Wednesday 28 May 2008

နာဂစ်ခရီးသည်...

ကားဌားပြီး အပြန်မှာစိုးရိမ်စိတ်က တချက် ၀င်လာသေးတယ်…ဘာလဲဆိုတော့ မနက်သွားကြ တဲ့အခါ လိုက်ပါ ဆောင်ရွက်ကြမယ့်သူတွေအတွက်..စားစရိတ်၊လမ်းကြေး တံတားကြေး၊ သောက်ရေ ကိစ္စက အစ ခေါင်းထဲ ၀င် လာတယ်..၊ရောဂါတွေ ကူးလာမှာလဲစိုးရတယ်လေ..။ကားဌားပြီး အပြန် အဲဒီအချက်တွေ ကိုစဉ်းစားရ ပြန်တယ်.. ရပ်ကွက် ထဲပြန်ရောက် မှာ ပဲ သက် ပြင်းချနိုင်တော့  တယ်..။အကြောင်းကတော့ ရန်ကုန်သား ကားသွားဌား နေချိန် မှာပဲ နောက် ထပ် အလှူရှင်တွေ က ဒုက္ခသည်တွေ ဆီသွားရောက် ကူညီ မယ့် သတင်းကြားလို့ လာ ရောက် လှူဒါန်းသွားတာပါ …။ကျနော်တို့  မြန်မာတွေ စိတ်ရင်းတွေ ပါ ဗျာ..ဖြတ်ပိုင်းမလို.. စာရင်း ရှင်းတန်း ထုတ်မပြနိုင် တဲ့ကျနော်တို့  တွေ ကိုရက်ရက်ရောရော လှူသွားကြတာအားရ စရာ ပဲ..။

ဒီလိုနဲ့ည ကျနော်အိမ် ပြန်ရောက်တော့ ည (၁း၀၀) ကျော်နေပါပြီ..။ရေချိုး ကိုယ်လက်သန့်စင် ပြီး အိပ်ယာထဲရောက်တော့  မှ တနေကုန်ပြေးလွှာနေခဲ့ ရတဲ့ ကျနော် ခန္ဒာကိုယ် ဟာ အနားရပါတော့  တယ်..။

နောက်တနေ့မနက် (၅း၀၀)လောက် မှာပဲ အိပ်ယာက ထ ပြီး လိုက်ပါကြမယ့် သူငယ်ချင်းတွေကိုလိုက် လံ ပြီးတအိမ်တက်တအိမ်ဆင်း အိပ်ရာက နိုးရပါတယ်..။မနက် (၇း၀၀ ) ရန်ကုန်ကနေစထွက်ကြ မှာဆိုတော့ ကားမလာခင်အားလုံးအဆင်သင့်  ဖြစ်ထားကြဖို့  လိုတယ်လေ..။ ဒီလို နဲ့ မနက် (၇း၀၀) မှာကျနော်တို့  အသင့်  ဖြစ်နေပါ ပြီ..။ကားရောက်လာတာနဲ့ တခါတည်း တန်းထွက် လာကြပါတယ်..။ပထမ ဦးဆုံး မင်္ဂလာဈေးက ဆေး ဆိုင်တွေ မှာ ရေသန့် ဆေးဘူးတွေ ၀ယ်တယ် ပြီးတော့  ဘုရင့် နောင်ပွဲ ရုံတန်းကိုမောင်းပြီး ဆန် ရယ်..ငပိရယ် ၀ယ်လိုက်တယ်…၊ကျန်တဲ့ အသုံးအဆောင် တွေက သိပ် ပြီး အရေးမကြီးဘူးထင် လို့ အဓိက အခြေခံစားသောက် ကုန်တွေ ကို ပဲ များများဝယ်လိုက် တယ်..။အ၀တ်အစားအတွက် ကတော့  ရပ်ကွက် က လာပို့  ထားတဲ့ အ၀တ် တွေ မြွေရေ ခွံအိတ် နဲ့  (၇) အိတ်လောက် ပါတယ်..။ဝယ်စရာတွေ စုံပြီဆိုတာ ကျနော်တို့ လှိုင်သာယာ ဖက် နေ တဆင့် တွံတေးတံတားကို ဖြတ်ပြီး ကွမ်းခြံကုန်မြို့  ဆီသို့ ထွက်ခွာလာပါတော့  တယ်……။

ကျနော်တို့  ပထမဦးဆုံးအကြိမ်သွားရောက်လှူဒါန်ခဲ့ တဲ့ နေ့ ကတော့  မှတ်မှတ်ရရ (၅.၅.၀၈)နေ့ပါ..။ အဲဒီနေ့ မှာကျနော်တို့  လိုသွားရောက်လှူဒါန်းတဲ့ အဖွဲ့ တွေ က အင် မတန် မှနည်းပါးသေး ပါတယ်…။မိမိတို့  ရဲ့ ဆွေ မျိုးသားချင်းတွေ ဆီသွားရောက်ပံ့ပိုးကြတဲ့ သူတွေလောက် ပဲတွေ့ ခဲ့ ရပါတယ်..။ဒီလု နဲ့ ကားပေါ် မှာရန်ကုန်သား ကြိုစား ခဲ့ တာအောင်မြင် ခဲ့တဲ့ အတွက် ပီတိ ဖြစ်မယ်ကြံ ယုံ ရှိသေးတယ်..ခေါင်းထဲကို ၀င်ရောက်လာတာ..မိမိတို့  ရဲ့ လုံ ခြုံရေး နဲ့ လှူမယ့် ဆန်တွေ ကို ဘယ်နေရာ မှာလှူ ရမလဲ ဆိုတဲ့ ပြသနာ..ပါ။

အဲဒီအချိန် မှာ မှန်တိုင်းဒါဏ်ခံ ခဲ့ ရတဲ့နေရာတွေ မှာအုပ်ချုပ်ရေး စနစ်ယာယီ ပျက်ပြားနေချိန်…။ဒီ ပြသနာတွေကို အကောင်းဆုံးဖြေရှင်းနိုင် မယ့်  နည်းလမ်းတွေ ကိုတယောက် ထဲ ကျိတ် ပြီးစဉ်းစားလာ ခဲ့  တယ်..။ ကျန်တဲ့ သူတွေ ကို တော့ မပြောပြ ခဲ့  ဘူး..။ဘာဖြစ်လို့  လဲ ဆိုတော့ ကျနော်က ဦးဆောင် လာတဲ့ သူလေ…။ပြသနာ ဖြစ်လာရင် ကျနော့််  ခေါင်း ပေါ် အကုန်ပုံ ကျ မှာလေ…။အဲဒီလို နဲ့စဉ်းစား လိုက်တာ ကွမ်းခြံကုန်း မြို့ အ၀င် မှာတင် ကျနော်အဖြေရ ခဲ့ ပါတယ်..။ခလုတ်ထိတော့  အမိတ ပြီပေါ့ …။ရှေ့ က ကားဆရာ က လှမ်းမေးတယ်…။ “မြို့ ကိုဝင် ပြီ ဘယ်နေရာကိုမောင်းရ မှာလဲတဲ့ …” ကျနော်ကားဆရာကို လှမ်း အော်လိုက်တယ်..။ “အရင်ဆုံးတွေ့ တဲ့  ဘုန်းကြီးကျောင်း ထဲ ကိုသာမောင်းဝင်လိုက် ..” ဟုတ်တယ် လေ.. ကျနော်တို့ ပြည်သူတွေ ဘယ်လိုအခြေအနေဆိုးနေနေ ..ကျနော်တို့်ပြည်သူတွေ ရှေ့  က မားမားမတ်မတ် ရပ် ခဲ့  တာပဲလေ..။အခု ချိန် မှာလဲ ဆရာတော်တွေက ဒုက္ခ သည်တွေ မျက် ကွယ် ပြု မနေ ဘူး…။ ဘုန်းကြီး ဆိုပြီး.. ဆွမ်း၊ဆွမ်းဟင်းကောင်းတွေ စားမနေဘူး..။ရေစိုဆန်ကို ဒုက္ခသည်တွေ နဲ့ တန်းတူ ဘုန်းပေး နေတာ..။ကျနော့  ဆုံးဖြတ်ချက် အမှန်ဆုံးပဲ ထင် တယ်…။

အဲဒီအချိန်မှာပဲကွမ်း ခြံကုန်း မြို့ ကနေ ကျနော်တို့  ကို ပဏာမ အနေ နဲ့ နှုတ်ခွန်ဆက် လိုက် တယ်. . မြို့ဖက် မှတိုက်ခတ်လာတဲ့ လေ ထဲ အပုတ်နံ ထောင်းထောင်း ထနေတဲ့ လေကို ရှုရှိုက် ကြရလို့  ကားပေါ် ပါလာတဲ့  ..သူငယ်ချင်းတော်တော်များများဟာ..အော့ အန် ကြပါလေရော…။အဲဒါကြောင့်  ကျနော်ကား ပေါ်ကနေ လမ်းဘေးဝဲယာကို လှမ်းကြည့်  လိုက် တဲ့ အခါ မှာတော့  ..။……………(တတိယ ပိုင်းဆက်လက် ဖတ် ရှု့ပါ ရန်..)

No comments: