Saturday, 5 July 2008

နာဂစ် (သို့ ) အရိုင်းတစ္စေ


နာဂစ် (သို့ ) အရိုင်းတစ္စေ

- ဧရာဝတီ ရင်ပြင် ကို နာရီပိုင်းသာ လာခဲ့ ပေမယ့်

တသက်မမေ့ ဘူး …( ဘာကြောင့် လဲ )

ငါတို့ ရဲ့ မြေ ၊ ငါတို့ ရဲ့ လေ ဟာ

ခေတ်အဆက်ဆက် မှာ သာယာခဲ့ တယ်….။

- ငါတို့ ဘိုးဘွားတွေ ပြောဘူးတယ်….

တို့ရေ ၊ တို့မြေ ကို

မင်းဆိုး မင်းညစ် တွေ အုပ်ချုပ်တဲ့ အခါ

သဘာဝတရားက ဖောက် ပြန်တယ်…တဲ့  ။

- တို့ ပြည်တွေ သူတွေ ဟာ ဟို ယခင် ထဲက

အာဏာရှင်စနစ် အောက် မှာ

ထမင်းတလုပ် တုတ်တချက် နဲ့

အသက်ဆက်နေရ တဲ့ ဘ၀တွေ ပါ

- နင် လျှောက်ခဲ့ တဲ့လမ်းကို နောက်ပြန်ကြည့် စမ်း

သားပျောက်ရှာ မိခင်တွေ ၊ မိဘ မဲ့ လူမမယ် ကလေးတွေ

တစ်ည နဲ့ တစ်ရက် မှာ အသက်ကင်းမဲ့ သွားသူတွေ

ဒီအဖြစ်အပျက် ရဲ့ တရားခံဟာ နင်ပဲ…..။

- အာဏာစက် နဲ့ ကတုံးပေါ်ထိပ်ကွပ် ပြီး

သခိုး က လူပြန်ဟစ် ၊ ကျန်ရစ်တဲ့ သူတွေကို

အငတ်ဘေး လက်နက် နဲ့  ထပ်သတ်နေသော လူတစုဟာ

အနှစ် မပါ အကာ ပါးပါး ၊ ခွေးစာသာသာကျွေးနေတယ်…..။

- လူသတ်ကောင် နာဂစ် ၊ နာမည်ဆိုးဖြစ်သွားတဲ့ နင့် ကို

တို့ တတွေ ကယ်တင်ရှင်အဖြစ် ၊ သမိုင်းကျန်ရစ်အေင်

နောက်တခါ နင် လာတဲ့အခါ ၊ ကြပ်ပြေးရွာ နေပြည်တော် မှာ

ငါစောင့် နေမယ်………….။ ။

No comments: