Sunday 25 May 2008

ဒုက္ခသည် များကြား ကင်မရာတလုံးနှင့် မှတ်တမ်းလိုက် ယူနေရင်နဲ့ ကြုံခဲ့ ရ သည့်  အဖြစ်အပျက်တခုဖြစ်ပါသည်..။ကျနော် ပုံတွင်ပါရှိသည့် ဒုက္ခသည် မိသားစုကို ကင်မရာ ဖြင့်  ချိန်ကာ ရိုက်လိုက် အစဉ်အချိန် က အနီးအနားတွင်ကလေး များတဦးတလေ မှရှိမနေပါ… မှတ်မှတ်ရရ ပါ..ဓါတ်ပုံမှတ်တမ်းတင်ပြီး၍ ထိုဒုက္ခသည် မိသားစု များနှင့် စကားပြော ဆိုနေချိန် တွင်လည်း မည်သည့် ကလေး ငယ်မျှ အနီးအနားသို့ရောက် မလာ ပါ…။ ကျနော် အိမ်ပြန် ရောက်၍ကွန်ပြုတာဖြင့် ပုံ ကြီးချဲ့လိုက် သော အခါတွင် မျှ ခြေထောက်တဖက် မပါသည့်  ကလေးငယ်တဦး၏ ၀ိုးတ၀ါးပုံရိပ်ပေါ်ပေါက်နေပါသည်။ကျနော်ထိုပုံကိုအထပ်အခါခါ စမ်းစစ်ကြည့်  ပါသည်..။သေချာပါသည်..မကျွတ်မလွတ်သေးသော..သေဆုံးသွားသည့်  ကလေး ငယ် ၏ပုံဖြစ်နေပါသည်။

ယခုဓါတ်ပုံအား ကျနော် စာတန်းရေးယုံ က လွဲ လို့  ပြုပြင် ပြင်ဆင်ထားခြင်း လုံးဝ မရှိပါကြောင်း ရဲရဲဝံ၀ံ အာမခံ နိုင်ပါသည်…။ကင်မရာ ရှပ်တာအနှေး ဖြင့် လဲရိုက်ထားခြင်း လဲမဟုတ်ပါ..။ကျနော်တို့  အနေဖြင့်  အသက်ရှင်ကျန်နေခဲ့ သူများအား ကူညီ ကယ်ဆယ် နေခြင်းအပြင် သေဆုံးသွားကြသူများကိုလဲ အမျှအတမ်း ပေးဝေကာကောင်းမှု့ ကုသိုလ်ပြုပေး ကြပါရန် သတိပေးလိုက်သကဲ့ သို့  ဖြစ်နေပါတော့ သည်…။

( မှတ်ချက် ) …ဤပုံသည် နာဂစ်မုန်တိုင်း ဖြစ် ပြီးလေးရက် မြောက်နေ့ တွင် ကွမ်းခြံကုန်း မြို့ ပေါ်ရှိဒုက္ခသည်စခန်းတခုတွင်ရိုက်ကူးထားသော ပုံ ဖြစ်ပါသည် ။


2 comments:

U Lawkanartha said...

ဖြစ်နိုင်ပါသည် ဒါဘေမဲ့ ဗုဒ္ဓဘာသာအရ တွယ်ရမဲ့နေသည့် ၀ိညာဉ် ဆိုတာထက် မကျွတ်သေးသော ပြိတ္တာသရဲလေး ဆိုသည်က ပိုပြီးသင့်တော်ပါသည်။

Anonymous said...

ဟင် ဖတ်ရင်း စိတ်မကောင်း ...

ညဘက်ကြီးဆိုတော့ ကြက်သီးလဲ ထ မိတယ်