လက်တဆုပ်စာ လူတစု နဲ့ သူတို့ ဖော်လံဖားတွေပဲ ကောင်းစားနေတယ် ဆိုတာ မြန်မာတိုင်း မြင်လာတတ်ဖို့ အချိန်တန်ပြီ ။

Ka Daung Nyin Thar said...

ကိုရန်ကုန်သား

ဒီပို့စ်က အပ်ဖျားထိပ်လို ချွန်ထက်လိုက်တာဗျာ။ အလိုတော်ရိ အောက်ဆွဲတွေကတော့ ဆွေ့ဆွေ့ခုန်အောင် နာနေမှာပဲ။ ဒီပို့စ်မျိုး များများ ကျယ်ပြန့် ဖြန့်ဖို့ လိုတယ်ဗျာ။