Tuesday 12 February 2008

မြင် တတ်ကြ ပါ....

တိုက်တွန်းလိုက်ပါသည်…။
ယခုအချိန်သည် ပြည်သူ အားလုံး မိမိ၏အနာဂါတ် ကို မိမိကိုယ်တိုင် ဆုံးဖြတ် ရမည့်  အချိန်ဖြစ်ပါသည်။ နအဖ၏ ပြည်သူများအပေါ် တွင် ကြိုတင်အကွက်ချကာ စစ်ကျွန် ဘ၀အောက် သို့ လက်နက်အား၊ အာဏာအားတို့ ဖြင့် အတင်း အဓမ္မသွတ်သွင်း နေပါသည်။ပြည်သူတို့ ၏ဆင်းရဲဒုက္ခတို့ မှ လွတ်မြောက်ကြောင်းကို ရဟန်းတော်မှာ ကိုယ်တိုင် လမ်းမများပေါ် တွင် မိုး ရွားမရှောင် နေ ပူမရှောင် မေတ္တာပို့  ကြွ ချီကာကြိုးစား ပေးခဲ့ ပါ သည် ။
တိုင်းပြည်အာဏာ ကိုမတရား သိမ်းယူုကာအသံကောင်းဟစ်ပြီးကယ်တင်ရှင်ကြီးများ အဖြစ်ကိုယ့်ကိုယ် ကိုကင်ပွန်း တပ်၊ပြည်သူတွေကိုမစားရ၀ခမန်းအပေါ်ယံမက်လုံးတွေပေးပြီးပျားရည်နဲ့ဝမ်းချခဲ့တယ်။
ခုချိန်ခါမှာတော့ ကျနော်တို့ တတွေ နအဖရဲ့ကြိုးဆွဲရာ မပါဖို့အရေးကြီးဆုံးအချိန်ရောက် နေပြီဖြစ်ပါသည်။ပြီးခဲ့တဲ့ ညီလာခံထောက်ခံပွဲတွေလို ပြည်သူတွေ မလိုက်မနေရ ၊၀န်ထမ်းတွေမလိုက်မနေရနည်းလမ်းပေါင်းစုံသုံးကာ အဓမ္မထောက်ခံပွဲ တွေပြုလုပ်ပြီးနိုင်ငံတကာကိုချပြခဲ့ပါတယ်။ နအဖရဲ့လုပ်ဇါတ်ကိုနိုင်ငံတကာက အသိအမှတ်မပြုခဲ့လေသောအခါနောက်ထပ် တခါ ROAD MAP (၇)ချက် ဆိုပြီ်းမရိုးသားတဲ့နည်းလမ်းနောက်ခံထားတဲ့နအဖ ရဲ့ကြိုးဆွဲရာ မပါကြဖို့ ပါ ပဲ ။
ယခုလက်ရှိ နအဖ အစိုးရဟာ ကျနော် တို့ ပြည်သူတွေ တရားဝင်တင်မြှောက်ထားတဲ့အစိုးရ မဟုတ်ပါဘူး။ အာဏာသိမ်းထားတဲ့ ယာယီအစိုးရသာဖြစ်ပါတယ် ။နအဖ ဟာ ယာယီကနေ အတည်ဖြစ်အောင်ကြိုးစားနေတာပါ ။ယာယီ အာဏာသိမ်းအစိုးရနေနဲ့တောင်မှအနှစ် နှစ်ဆယ် ကြာအောင်အချိန်တွေဆွဲပြီး တိုင်းပြည်ရဲ့  သယံဇာတတွေ ကို ကုန်လုနီးပါး အထိ ဗိုလ်ချုပ်ကြီးတွေဝါးမြိုပစ်ခဲ့ ပါ ပြီ။ပြည်သူတွေမှာတော့  ငတ်ပြီးရင်ငတ်နေပါပြီ။နောက်ထပ်သားစဉ်မြေးဆက်မငတ်ကြဖို့  အတွက် နအဖ ကြိုး ဆွဲ ရာ ပါ ကြ ပါ နဲ့။ကြံဖွတ်တွေစွမ်းအားရှင်တွေ ရဲ့သွေးဆောင် မှု့  ကို မယုံကြ ပါ နဲ့။လူညံ့ လူဖျင်း တွေရဲ့စိတ်ကူးအတွေး မျိုး(ကိုယ်တယောက်ထဲလုပ်လို့ ရတာမဟုတ်ပါဘူး…)ဆိုတဲ့ အတွေးမျိုးတွေ ကိုဖျောက် ပစ်ကြ ပါ။
ယခု နအဖ လုပ်မယ့် ဆန္ဒခံ ယူပွဲမှာ နအဖ နဲ့နောက်ပါ များကပြုလုပ်ခဲ့တဲ့ (ညောင်နှစ်ပင်ညီလာခံ)၊နအဖ စိတ်ကြိုက် ရေးဆွဲထားသော(အခြေခံဥပဒေ) ၊တွေကိုမိမိဆန္ဒအတိုင်းဆုံးဖြတ်ကြဖို့ ၊ ခြိမ်းခြောက်မှု့ တွေ ကိုမကြောက်လန့် ဖို့၊ သွေးဆောင်မှု့  တွေကိုမယုံကြည် ကြဖို့ တိုက်တွန်းလိုက် ပါရစေ..ခင်ဗျား..။

No comments: