အလုပ်မရှိအလုပ်ရှာပြီး ပြည်သူပိုင် ပိုက်ဆံများကိုအလကားသက်သက် ဖြုန်တီးနေသော မြန်မာနိုင်ငံအမျိုးသမီးအဖွဲ ချုပ်ဖြစ်ပါတယ်..။ စည်းရုံးရေးဌာနကြီးမှူး ဒေါက်တာဒေါ်ညွှန့် ညွှန့် ဦး က ဦးဆောင်တာတဲ့ခင်ဗျ….။ အမျိုးသားပြတိုက်ဆိုတာ မြန်မာနိုင်ငံသားတိုင်းမည်သူမဆို မိမိအသိစိတ်ဓါတ်ဖြင့် သွားရောက်လေ့လာ သင့် တဲ့နေရာတခုပါ..။ ယခုလို ပုဝါကြီးတွေချုံ ၊ ချိတ်ထမီ တွေ နဲ့ ဟန်ပြသွားရောက် ပြီးသတင်းစာထဲ ထည့် တာအဓိပါယ်မရှိပါဘူး…။ ယခုလိုဟန်ပြလုပ်ရပ်တွေ ကို ပြည်သူတွေက အထင်မကြီးတဲ့အပြင် သေချာစဉ်းစားပါက ရှက်ဖို့ အင်မတန်ကောင်းပါတယ်…။ ပညာတတ်ကြီးတွေ ၊ အသက် အရွယ်တွေလဲရနေပြီ ၊ အဖွဲ့အစည်းတခုကိုလဲဦးဆောင်နေပြီ အခုချိန်ကြမှပဲ အမျိုးသားပြတိုက် သွားပြီး လေ့လာဖြစ်တော့တယ် ဆိုတာအဓိပါယ် မရှိပါဘူး….။ သွားပြီးလေ့လာတယ်ထားဦးတော့ သတင်းစာထဲ ထည့် စရာအကြောင်းမရှိဘူးဗျ …။ အမှန်တကယ်လေ့လာချင်လို့  သွားတာလား ၊ သတင်းစာထဲမှာပါချင်လို့  လား…ရှင်းနေပါတယ်…။မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်ကို ကျနော် ဒီနေရာကနေ ပြောချင်ပါတယ် …. တိုင်းပြည်အတွက် ကောင်းကျိုးတွေ အမှန်တကယ် လုပ်ဆောင်နေပါတယ် ဆိုတဲ့သူတွေ ဟာ အခုလိုအချိန်ထိ အမျိုးသားပြတိုက်လိုနေရာမျိုးကိုတောင် လေ့လာနေကြရတုန်းဆိုရင်တော့ ပြည်သူတွေရဲ့ကံကြမ္မာဟာ ရင်လေးစရာဖြစ်နေပါပြီလို့ ….သတိထားမိအောင်တင်ပြလိုက်ရပါတယ်ခင်ဗျာ…….။
Tuesday, 7 October 2008
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ ၏ ဟန်ပြ အလုပ်များ...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment