Friday, 30 May 2008

နာဂစ် ခရီးသည်..(တတိယ ပိုင်း )

မြင်ရ တဲ့ မြင်ကွင်းက စိတ်မ သက်သာ စရာပါ ကျွဲ ၊ နွား အစရှိ တဲ့  တိရိစ္ဆာန် သေကောင် များ မှာ ကားလမ်း ဘေး တဖက် တချက် မှာ အမှိုက်သရိုက် များ ကြား မှ ယင်မဲကြီး များအုံခဲ ကာအပုတ်နံ့ တွေ လှိုင်ထွက် နေခြင်း ဖြစ် သည်..။ ကျနော်လဲ ထိုမြင်ကွင်း များကို မကြည့် ချင် သဖြင့် ကား ထဲပြန်ဝင်လိုက် ပါ သည်..။ ဒီလိုနဲ့  ပဲ ဘုန်းကြီးကျောင်းဝန်း တခုထဲ ကားမောင်းဝင် လာခဲ့ ပါ တယ်…။ ကျနော်တို့ ကား ရုတ်တရက် မောင်းဝင် လာတော့  ဘုန်းကြီး ကျောင်း ထဲရောက်နေကြသော ဒုက္ခ သည် များမှာ နွမ်းလျှနေသော အသွင် များဖြင့် မိမိတို့ အား စူးစမ်းငေးမော နေကြပါ သည်..။ အတူလိုက် ပါလာသော သူငယ်ချင်း များ မှာ ကား ခေါင်မိုးပေါ် မှနေ၍ အသီးသီး ခုန်ဆင်း နေချိန် မှာ ကျနော် က အနီးနားရှိ ဒုက္ခ သည် တယောက် အား… `ဆရာတော် ရှိလား..ကျနော်တို့  ..ဒီကျောင်းမှာရှိတဲ့ ..ဒုက္ခ သည် တွေ အတွက် ဆန်လှူဖို့  တာ..´ လို့  လဲ ပြောလိုက် ရော ထိုသူ မှာ ၀မ်းသာအားရ အသံကုန် အော် လိုက် လေ သည်..`ဟေး…ကျောင်းထဲ က သူတွေ ..ဒီမှာငါ တို့ စား ဖို့ ဆန် လာ လှူတာ တဲ့  ဟေ့  ..ဆရာတော် ကိုလဲ သွားလျှောက် ကြ ..ဆန်တွေ လဲ လာကူချ ပေးကြပါဦး ဟ..´ထိုသူအ သံ အဆုံးမှာပဲ ..နေရာအသီးသီး မှ ပြေးထွက်လာသော ကလေး လူကြီး များ၏ မျက် နှာ များသည်.. ညိုးငယ်နေရာ မှ ချက် ချင်း ၀င်းပ ကာ အပြုံးကိုယ်စီ ဖြင့်  မြင်လိုက်ရ သည့် အခါ ကျနော် ပြောမပြ နိုင်လောက် အောင် မိမိ လုပ်ရပ် အား ပီတိ ဖြစ် မိ ပါ သည်…။
လူလတ်ပိုင်း အရွယ် ရှိ ယောင်္ကျားသား များမှာ အင်္ကျီ ကိုယ်ဗလာ နှင့်  ရှေ့ ဆုံး မှ ထွက် လာကာ “ထမ်းစရာရှိရင် ကျနော် တို့ ကိုပြော ပါ ..ကျနော်တို့ ထမ်း ပါ့ မယ် ..” “အခုလို လာလှူတာ ကျေးဇူးတင်လိုက် တာ ဗျာ..ကျတော် တို့  တတွေ ဆရာတော်က အစ ရေဆိုဆန်ကို စားနေကြရတာ…အဲဒါတောင် မှ နောက်ရက် ဆို တကျောင်းလုံး စားစရာ မရှိတော့  ဘူး…ဆရာတော် မှာရှိတဲ့  ဆန်ကို လူသုံးလေးရာလောက် စားကြတော့  ဆန်ပြတ်တော့  မှာ ဆရာတော် လဲနောက် ရက်အတွက် စိတ်ပူနေရတာ..ဆရာတော်က မပြောပေမယ့်  ကျနော် တို့  က သိ ပါတယ် ဗျာ..အခုလို လာလှူတာ ဆရာတော် သိရင်ဝမ်းသာ မှာ ဗျ…”
ထိုသူ က ကျနော် အား စကား တွေ ဖောင် ဖွဲ့ အောင် အားရ ၀မ်းသာ ပြောနေချိန် မှာပဲ ဆရာတော် မှာ…ခေါင်မိုး မရှိတော့ တဲ့  ကျောင်းပေါ် မှ နေ၍ ကျောင်းအောက်သို့ ကြွလာပါသည်..။ “ဒကာလေးတို့  ဆန်လာလှူတာဆို..” “တင် ပါ့ ဘုရား…ဆရာတော် နဲ့ ဒီကျောင်းမှာ ရှိတဲ့ ..ဒုက္ခသည်တွေ အတွက် ပါ ဘုရား…” လို့ ကျနော် ပြန် လျှောက် တင် လိုက် တော့  ဆရာတော် မှာလဲ စိတ်အေးသွားသည့်  အပြင် တရားဓမ္မ ကိုသာ မှီဝဲ နေသော ပုဂ္ဂိုလ် တို့  ၏ရင့် ကျက်သော အပြုံးမျိုးကို..ကျနော် မြင်တွေလိုက် ရ ပါ သည်…။ ထို့နောက် ဆရာတော် သည် ကျနော် တို့  အဖွဲ့ အား ကျောင်းပေါ် သို့  ခေါ်ဆောင် သွားပြီး.. လှူဒါန်းမည့်  ပုံစံ များကို မေး မြန်း ကြပါ သည်…။ ကျနော် တို့  လဲ ဆရာတော် နှင့်  တိုင်ပင် ပြီး ကျောင်း အတွက် ဆန် ( ၁၀) တင်း နှင့်  အခြားသော ဆီ ၊ ဆား ၊ ငပိ အစရှိသည် များကို လှူဒါန်း ပြီး ဒုက္ခ သည်တွေ အတွက် ကတော့  လတ်တလော စိတ်သက် သာစေ ရန်အတွက် အ၀တ်အထည် များ ဝေ လိုက် ပါ သည်..။ ထို့  နောက် သက် ကြီး ဘိုးဘွားများ ကျန်းမာရေး အခြေ နေ မေးမြန်း ပြီး ပါရှိလာသော တိုင်းရင်းဆေးဝါး များ လှူဒါန်း လိုက် ပါ သည်..။ ကျနော်တို့  အဖွဲ့ မှ ကျောင်း ၀န်း အတွင်းရှိ သောက်ရေ သိုလှောင်ထားသော စဉ့် အိုး များထဲ သို့  ရေသန့် ဆေး လိုက် ခပ် သည့်  သူများ မှာလဲ. . တက်ညီလက် ညီ…။ ဆရာတော့ ကျောင်းအတွက် လှူဒါန်း မှု ကိစ္စပြီးသော အခါ ကျန်ရှိသည့်  ဆန်များ ကို ရပ်ကွက် ထဲ သို့  ဝေရန် စီစဉ် ရ ပြန်သည်…။့
ထိုအခါဆရာတော် က ကျောင်းရှိ ရဟန်းပျိုများအား ..ရပ်ကွက်တွင်း ကျန်ရှိနေ သေးသော သူများအား စနစ် တကျ ဖြင့်  မရလိုက် သူများ မရှိ ရလေအောင်..ရပြီးသူများလဲ ထပ်ခါ ထပ်ခါ မဖြစ်ရအောင်. .ကြီးကြပ် ဆောင်ရွက် စေပါသည်..။ ဆ န်ဝေနေ သည် ဆိုသော သတင်းဖြန့် လိုက်တယ်ဆိုရင် ပဲ ရပ်ကွက် ထဲ မှ ကလေး လူကြီး မကျန် အပြေး ထွက်လာကာ တန်းစီကြပါသည်..ပထမတွင် အလုအရက် တိုးကျိတ် ကာ ဖြစ်နေ သော်လည်း နောက်ပိုင်းတွင် စနစ်တကျ ဖြစ်သွားခဲ့  ပါ သည်..။ ဆန်လာ ယူကြသော ရပ်ကွက် တွင်း မှ ဒုက္ခ သည် များ ကို မြင်တွေ့  ရသည် မှာလဲ စိတ် မသက်သာပါ.. ဆန်မရလိုက် မှာ စိုး၍ တွေ့ ရာအိပ် များဆွဲ လာပြီး တန်းစီ ကျပါသည်.. အချို့ သူများမှာလဲ မိမိအလှည့်  ရောက်ကာမှ ဆန်ထဲ့ ရန် အိပ် မပါလာ ၍ ပုဆိုး ခါးပုံစ များ.. ၀တ်ထားသည့်  အကျီ များကို ဖြန့်၍ ဖြစ်သလို ထဲ့သွားကြပါသည်..။ ထိုအချိန် တွင် ကားပေါ် မှ နေ၍ အောက်မှ တန်းစီနေသော သူများအား ဆန် ထဲ့ ပေးနေ သော ကျနော်သည် တဦးပြီးတဦး ထဲ့ ပေးနေရင်း မြန်မြန် ပြီးချင်ဇော နှင့် ထဲ့ ပေးနေရာ တယောက်သောသူ အလှည့် တွင် အောက် မှ အိပ်ဖြင့်  ခံနေသောသူသည် မငြိမ်သဖြင့်  ဆန် များ ဘေး သို့ ဖိတ်စင် ကုန်၏ ။ ဤတွင် ကျနော် မှ “အိပ်ကိုသေသေချာချာ ကိုင်ထားလေ. . ဘေးဖိတ်ကုန်ပြီ..” ဟုပြောလိုက်မိ၏ ။ ထိုအခါ အောက် မှအဖွားအိုတဦး၏ တုန်ယင်နေသော အသံဖြင့် ပြောလာ သည်က “ဆာလွန်းလို့ လက်တုန်နေတာ ပါသား ရယ်..” တဲ့ ။ ထိုအခါ မှ ကျနော် သေသေချာချာ ကြည့် လိုက် မိသည် ပိန်လှီ ၍ နေလောင် ထားသော အသားအရေ တို့  ဖြင့်  လူအုပ်ကြားထဲ ရုန်းကန် တိုးလာ ရသော အမယ်အို တဦးပါ..နဖူးပြင်မှာ ချွေးများစို့ နေ ပြီး..အမယ်အို၏ ဆံထုံးမှာလဲ ပြေလျှော့  နေပါ ပြီ..ကျနော့် ကို မော့  ကြည့် လာသော အမေအို ၏ မျက်ဝန်းများမှာ မှေးမှိန်ဖျှော့ တော့  နေပြီး အားအင်တို့  ကုန်ခမ်း လုနီးပါး…. . ကျနော် တွေဝေ သွားပါသည်..နောက်ထပ် ဆန် တွေ ထပ်ထဲ့ ပေးလိုက် သည် “အမေကြီး နောက်ရက်တွေ အတွက် ပါစားလို့ ရအောင်..” ပြီးနောက် အသက်အရွယ်ကြီးသူတွေ အတွက် ကျနော် အကောင်းဆုံး နည်းလမ်း ရှာလိုက် သည်..တန်စီးနေကြသော လူအုပ် များထဲ မှာ အသက်အရွယ်ကြီးမြင့်  သူများကို ရွေးထုတ်ကာ သီးသန့် လှူလိုက် သည်…နောင်ရက်တွေ မှာ ပါ စားလို့  ရ အောင် လဲ များများ လှူလိုက်သည်..။ ထိုအချိန် များတွင် ကျနော်သည် ၀မ်း လဲနည်း ၏ ၀မ်းလဲသာ ၏ ။ မိမိတို့  အဘိုး အဖွား အရွယ်တွေ ၏ ရှေ့ ရေးကို တွေးမိ သဖြင့်  ၀မ်နည်း မိသည် ၊ စိတ်မကောင်း ဖြစ်မိသည် ။ ဤကဲ့ သို့  ဒုက္ခ ပင်လယ် ဝေနေချိန် မှာ ကယ်ဆယ် လှူဒါန်းခွင့် ရ သဖြင့်  ၀မ်း လည်း သာ ၏ ။ ထိုသို့  ဖြင့် နေ၀င်ခါနီး အချိန်မှာတော့  လှူဒါန်းမှု့  ကိံစ္စ အားလုံး ပြီးစီးသွားခဲ့ သည်..။ ဆရာတော် မှ ကျောင်း ပေါ်သို့  ခေါ်၍ ခတ္တ နား စေသည်..။ ဆရာတော် အား မြို့နယ် ၀န်းကျင် မှ ပျက်စီး မှု့  အခြေနေများ ကို မေးမြန်း စုံစမ်း ကာ..လူ အသေအပျောက် များကို လဲ မေးမြန်း ခဲ့ သည်..။ အပြန် ဆရာတော် ကို ဦးချ အပြီး မှာတော့ ဆရာတော် ၏ ဆုပေးစကား မှာ “နောက်နောင် ကို လဲ အမျိုး ၊ ဘာသာ ၊ သာသနာ ကို ဒီ့ ထက် မက ထမ်းရွက် နိုင် တဲ့ အမျိုးကောင်းသား ယောင်္ကျား မြတ် များ ဖြစ်ကြပါစေ တဲ့ ..” ၊ ဆရာတော့ ဆုပေး စကား ပြီးပြီး ချင်းပဲ ကျနော် ဆရာတော့  ကို ဂတိ ပေးလိုက် တယ် “ တင် ပါ့  ဘုရား .... တပည့် တော် တို့  ဒီထက် မက ဒုက္ခသည် တွေ ကို ကယ်တင် နိုင်အောင် ကြိုးစား ပါ့  မယ် ဘုရား……” (စတ္တုထ ပိုင်းဆက် လက်ဖတ်ရှု့ပါရန်)

1 comment:

Anonymous said...

ခုလို ကိုယ်ထိလက်ရောက် ကူနိုင်တာတွက် ဂုဏ်ယူပါတယ် ။ အဖွားအိုအကြောင်းဖတ်ရတာ စိတ်မကောင်းဘူးဗျာ ။