Thursday 24 January 2008

အမေ့ အတွက် မွေးနေ့အမှတ်တရ

လော က ကြီး မှာဒေါင် ကျ ကျ ပြား ကျကျ ကျ ချင် သ လို ကျ ပါ စေ..ကြုံ ရာမှာ စား ..ရောက် ရာ နေ ရာ မှာနေ ..တွေ့  ရာ မှာ အိပ် နေ ရ ပြီ….. ကျနော့  ဘ၀ ရဲ့ သက် ရှိ ဘုရား ဖြစ် တဲ့ အမေ ကတော့ ..ကျနော့ ကို သူ စိတ် ထဲ မှာ တွေး နေ လိမ့် မယ် … အမေ့  ရဲ့ အား ကိုး စ ရာ … သား ကြီး ကျနော့  ကို အသက် က သုံး ဆယ် ရောက် ပြီ.. မိသား စုအတွက် လဲ ပြန် မ ကြည့်…ပေါ့ ပေါ့ နေ ပေါ့ ပေါ့ စား…. အား ကိုး မရ နိုင် ဘူး.. လို့  ..အမေ့  ဘ၀ အို မင်း လာ ချိန် မှာ … ကျနော် ပြု စုပေး ချင် ပါ တယ် … အမေ မသေ ခင် … အမေ့ သား.. ကျနော့ .. ရဲ့ သာယာ လှ ပ တဲ့ မိ သား စုလေး တခု ကို မြင် သွားစေ ချင် တယ် .. အမေ့ ရဲ့ မြေး မြစ်တွေ နဲ့ ပျော်နေစေချင် တယ်…

ဒါတွေဟာ ကျနော့  စိတ်ကူးတွေပါအမေ…လက်တွေ့  မှာ တော့  … ကျနော်..လူတိုင်း အတွက် ကြီးလေး တဲ့ တာဝန် တခု ကို ကျနော် တယောက် ထဲ ကြိတ် ကြံနေ ပါတယ်…. အမေ့ သား က ရည် ရွယ် ချက် ကြီး တယ်… လုပ်တော့  မယ် လို့  ဆုံး ဖြတ်ထား ပြီ ဆို ရင် လည်း … တွေ့  ကြုံ လာ မယ့် . . ဆင်း ရဲ ဒုက္ခတွေ ကို ကျနော် မကြောက် တော့  ဘူး…. နောက် ပြီး ကျနော့  လုပ် ရပ် တွေ က အန္ဒရယ် များ လို့  .. ကျနော် နဲ့ ပါတ် သက် ပြီး … အမေ့  ကို မထိခိုက် စေ ချင် ဘူး……ကျနော့ ရန်သူ လို့  သတ်မှတ်ထား သူ တွေ က ခွေးထက် မိုက် ရိုင်းတယ် … ငရဲ ကို လည်း မကြောက် ဘူး… ဒီလို လူတွေ နဲ့ ယှဉ် ပြိုင် ပြီ ဆိုရင် ကျနော် နဲ့ ပါတ် သတ် ပြီး ..အမေ့  ကို ရန် ပြု လိမ့်  မယ် …. ဒါတွေ ကို ကြို တင် တွေး မိ လို့  ကျနော် အမေ နဲ့ ဝေးဝေး နေ တာ ပါ….

ကျနော့်  ကို ခွင့်  လွတ် ပါ အမေ… အဝေး ကနေ ပဲ သား ကန်တော့  လျှက်ပါ……မွေးနေ့  မှာ အမေ့  ကို တောင် ဦး မချ နိုင် ခဲ့ တဲ့ ကျနော် ဒီ စာ ကို ရေးနေ ရင်းနဲ့ မျက် ရည် ၀ဲ မိတယ် အမေ…. အရင်က သားကြီး ဘ၀ မှာ အမေ က ပထမ ပါ … အခုတော့  အမေ က ဒုတိယ ဖြစ် ခဲ့… ပြီ.. အမေ…….

အမေ့  ကျေး ဇူး တွေ ကို သိရက် နဲ့ မဆပ် ဖြစ်ခဲ့ တဲ့်….မိသားစုတာဝန်မကျေ ပွန် ခဲ့ တဲ့ ..... တဇွတ်တိုး သမား သား မိုက် ကြီးကို ခွင့်  လွတ် ပါတော့  …အမေ…

အမေ့  အတွတ် အမှတ် တရ
သား ကြီး……..

1 comment:

Anonymous said...

အားပေးပါတယ်ခင်ဗျာ---နှစ်လဲနှစ်သက်ပါတယ်----ဂ၇ုစိုက်ပါခင်ဗျာ