Friday, 5 September 2008
ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြမှု့ အား ဒီ/ချူပ် အတည်ပြု ထုပ်ပြန်သည့်  အထူးကြေငြာချက်
Posted by
ရန်ကုန်ပြည်သူများ
at
00:42
0
comments
Labels: ကြော်ငြာချက်
Sunday, 24 August 2008
ယနေ့  သတင်းစာ ပါ ဂန်ဘာရီ ခရီးစဉ် နှင့်  သတင်းစာရှင်းလင်းပွဲ..
မစ္စတာဂန်ဘာရီ ၏ ယခုတခေါက်ခရီးစဉ်အတွင်း သြဂုတ် ၂၀ ရက်အစီစဉ်တွင် နံနံက် ၁၀ နာရီ၌ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံရန်စီစဉ်ထားပြီးဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှတွေ့ ဆုံရန်ငြင်းပယ်ခဲ့ သည် ။ ထိုကြောင့် မစ္စတာဂန်ဘာရီက ကိုယ်တိုင်စာရေးသားပြီး တာဝန်ရှိသူများမှတဆင့်  ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့  ပြီးတွေ့ ဆုံရန်ကြိုးပန်းခဲ့ သည် ။သိုသော်ဒေါ်အောင်ဆန်းစုကြည် မှ၎င်းစာကိုလက်မခံပဲ တုံပြန်မှု့ မရှိသည်အတွက် တာဝန်ရှိသူများမှနံနက် ၁၀ နာရီခွဲ မှ ၁၁နာရီ မိနစ်၄၀ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အနောက်ဖက် အုတ်တံတိုင်းမှ လက်ကိုင်အသံချဲ့ စက်ဖြင့်  မစ္စတာ ဂန်ဘာရီ မှ စာပေးလိုကြောင်း နှင့် လက်မခံနိုင်ပါက ခြံဝတွင် စာကပ်ထား မည့် အကြောင်းထပ်မံအကြောင်းကြားခဲ့ ပြီး ၂ နာရီ မိနစ် ၄၀ တွင် မစ္စတာဂန်ဘာရီ၏ စာအားကပ်ထားခဲ့ ကြောင်းသိရသည် ။ ထိုနေ့ တွင်မစ္စတာဂန်ဘာရီ အနေဖြင့်  ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့  ဆုံနိုင်ရန်အမျိုးမျိုးကြိုးသား ခဲ့ သည် ။
သိုသော် မစ္စတာဂန်ဘာရီ မှ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံနိုင်ရန်ထပ်မံကြိုးစား လိုကြောင်း တင်ပြလာသဖြင့်  သြဂုတ် ၂၂ ရက်နေ့  နံနံက် ၇ နာရီမိနစ် ၅၀ တွင် မစ္စတာ ဂန်ဘာရီ၏ အဖွဲ့ ဝင်နှစ်ဦး ဖြစ်သည့် Mr. Erwan Pouchous နှင့်  Ms. Hua Jiang တို့  သည် နိုင်ငံခြားရေးဝန်ကြီးဌာန မှ တာ)န်ရှိသူများနှင့်  အတူ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့  သွားရောက်ခဲ့ သည် နံနက် ၈ နာရီ မှ ၈နာရီ ၂၅ မိနစ်အထိ ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်ခြံဝန်းရှေ့  မှနေ၍ လက်ကိုင်အသံချဲ့ စက်ဖြင့်  ကိုယ်စားလှယ်နှစ်ဦးအားလာရောက်တွေ့  ဆုံ ပါရန် အော်ဟစ်၍ ဆက်သွယ်ခဲ့ ပါသော်လည်း တုံပြန် မှု့  မရခဲ့ရှိခဲ့ ကြောင်းသိရ သည် ။
မစ္စတာဂန်ဘာရီသည် ဒေါ်အောင်ဆန်းစုကြည်နှင့်  တွေ့  ခွင့် မရခဲ့သဖြင့်  NLD ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ နှင့်  ထပ်မံ တွေ့  ဆုံခွင့် တောင်ခံ ခဲ့ သောကြောင့်ထပ်မံ စီစဉ်ပေး ခဲ့သည် ဟု ယနေ့ထုတ် စစ်အစိုးရ ၏ သတင်းစာများတွင် ရေးသားဖော်ပြခဲ့ သည် ။
…………………………………………………………………………………………………………….
မစ္စတာဂန်ဘာရီ ၏ ကယောင်ခြောက်ခြား ရှင်းလင်းချက် …
မစ္စတာဂန်ဘာရီ မှ ယခုခရီးစဉ်အတွင်း လိုလိုသေး မရှိအောင် စီစဉ်ဆောင်ရွက်ပေးခဲ့ ပြီး ဧည့် ဝတ် ကျေပွန်ခဲ့သော မြန်မာ အစိုးရ အားကျေးဇူးတင်ပါကြောင်း ၊ မိမိ ခရီးစဉ်သည် ကုလသမဂ္ဂ အဖွဲ့ စည် များနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းများမှ မြန်မာနိုင်ငံအပေါ်ထားရှိသည့် သဘောထားကို ထင်ဟပ်ပြ သ ရာ ရောက် ပါကြောင်း ၊ မိမိနှင့်  ဒေါ်အောင်ဆန်းစုကြည်တို့  တွေ့  ဆုံနိုင်ရန် အတွက်ကူညီကြိုးစားပေးခဲ့ သော နိုင်ငံတော် အစိုးရ အားကျေးဇူးတင်ပါကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်  တွေ့  ခွင့်  မရသည့်  အတွက် စိတ် မကောင်းဖြစ်ရပါကြောင်း ၊ ဤသို့  ဖြစ်ရသည် မှာ မြန်မာအစိုးရကြောင့် ရော ၊ မိမိကြောင့်  ပါ မဟုတ်ရပါကြောင်း၊ မိမိတို့  ကြားတွင် သဘောတိုက်ဆိုင်မှု့  များ ၊ မတိုက် ဆိုင် မှု့  များ ရှိနေမည် ဖြစ် သော် လည်း နှစ်ဘက်ကြားတွင် အဆင်ပြေစွာ ပူးပေါင်းဆောင်ရွက်နိုင်မည့်  နည်းလမ်းများကို ရှာဖွေ ပြီး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ မြန်မာ အစိုးရ အလိုရှိသည့် အချိန် တွင် မိမိလာရောက်ရန် အသင့်  ရှိနေကြောင်း စသည်…စသည်..တို့  ကို ရောချသွားပါသည်..။
………………………………………………………………………………………………………
ကျော်ဆန်း ရဲ့ အတို့ အထောင် ….
ကျနော်တို့  မြန်မာ နိုင်ငံ အစိုးရ အဖွဲ့ နဲ့ အဆွေတော် ( ဂန်ဘာရီ )ဟာ ယခင်သုံးကြိမ်မြောက် တွေ့  ဆုံ ခဲ့ ပြီးယခုအကြိမ်သည် လေးကြိမ်မြောက် ဖြစ်သောကြောင့် ရင်နှီးပွင့် လင်း ခင်မင်စွာဆွေးနွေးတိုင်ပင် အမြင်ခြင်းဖလှယ်ခဲ့ ကြပြီးသည့်  အတွက်တယောက် သဘောကို တယောက် နားလည် ပြီး တကယ့်  မိတ်ရင်းဆွေချာ ဖြစ်နေပါပြီ ။ ဒါကြောင့်  ယခုစတ္ထုထ အကြိမ်တွေ့ ဆုံ မှု့  မှာလည်း ယခင် တွေ့ ဆုံ မှု့  များထက် ပိုမိုခင်မင်ရင်းနှီးပွင့်  လင်းစွာနဲ့ အမြင်ခြင်းဖလှယ် ပြီး အကျိုးရလဒ်ကောင်းတွေ ဆောင်ကကြည်းပေးနိုင်လိမ့်  မယ်လို့  ယုံကြည် မျှော်လင့် မိပါတယ် ။
……..အဆင့်  လေးဖြစ်တဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြုမယ့်  ဆန္ဒခံယူပွဲ မှာလဲနိုင်ငံတကာစံနှုန်းများနှင့်  အညီ စနစ်တကျဆောင်ရွက်ခဲ့ ပြီးဖြစ်ပါတယ် ။ ဆန္ဒခံယူပွဲမှာပြည်သူလူထုက အတည်ပြုလိုက်ခြင်းဟာ ရှေ့ ဆက်ပြုလုပ်မယ့် မူဝါဒလမ်းစဉ် (၇) ရပ် ကို ဆက်လက် ဆောင်ရွက် သွားရန်အတွက် ကိုလည်း အတည် ပြုလိုက် ခြင်း ဖြစ်ပါတယ် ။ဒါကြောင့်  ယနေ့  အခါ မှာမူဝါဒလမ်းစဉ် (၇) ရပ် ရဲ့ ကျန်အဆင့်  (၅) (၆)(၇) တို့ ကို လည်း အောင်မြင်ပြီးမြောက် အောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ။. အဆင့်  (၅ )ဖြစ်တဲ့ ပါတီစံဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲ ဆောင်ရွက်ရာမှာလဲ အားလုံးပါဝင်ခွင့်  ရအောင် ဒီမိုကရေစီ နည်းလမ်းတကျဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ။ ဒါဟာ အဆွေတော်ပြောတဲ့ အားလုံးပါဝင်ခွင့် ရအောင် ဆောင်ရွက်ပေးမယ့့် အစီစဉ် ပဲ ဖြစ်ပါတယ် တဲ့….။
( လူပုသလောက် ပလီတီးချောက်ချက် ပြောတတ်တဲ့ ကျော်ဆန်း ရဲ့ ဂန်ဘာရီးအား နှပ်ချ ပုံ….)
…………………………………………………………………………………………………………….
ရန်ကုန်သားရဲ့  အမြင်…….
၁။ ကိုယ်စားလှယ်တော်ကြီး နှစ်ယောက် နှင့်  စစ်အစိုးရ ဖက် မှ တာဝန်ရှိသူများသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ် ရှေ့ ၊ နောက် တို့  မှာ လက်ကိုင် အသံ ချဲ့ စက် ဖြင့်  အလှုခံ လာ သလို အော်မခေါ် သင့်  …….. အမှန်တကယ် ဖြစ် သင့်  သည် မှာ ဒေါ်အောင် ဆန်းစုကြည် နေအိမ် ခြံဝန်း ပါတ်ပါတ် လည် မှ ခွေးတိုးပေါက် တို့  ကို ရှာ သင့်  သည် ။ တွေ့ ရှိပါက ထို ခွေးတို့  ပေါက် မှတဆင့်  လေးဘက်ထောက် တိုးဝင် ကာ အတွင်းသို့  ၀င်ရောက် ပြီး တွေ့  ဆုံ ပါရန် အသနားခံ သင့်  သည် ။
၂။ ကုလသမဂ္ဂ တာဝန်ရှိသူများမှ လဲ မြန်မာနိုင်ငံရေး ကြားဝင် ဆောင်ရွက်ရန်အတွက် မစ္စတာ ဂန်ဘာရီ လို နုံအအ လူမျိုးကို မြန်မာနိုင်ငံ သို့  မလွှတ်သင့်  ။ လည်သူစား စနစ်ကြီးစိုးနေသော မြန်မာနိုင်ငံလို နေရာ မျိုး တွင် ဂန်ဘာရီလို လူရောက်လာသော အခါ နောက်ဆုံး မှာ ဆူးလေလမ်း က ပလီ တက်ပြီး ဆုတောင်းတာ ပဲ ရှိမည် ။ ဤ သို့ တက်ရောက် ဆုတောင်းခြင်း မှာ နအဖ ခေါင်းဆောင် များ သူ့ အပေါ်တွင် စိတ်မကွက် စေရန်ဖြစ်သည် ။ မှာလိုက်တာတမျိုး - လုပ်လာတာ တမျိုး နှင့် ဆိုသောအခါ နောက်ထပ်လာခဲ့ သည် ရှိသော် လေကြောင်း ကုမ္မဏီ များကို လုပ်ကျွေးသလိုဖြစ်နေမည် ။
၃။ ကျော်ဆန်းပြောတဲ့ ဆန္ဒခံ ယူပွဲအားနိုင်ငံ တကာစံနှုန်း နှင့်  အညီ ဆောင်ရွက် ခဲ့သည်ဟုဆိုသော်…ရန်ကုန်သား တခုလောက်သိချင်ပါ သည် ။ နိုင်ငံတကာ ဆန္ဒခံ ယူပွဲ သတ်မှတ်ချက် စံနှုန်းများတွင် …မဲဆန္ဒ ပေးရာ ၌ (၁ ) မိမိမဲဆန္ဒ အားလူကြုံပေး၍ ရ ၊မရ ( ၂ ) ဆန္ဒမဲပေးရန် အိမ်ထောင်စုစာရင်း လိုက်လံကောက်ခံ ပြီးနောက် မိသားစုစာရင်း ပြန်လည် ထုပ်ပြန်ရာ တွင် အမှန်တကယ်ရှိသော မိသားစု ၀င် များသာမက ပဲ စစ်တပ်မှ (ဥပမာ- တကက အောင်သန်း ) စသည့် အမည် မျိုး လူပိုလူလျှံ များပါလာ၍ ရ ၊ မရ ။ ( ၃ ) ဌာနဆိုင်ရာ များ ရှိဝန်ထမ်းများအား နေထိုင်သော ရပ်ကွပ် တွင်း မဲမပေးစေပဲ သက်ဆိုင်ရာ အကြီးအကဲ များမှ ထုတ်ပေးသော အမှန်ခြစ်ပြီးသား မဲလက်မှတ်များတွင် လက်မှတ် ထိုးစေ ခြင်းမျိုး ရ ၊ မရ ။ ( ၄ )ရပ်ကွပ်များအတွင်း ရှိလမ်းလူကြီးများ မှ တအိမ်တဆင့်  လိုက်လံ၍ ချော့ တခါ ၊ ခြောက်တလှည့်  အေးဓါးပြ တိုက်ပြီး အမှန်ခြစ်ခိုင်းခြင်းမျိုး ရ ၊ မရ ။ ( ၅ ) နာဂစ် မုန်တိုင်း သင့်  ဒုက္ခ သည် များအား အမှန် ခြစ်ပါ မှ ဆန်ပေးမည် ၊ နေစရာ ပေးမည်ဆို ပြီး အတင်း အဓမ္မ အမှန်ခြစ်ခိုင်းခြင်း မျိုးရ ၊ မရ ။ ( ၆ ) မုန်တိုင်းသင့် ဒေသ ရှိကျေးရွာ အများစု သည် မဲဆန္ဒ ပေး ပွဲ အား ထိုသူတို့  ကိုယ်တိုင် မသိလိုက်ပဲ ရာနှုန်း ပြည့်  ထောက်ခံ လိုက် ပါသည် ဆိုကာ ကြေငြာ ခြင်းမျိုး ပြုလုပ်၍ ရ ၊ မရ ……စသည်တို့  သည် နိုင်ငံတကာ စံ နှုန်းသတ်မှတ်ချက် များတွင် ပါဝင် ပါသလား ဆို တာကို ရန်ကုန်သား သိချင်ပါသည်…။
Posted by
ရန်ကုန်ပြည်သူများ
at
04:18
3
comments
Labels: သတင်းစာ
Saturday, 23 August 2008
Sunday, 10 August 2008
သခင် ဖိုးလှကြီး ( ဒုတိယ ပိုင်း )
ဖိုးလှကြီး သည် တုန်လှုပ်ခြင်းကင်းမဲ့  စွာ ဖြင့်  လက်ဝှေ့ ထိုးသတ်ရာ စည်းဝိုင်းအတွင်း သို့  ၀င်လာသောကြောင့်  ကြည့် နေသူအားလုံး ပထမတွင်အံအား သင့် သွား ကြပြီး နောက်ပိုင်းမှတော့  အားလုံးနီးပါး ဖိုးလှကြီး ကို လက်ခုပ်လက်ဝါးတီး၍ အားပေးကြလေသည် ။ အရာရှိဖြစ်သူမှာလဲ လက်အောက်ငယ်သား က စိန်ခေါ်ခံရသည့်  အတွက် ဒေါသတကြီးဖြစ်ကာ အတင်းဝင်ရောက် ထိုးသတ်လေ ရာ ဖိုးလှကြီးမှာ ယခင်ထဲက မုန်းတီးနေသူပီပီ အနိုင်ထိုးသတ်နိုင်ခဲ့ လေသည် ။ သို့  သော် စစ်ဗိုလ် အားလက်ဝှေ့  ထိုးသတ်ခဲ့ မှု့  ကြောင့်  တည လုံး အချုပ် ခံ ခဲ့ ရလေသည် ။
နောက်ထပ်စိတ်ဝင်စားဖွယ် ဖြစ်ရပ်တခု မှာ ရှေ့ တန်း အပြန် အောင်ပွဲခံ ရာ၌ အရာ ရှိ
များ နှင့်  သာမန်စစ်သား များအား ခွဲ ခြားမှု့  နှင့်  ပါတ်သက်၍ ဖိုးလှကြီး မကျေနပ်ရာ မှ စတင် သည် ။ အောင်ပွဲ ခံ ၍ စားကြသောက် ကြရာတွင် အထက် အရာရှိများမှာ ကောင်းပေ့ ညွှန့် ပေ့  ဆို သည့်  အရက်သေစာ များ ၊ ဆိတ်သား ၊ သိုးသား ၊ အမဲ စသည့် အကြော် ၊ အလှော် တို့ ဖြင့်  အရှိများကြီး သီးသန့်  ခွဲ ကာစား သောက် ကြလေ သည် ။ သာမာန် စစ်သည် တို့ မှာ မှု သင့်  တင့်  ရုံ မျှဖြင့်  သာ စားသောက်ကြရ သည် ။ ထိုသည် ကို ဖိုးလှကြီး မှာ မကျေနပ်ချေ ။ မိမိ တို့ စစ်သားများမှာ ရှေ့တန်းစစ်မျက် နှာ ပြင် တွင် ရှေ့  ဆုံးမှ သေခံ တိုက်ခဲ့ ကြရ ပြီး အောင် ပွဲ ခံရာတွင် ဤ သို့  ခွဲခြားဆက်ဆံ ရန်မသင့်  ဟု ယူဆ သည် ။ ထို့ ယူဆချက်ကြောင့်  သာမန်စစ်သား ငယ်များဖက် မှ မခံ မရပ်နိုင် ဖြစ် ကာ အတူတကွ စားသောက်နေကြရင်း စားပွဲပေါ်သို့  ခုန်တက် ကာ “ အရှိတွေ မတရားဘူး တိုက် ပွဲ တိုက် ခဲ့ ကြတုန်းက ငါတို့  က ရှေ့ က နေအသေခံ ပြီးတိုက် ခဲ့ ကြ တယ် ၊ အခုအောင် ပွဲ ခံတော့  သူတို့  က ကောင်းပေ့  ညွှန့် ပေ့  ဆို တဲ့ အစားအသောက် တွေ နဲ့ သီး သန့်  ခွဲ ခြားပြီးစားသောက် ကြ တယ် …ဒါကိုလက် မခံနိုင် ဘူးသူတို့  နဲ့ အတူအရက်သွားသောက် မယ် …သတ္တိရှိတဲ့ သူထွက် ခဲ့ ကြ …” ဟု ဆိုသောအခါ ဘ၀တူတွေ ထဲ မှ ကုလားစစ်သား သုံးယောက် ထွက်လာလေသည် ..။ ထိုသုံးယောက် နှင့်  ပင် အင်္ဂလိပ် အရာ၇ှိများစားသောက် နေကြသော ရွက် ဖြင် တဲကြီးတွင်း သို့  ခပ်တည်တည် ဖြင့်  ၀င် သွားကာ အရက် ခွက် နှင့်  အစားသောက် များကို ယူငင်စား သောက် ကြလေသည် ။
အရာရှိများ မှာပထမ တွင်အံအားသင့်  နေကြ ပြီး ၊ နောက် ပိုင်းတွင် ဆဲ ဆို ကာမောင်းထုတ် လေသည် ။ ဖိုးလှကြီး မှာ ငြိမ်ခံမနေပဲ “ တိုက်ပွဲတိုက် ခဲ့ ကြတာခြင်းအတူတူ ဒီလို ခွဲ ခြားဆက် ဆံလို့  လယ် ရ မဲ ဟု ဆိုကာ စားပွဲ အား ဆွဲ လှန်ပစ်လိုက် လေ သည် ။ နောက်ဆုံးမတော့  ထုံးစံအတိုင်း အချုပ်တွင်းသို့ ရောက် ရှိခဲ့ လေ သည် ။
ဖိုးလှကြီးသည် မက်ဆိုပိုတေးမီးယား စစ်မြေပြင်တွင် သုံးနှစ် ခန့် အမှု့  ထမ်းကာ မြန်မာပြည် သို့  ပြန်လာရာ တွင် စစ်ပြန်များကို အစိုးရ မှနေ၍ စည်းရုးရေးအနေ ဖြင့်  မြေယာများ ကို အခမဲ့ ပေးလေ သည် ။ ထိုအခါ ဖိုးလှကြီးမှာ မြန်မာ့  မြေယာကို မြန်မာ ပိုင် သည် သူတို့  ပေး မှ ရ သည် မဟုတ်ဟု ယူဆ ကာ မြေယာကွက် ကို လက်မခံ ပဲ ရိုးရိုး ရေနံမြေ အလုပ်ကြမ်း သမားဘ၀ ကို ၀င်ရောက်လုပ်ကိုင် လေတော့  သည် ။ ထိုအခါ မြန်မာ့  အလုပ်သမားထု မှာ အရာရှိများက အပန်းဖြေရိပ်သာ ၊ ကား နှင့်  အိမ်အကောင်းစား များ နှင့်  နေကြသော် လဲ အောက် ခြေ အလုပ်သမားများမှာ မိမိတို့  နေပူကျဲကျဲ တွင် တူးဖော် ခဲ့ သော် ရေနံ များကို ညအချိန် မီးခွက် ထွန်းရန်အတွက် ပင် လုံလောက် စွာ မရ သည် ကို ရင်နင့်စွာ မြင်တွေ့ ရ ပြန်လေသည် ။ ဖိုးလှကြီးမှာ အလုပ်သမားများ၏ နင်းပြားဘ၀ ကို ကယ်တင်ရန်ဆုံးဖြတ်ကာ အောက်ခြေ မှ အလုပ်သမားများဘ၀ ကို လဲ လေ့ လာ ၏ ။ အစိုးရ ၏ အုပ်ချုပ်ရေး စနစ် ကို လဲ လေ့  လာ ကာ အခြေနေ အရပ်ရပ် ကို သုံးသပ် ပြီး တော်လှန်ရန်ဆုံးဖြတ်ကာ အလုပ်သမားထု မျက်စိပွင့်  စေရန် ၊ သတ္တိ ရှိစေရန် ၊ သွေးစည်းကြစေရန်အတွက် ကြိုးစားလေတော့  သည် ။
ဤသို့  ဖြင့်  ၁၉၃၈ ခု နှစ် တွင် တနှစ်လျှင် လုပ်ခ မပျက် ခွင့်  ရက် ၃၀ ပေးရန် နှင့်  လိုအပ်သောတောင်းဆိုချက် ( ၁၂ ) ချက် ကို တောင်းဆိုကြသည် ကို အလုပ်ရှင်များ မှ မလိုက် လျှော သဖြင့်  ၁၉၃၈ ခုနှစ် ၊ ဇန်န၀ါရီလ ၊ ၈ ရက် နေ့ ( ၁၂၉၉ ခု နှစ် ၊ ပြာသိုလဆန်း ၈ ရက် ) တွင် ရေနံမြေသပိတ်ကြီး ကိုစတင် မှောက်ကြလေတော့  သည် ။ လုပ်ငန်းများဆောင်ရွက်ရန်အတွက် သခင်လေးမောင် ၊ သခင် မြ ၊ သခင်သင် ၊ သခင် တင် ၊ သခင်အောင်ဖေ ၊ သခင်ခ ၊ သခင်ဘတင် ၊ ဦးဘလှိုင် နှင့်  သခင် ဖိုးလှကြီးတို့  အားရွေး ချယ်လိုက် ကြ သည် ။ ထို့  နောက် သခင် ဖိုးလှကြီးသည် သပိတ်တပ် ကို ရ န်ကုန် သို့  ချီတက် ရ န်အတွက် ဦးဆောင် ခဲ့ လေတော့  သည် ။
( တတိယ ပိုင်း သပိတ်တိုက်ပွဲများကို ဆက်လက် ဖတ်ရှု့  ကြ ပါ ရန်……)
Posted by
ရန်ကုန်ပြည်သူများ
at
09:04
0
comments
Labels: မြန်မာ့ သမိုင်း မှ အာဇာနည် များ
Wednesday, 30 July 2008
ရေနံမြေ အလုပ်သမား ခေါင်းဆောင် အာဠာဝက သခင်ဖိုးလှကြီး
ရေနံမြေ အလုပ်သမား ခေါင်းဆောင်း အာဠာဝက သခင်ဖိုးလှကြီးအား မကွေးမြို့ ခရိုင် ၊ သရက်လေးပင် ကျေးရွာ တွင် ဆင်းရဲသော မိဘ များမှ မွေးဖွားခဲ့ သည် ။ သခင်ဖိုးလှကြီး ၏ မိဘ အမည် များနှင် မွေးသင်္ကရာဇ် ကို အတိအကျ မသိရ သေးပါ ။ ဖိုးလှ ကြီး အသက် ၁၄ နှစ် အရွယ်မှ မျိုးချစ်စိတ်တို့  ကိန်းအောင်းစေခဲ့ သော ဖြစ်ရပ်မှာ ထိုကာလက အုပ်ချုပ် နေသော အစိုးရသည် မြေခွန် ၊ လူခွန်များ မပေးဆောင်နိုင်ပါက ပစ္စည်း သိမ်း ၊ သိမ်းစရာပစ္စည်းမရှိ ပါက လူကိုထောင်ချသည် ။ ဖိုးလှကြီး ဖခင်မှာ ဆင်းရဲလွန်းသဖြင့်  အခွန်မပေးနိုင် သဖြင့်  ဖိုးလှကြီးရှေ့  မှာပင် မတရား အဖမ်းခံရလေ သည် ။ မကျန်းမာသော မိခင် ဖြစ်သူမှာ ခင်ပွန်း ဖြစ်သူအတွက် ပုလိပ်အား မျက်ရည်စက်လက်ဖြင့် တောင်းပန်ရာ တွင်မရသဖြင့် သားဖြစ်သူ ဖိုးလှကြီးအား “ မြေခွန်မဆောင်နီုင် လို့  မင်းအဖေ ကိုဖမ်းသွားတယ် သားရယ်…” ဟုဆိုကာ မျက်ရည် ကျလေ သည် ။ ထိုမြင်ကွင်းကို မြင်လိုက်ရသော အသက် ၁၄ နှစ်အရွယ် ဖိုးလှကြီးသည် မတရား အနိုင်ကျင့်  ခံရသည် ၊ လူမဆန်သော အပြုအမူများ ဟုသတ်မှတ်ကာ ဇာတိမာန် ၊ ဇာတိသွေး တို့  ကိန်းအောင်းခဲ့ လေတော့  သည် ။
ထို့ နောက် တွင် သခင်ဖိုးလှကြီးသည် ဗိုလ်ချုပ်အောင်ဆန်း ၏ အဘိုး ဗိုလ်လရောင် ၏ ညာလက်ရုံးတပည့်  ဖြစ်ခဲ့ဘူးသူ ဆရာတော်ကြီး တပါးထံ တွင် ပညာသင် ခဲ့ လေသည် ။ ထိုဆရာတော်ကြီးမှာ ဗိုလ်လရောင် ကျဆုံးပြီးနောက် အခြေနေမကျသဖြင့်  ဘုန်းကြီးဝတ်ခဲ့ ရ ပုံ ၊ နယ်ချဲ့ အစိုးရ ၏ ယုတ်မာ ညစ်ပတ်ပုံ ၊ မြန်မာ တို့  ဇာတိသွေးရှိပုံ ၊ နယ်ချဲ့ အစိုးရ အား နည်းလမ်း အမျိုးမျိုး သုံး ကာ မြန်မာ့  မြေပေါ် မှမောင်းထုတ်ပစ်ရန် ကြိုးစား ရမည် တို့  ကို အချိန်ရ တိုင်း သွန်သင် လေ ရာ ဖိုးလှကြီးမှာ ဇာတိမာန် တက်ကြွသည် ထက် ၊ တက်ကြွလာလေတော့  သည် ။
၁၉၁၅- ခုနှစ်ဝန်းကျင်တွင် ပထမ ကမ္ဘာစစ်ကြီး ဖြစ်လာသော အခါတွင် အင်္ဂလိပ်တို့  သည် စစ်ပွဲ အတွက် စစ်သား စုဆောင်းလေတော့  သည် ။ ထိုအခါ အင်္ဂလိပ် ကိုတော်လှန်တိုက် ခိုက်ခဲ့ သော ဆရာတော်မှ ဖိုးလှကြီးအား အင်္ဂလိပ် စစ်တပ်သို့  ၀င်ရောက် ရန်တိုက်တွန်း လေရာ ဖိုလှကြီးမှာ နားမလည် နိုင်သည့်  အတွက်မေးမြန်း ရာတွင် ဆရာတော် ပြန်လည် ဖြေကြားပုံ မှာ ကျွန်အဖြစ်နှင့် နေကြရမည့်  အစား အင်္ဂလိပ်စစ်တပ်အတွင်း အမှု့  ထမ်းရင်း အမြတ်ထုပ်သင့်  ကြောင်း ၊ စစ်ပညာတို့  ကို ရနိုင်သမျှ သင်ကြား သင့်  သည့်  အကြောင်း ၊ စစ်ပညာတတ်ထားပါမှ တနေ့  တွင် ပြန်လည် တိုက်ထုပ်နိုင်မည် တို့  ကို ပြောပြလေ သည် ။
ထိုနောက် ဖိုးလှကြီးသည် စစ်ထဲသို့  ၀င်ရောက်ခဲ့ပြီး မက်ဆိုပိုတေးမီးယား စစ်မြေပြင်သို့  ရောက် ရှိပြီး စစ်ပွဲပေါင်းများစွာတွင် ပါဝင်ခဲ့ လေတော့  သည် ။ စစ် မှူ့ ထမ်းနေစဉ် လူမျိုးခြား အထက်အရာ ၇ှိများနှင့်  မျက်နှာကြောတဲ့သူတော့  မဟုတ်ပေ ။ တခါတွင် တပ်ကြပ်ကြီး တဦး နှင့် သာမန်ကပ္ပလီ စစ်သား တဦးတို့  လက်ဝှေ့  ထိုးသတ်ကြလေရာ တပ် ကြပ် ဖြစ် သူ မှ ယုတ်မာ ညစ်ပတ် ၍ ထိုးသဖြင့်  စစ်သား ငယ်မှာ မချိမဆန့်  အလူးအလဲ ခံရလေ သည် ။ ထိုသည်ကြိုမင်တွေ့  သော ဖိုးလှ ကြီးမှာ အထက်အရာ ရှိ တပ်ကြပ်ကြီး ဖြစ်သူကို စိန်ခေါ် ၍ လက်ဝှေ့ စည်းဝိုင်းတွင်းသို့  ၀င်လေတော့  သည် ။ အနား ရှိ သူများအားလုံး မှာအံအား သင့် ပြီး ပထမတွင်ကြောင် ကြည့်  နေကြသည် ။ နောက် မှ လက်ခုပ်လက်ဝါးတီး ၍ မြန်မာစစ်သား ငယ် ဖိုးလှ ကြီး ကို အားပေးကြလေတော့  သည် ။ ထိုအချိန် တွင် ဖိုးလှကြီးမှာ အသက် နှစ်ဆယ်ကျော် သာ ရှိသေးသော်လည်း ခန္ဓာ ကိုယ်လုံး ကိုယ်ထည် မှာ ကြံခိုင်သန်စွမ်း ထွားကြိုင်းလှသည် ။ မျက်နှာပြားပြား ၊ မေးရိုးကားကား ၊ ပိရိသေသပ်သော နှတ်ခမ်း တို့  ဖြင့်  ဖိုးလှကြီးမှာ လက်ဝှေ့ ကြိုးဝိုင်းတွင်းသို့  ၀င်ရောက်လာလေတော့  သည် ။ တပ်ကြပ်ဖြစ်သူမှာလည်း အများရှေ့  တွင် သာမာန် စစ်သား ကလေးတဦး မှ စိမ်ခေါ်ခံလိုက်ရသည် အတွက် ဒေါသ ဖြင့်  စည်းဝိုင်းတွင် ၀င်ရောက်လာလေတော့  သည် ။
Posted by
ရန်ကုန်ပြည်သူများ
at
07:30
0
comments
Labels: jမန်မာ့ သမိုင်း မှ အာဇာနည် များ
ဆရာတော် ဦးဥတ္တမ
ဆရာတော် ဦးဥတ္တမ သည်
။ ပြည်သူတို့  အမျိုးသားရေးတွင်စိတ်ပါလာစေရန် နိုင်ငံရေးတရား များကိုစတင် ဟော ပြောလေတော့  သည် ။ အစ တွင် ရုပ်ရှင် ရုံ များ အားလပ် ချိန် ပေးစဉ် တွင် ဟော ပြောခဲ့ ရ သည် ။ ၁၉၁၂ - နှစ် ခုနှစ်လောက် တွင် နှမ ဖြစ်သူ မအိမ်စိုး နှင့်  မြန်မာ လူငယ် ( ၃၁ ) ဦး ကို ဂျန်ပန်နိုင်ငံ သို့ ခေါ်ဆောင် သွားပြီး ပညာသင် ကြားစေ သည် ။ ၁၉၁၉ -ခုနှစ်တွင် မြန်မာနိုင်ငံ သို့  ပြန်လာ ပြီး သူရိယ သတင်းစာ တိုက် တွင် သီတင်း သုံးကာ နိုင်ငံရေး တရားများစတင် ရေသားလေတော့  သည် ။ ထို့  နောက် ကမာရွတ်တွင် ပြောင်းရွှေ့  ပြီး တပါး တည်း သီတင်းသုံး ကာ နိုင်ငံရေးတရားပွဲ များ လှည့် လှည် ဟော ပြောလေတော့  သည် ။ တရားဟောရာတွင် အလွန်ကောင်းသဖြင့်  လူမျိုးပေါင်းစုံ က ဆရာတော်အား ပင့်  ဆောင် ရာ့ ကားလမ်းမပေါက် သည် နေရာများတွင် ထမ်း စင် ဖြင့်  တရားဟော ပလင် ထိ ပင့်  ဆောင် ကြသည် ။ ထို့  သို့  နိုင်ငံရေး မျိုးစေ့  ချပေး ခဲ့ သော ကျေးဇူး ကြောင့် ( ၁၉၂၀ - ၂၁ ) ခုနှစ် တွင် တက္ကသိုလ် ကျောင်းသားများစတင် သပိတ် မှောက် ကြလေတော့  သည် ။ ထိုအချိန် ဘုရင်ခံ မှာ အင်္ဂလိပ်လူမျိုး ဆာရယ် ဂျီနယ်ကရက်ဒေါက် ဖြစ်သည် ။
မျိုးချစ်စိတ် တို့  ပေါ်ပေါက် လာရန် အတွက် အဓိ က လှုံဆော် ပေးသော သတင်းစာ ၊ ဂျာနယ် များကို အစိုးရ မှ ပိတ်ပစ်နိုင်ရန်အတွက် အာမခံကြေး များတောင်းခံလာ သဖြင့်  ဂျာနယ် အချို့  ပိတ် ပစ်လိုက်ရ ပြီး သူရိယ ၊ မြန်မာ့  အလင်း ၊ ပညာ့  အလင်း ၊ ဗန္ဓု လ ဂျာနယ်တို့  သာ ကျန်ရစ်ခဲ့ သည် ။ ထိုစဉ် ဝေလမင်းသား မြန်မာ ပြည် လာမည့်  ခရီးစဉ် အား ၀ိုင်အမ်ဘီအေ အသင်း မှ ကြီး မှူး ၍ သပိတ်မှောက် ရာ ခေါင်းဆောင် အချို့ ကို ဖမ်း ဆီး ပြီး သပိတ်မှောက် ရာတွင် အရေးယူနိုင်သော ဘွိုင်းကောက် ဥပဒေ ( Boycott ) ကို အစိုးရ မှ ပြဌန်းလိုက် သည် ။ ထိုသို့  ဘုရင်ခံ မှတင်းမာလာသောအခါ တွင် ဆရာတော် မှ ငြိမ် ခံ မနေတော့  ပဲ ဘုရင်ခံထံသို့  ( ဆာရယ် ဂျီနယ်ကရက်ဒေါက် မြန်မာ ပြည် မှ ထွက် သွား ) ဟူသော စာကို ဘုရင်ခံထံ ပိုက် လိုက် သည် ။ ထိုနှင် လွှတ်သည့်  စာ ကို သူရီယ သတင်းစာ မှ ဖော် ပြလိုက် သော အခါ တွင် ပြည် သူများမှာအံအားသင့် ပြီး မျိုးချစ် စိတ် တို့  တိုးမြင့်  လာကြသည် ။
ပထမ ကျောင်းသား သပိတ်မှောက် စဉ် က ဆရာတော် မှာ အန္ဒိယ သို့ ခေတ္တ ရောက်ရှိနေ ခိုက် ဖြစ် သည် ။ ထို အချိန်တွင် ရတနာဂီရိ တွင်ရှိသော ပါတော် မူ ဘုရင် သီပေါမင်းနှင့်  လျွှို့  ၀ှက်တွေ့  ဆုံ ခဲ့သေး သည် ဟုဆို ၏ ။ ၁၉၂၂ -ခုနှစ်တွင် အန္ဒိယ မှပြန်ရောက်ပြီး ဖျာပုံခရိုင် ကျောက်ကုန်းနယ်တွင် ( လိပ်အခွံ နွာရမည် ) ဟူသောတရား ဟောပြောမှု့  ကြောင့်  အဖမ်းခံရလေတော့ သည် ။ ဆရာတော် အဖမ်းခံရမှု့ ကြောင့်  သံဃာ့ သမဂ္ဂ ပေါင်း ( ၃၇ ) ခုပေါ်ပေါက် ခဲ့သည် ။ တနိုင်ငံလုံးစည်းရုံးအုံ ကြွလာသည် ။ အစိုးရအပေါ် အကြည် ညို ပျက်အောင်ဟောပြော မှု့ ကြောင့်  ဆရာတော် အား ပုဒ်မ ၁၂၄ ( က ) အရ မအူပင်ထောင်တွင် လေးနှစ်အပြစ်ပေး ခံရသည် ။ ထောင်တွင်း နေထိုင်မှု့ ကောင်းသဖြင့်  သုံးနှစ်အကြာမှာပင် လွတ်မြောက် လာခဲ့ လေသည် ။
ထောင်မှလွတ်သောအခါ နိုင်ငံရေးတရားများကို ဆထက်တပိုးဟော ပြောလေရာ မန္တလေး တွင် ဆရာတော် ၏ လှံဆော် မှာကြောင့်  အဓိကရုန်း ဖြစ်ပေါ်လေသည် ။ ထို့ ကြောင့်  အစိုးရ မှ ဆရာတော် အားရန်ကုန်တွင် အလုပ်ကြမ်းနှင့်  ထောင် ဒါဏ် သုံးနှစ် အပစ်ပေး ခဲ့ရာ ဆရာတော် သည် အုန်းဆံ ထု ၊ ကြိုးကျစ် စသော အလုပ် ကြမ်းများလုပ်ခဲ့ရ လေ သည် ။ ဒုတိယ အကြိမ်ထောင် မှထွက်လာသောအခါ တွင် တပည့် ဒယကာ များ မှ စုဆောင်းကောက်ခံထားသော အလှူငွေများအား ဆရာတော် ထံ အပ် ကြ ရာ ၁၉၃၈ - ခုနှစ်လောက် တွင် (တရုတ် နှင့်  ဂျပန် )အ ကြောင်းကို ဓါတ်ပုံများနှင့်  ဝေေ၀ဆာဆာ ထုပ်ခဲ့ သည် .။
မြန်မာ့  နိုင်ငံရေး အခြေနေမှာလည်း ရှုပ်ထွေးသည် ထက် ရှုပ်ထွေး လာပြီး တော် လှန်ရေးခေါင်းဆောင် အချို့  မှာ အစိုးရ မှပေးသော ရာထူး ၊ စည်းစိမ် ၊ အာဏာ တို့  ယစ် မှူးလာကြပြီး ဆရာတော်အား ပစ်ပယ် စ ပြုလာသည် ။ နောက်ပိုင်းတွင် ဆရာတော် အားလုံးလုံးပစ်ပယ် ခဲ့ သဖြင့်  ဆရာတော် မှာ အခြေအနေ မဲ့ ဖြစ်ကာ ဖြစ်သလိုနေ ၊ ဖြစ်သလိုစား ဘ၀ ဖြင့်  ဘ၀ နေ၀င်ချိန်ရောက် ခဲ့ရ သည် ။ နောက်ဆုံးတွင် ဆရာတော်မှာ လောကဓံ တရား တို့ ကြောင့်  ၁၃၀၀-ပြည့်နှစ် ၀ါခေါင်လဆုတ် ၁၁ ရက် ၊ ( ၁၉၃၉ -ခု နှစ် ၊ စက်တင်ဘာလ ၉ -ရက်နေ့ ) အရောက်တွင် ရန်ကုန်ဆေးရုံကြီး ၌ ချို့ တဲ့စွာ ဖြင့် ဘ၀နတ်ထံ ပျံ လွန်တော် မူ ရှာလေတော့  သည် .။
ကျမ်းကိုး။ ။- မြန်မာ့ စွယ်စုံ ကျမ်း အတွဲ ( ၁၅ ) -၁၉၇၆
- ထင်ရှား ခဲ့သော ပုဂ္ဂိုလ်ကြီးများ ( ရွှေ ဥသြ ) - ၁၉၈၆
စာရေးသူအမှာ။ ။ သမိုင်းတွင် ခဲ့ သည့်  သံဃာ့  အာဇာနည် ကြီးများ၏ သမိုင်း များ ပျောက်ကွယ်မသွားစေရန်နှင့်  မြန်မာ့ နိုင်ငံရေးသမိုင်းတွင် သဃာ တော် များ အရေးပါခဲ့ ပုံတို့ ကို မမေ့လျှော့ စေရန် ရည်ရွယ်ပါသည် ။ ထို့  အပြင် ခေတ်အဆက်ဆက် မှ ယနေ့  အချိန်အထိ့ သံဃာ အာဇာ နည် များ သမိုင်းတွင် ပခုက္ကူ မြို့  ၏ အရေးပါပုံ ကို သိသာစေရန် တို့  ဖြစ်သည် ။
Posted by
ရန်ကုန်ပြည်သူများ
at
07:16
0
comments
Labels: မြန်မာ့ သမိုင်း မှ အာဇာနည် များ
Tuesday, 29 July 2008
ပုဂ္ဂိုလ်ထုးဆရာတော် ရှင်ဥတ္တမ
ပုဂ္ဂိုလ်ထုးဆရာတော် ရှင်ဥတ္တမ သည် ရခိုင်ပြည်နယ် ၊ စစ်တွေ မြို့  ၊ ရူပ ရပ် အဖ ဦးမြ ၊ အမိ ဒေါ် အောင်ကျော်သူတို့  မှ ၁၈၇၉ ခုနှစ် ၊ ဒီဇင်ဘာ လ ၊ ၂၇ ရက် တနင်္ဂနွေ နေ့  တွင် ဖွားမြင် ခဲ့  သည် ။ မွေးချင် သုံးဦး ဖြစ်သော -
၁ ။ ပေါ်ထွန်းအောင်
၂ ။ ကျော်ထွန်းအောင်
၃ ။ မအိမ်စိုး …….တို့ အနက် အကြီးဆုံး ပေါ်ထွန်းအောင် မှာနောင် အခါ ဦးဥတ္တမ ဖြင်လာသည် ။ ညီအကိုနှစ်ဦး မှာ ၉ နှစ် အရွယ်နှင့်  ၆ နှစ် အရွယ်သို့ ရောက် ကြသော အခါ အင်္ဂလိပ်စာ သင်ကြားလို ၍ မိဘ များအား ပူစာရာမရသဖြင့်  အိမ်မှထွက်ပြေး ခဲ့သည် ။ ၁၅ ရက်ခန့်အကြာတွင် မှ သစ်ပင်တပင်အောက် တွင် ညီကို နှစ်ဦးအား မိဘ များမှ ပြန်တွေ့ ခဲ့ ကြသည် ။
ထိုနောက်မိဘ များမှ ကလေး နှစ်ယောက် ၏ ဆန္ဒအား ပြည့် ဝ စေရန်အတွက် စစ်တွေ မြို့  ရှိ အင်္ဂလိပ် ၊ မြန်မာ နှစ်ဘာသာ သင်သောကျောင်းသို့  အပ်နှံ ခဲ့ ရ သည် ။ ကျောင်းအပ်နှံ ရာတွင် အကြီး ဖြစ်သူပေါ်ထွန်းအောင် မှာ သူငယ်တန်း မှ စတက် ရသည် ကိုမကြေနပ်ပဲ ကျောင်းအုပ် ဆရာကြီးအား သုံးတန်း မှ စတက် ခွင့်  ပြု ပါရန် ရဲ ၀ံ စွာဖြင့်  ပြောလေ ရာ ဆရာကြီး မှ သုံးတန်း တွင်သင်ကြားသော အင်္ဂလိပ် စာတို့  ကို ဖတ် ခိုင်းရာ တွင် အထစ်အငေါ့  မရှိဖတ် ပြနိုင်ခဲ့ သဖြင့်  ဆရာကြီး မှ နှစိတန်း မှ စတက် ခွင့်  ပြု ခဲ့ ရ သည် ။ ( ကျောင်းမနေ ရသေး ပဲဖတ် ပြနိုင် ခြင်း မှာ အင်္ဂလိပ်ကျောင်း တက် သော သူငယ် ချင်း များထံ မှ ကြို တင် သင် ကြားထားခြင်း ဖြစ်သည် ဟုနောင် အခါ မှမိဘ များသိခဲ့ ရ သည် ။ )
ကျောင်းတက်၍ ၂ နှစ်အကြာ ၅ တန်းသို့ အရောက် တွင် အတန်းတင် စာ မေး ပွဲ တွင် အင်္ဂလိပ်လူမျိုး ရခိုင်တိုင်း မင်းကြီးကိုယ်တိုင် ချီးမြှင့် သောဒုတိယ ဆုရသည် ကို ဆုယူပြီးပြီးခြင်းမှာ ပင် ညီငယ် အား စစ်တွေကမ်းနားသို့ ခေါ်သွားပြီး ဆိပ်ကမ်းအရောက်တွင် “ ‘ ဒီမှာငါ့ ညီ ဆုယူရင် ပထမ ဆုက လွဲ ရင် ဒုတိယ ၊ တတိယ ဆို ဘယ်တော့  မှ မယူဘူး “ ဟုဆိုကာ ရရှိခဲ့ သောဆုအား ချိုးဖဲ့ ဆုတ်ဖြဲ ပစ်ခဲ့ လေ သည် ။
ထိုနှစ် မှာပင် ၎င်း တို့  ညီအကိုနှစ် ဦးအား မိဘများ ထံ မှ ခရစ်ယန် ဘုန်းတော်ကြီး တပါး မှာ မွေးစားခွင့် တောင်း ပြီး ကလကတ္တား တွင် ကျောင်း ထားမည့် ကြောင်း ပြောဆိုလာရာတွင် မိဘ များမှ ခွင် မပြု ခဲ့ သဖြင့်  နိုင်ငံခြားတွင် ပညာသင်ကြားရ မည့် အခွင့် ရေးတို့ ဆုံးရှုံး ခဲ့ရ သည် ။ ၁၃ နှစ်သားအရွယ်တွင် ပေါ်ထွန်းအောင် မှာ နိုင်ငံ ခြားတွင် ပညာ သင် ယူလို စိတ် ပြင်းပြလာပြီး ငွေ ရှိလျှင် ဖြစ် နိုင်သည် ဟု ယူဆကာ ဦးလေးတော်သူ ထံ ကူညီ လုပ်ကိုင်ရင်းငွေ စုခဲ့ သည် ။ သို့ သော် ဆန္ဒ ရှိသည့် အတိုင်း ဖြစ်မလာသောအခါတွင် မိဘ များထံ သို့ မပြန်တော့  ပဲ စစ်တွေ မြို့ ရှိရွှေစေတီကျောင်း ဆရာတော် ထံ သို့  သွားရောက် ကာ ပရိယတ္တိ စာပေ တို့  သင်ကြားပေးပါရန် လျှောက် ထားရာ ရဲရင့် တက်ကြွသော စိတ်ဓါတ် ကိုသဘောကြ သဖြင့်  ဆရာတော်မှ ဖိုးသူတော် အဖြစ် ၀တ်ခွင့်  ပြု လိုက် သည် ။
ဖိုးသူတော် အဖြစ် နှင့်  ၂ နှစ် ခန့်  ပရိယတ္တိ စာပေတို့ သင်ကြားပြီးသောခါ အသက် ၁၆ နှစ် အရွယ် တွင် ညီ ငယ် ကိုပါခေါ်ဆောင် ပြီး သာမနေ ၀တ်ခဲ့ ကြသည် ။ ပေါ်ထွန်းအောင် မှ ရှင်ဥတ္တမ ၊ ကျော် ထွန်းအောင် မှာ ရှင် အရိယ ဖြစ်လာ သည် ။ထို့  နောက် ရှင် ဥတ္တမ သည် ပရိယတ္တိ သင် ကြားရာတွင် ထင် ရှားသော ပခုက္ကူ သို့  သွားရောက်လိုသော ဆန္ဒ ပြင်းပြလာသဖြင့်  လူဝတ်လဲပြန်ကာ ဆရာတော် ဦးဂန္ဓမာနှုင့် အတူ စစ်တွေ မြို့  မှ ထွက် ခွာလာ ရာ တောင် ငူ မြို့  သို့ အရောက် တွင် စာပြန်ပွဲ နှင့် ကြုံ ကြိုက် လေ သဖြင့်  ၀င်ေ၇ာက် ဖြေ ဆိုရာပထမ အဆင့်ရရှိခဲ့ လေ သည် ။
ပထမ ဆုရ သည် အတွက် လူသိ များလာပြီး တောင်ငူမြို့ ၊ ကျွန်းကုန်း ရပ် ရှိ ရှမ်းအမျိုး သမီးတဦး မှ ဆရာတော် ဦးဂန္ဓမာ အား ပေါ်ထွန်းအောင် ကိုမွေးစား ခွင့် ပြုပါရန် လျှောက်ထားရာ ဆရာတော် မှ ပေါ်ထွန်းအောင်၏ သဘောကို မေးမြန်းလေ သည် ။ ထိုအခါမိမိ အား မွေးစာ လိုပါက ကာလကတ္တား သို့  ပညာ သင် စေလွတ် ရမည် ဟု ဆို ရာ ရှမ်းအမျိုး သမီး မှ လဲ သဘောတူသဖြင့်  ခေါ်ယူမွေးစား ပြီး ၁၇ နှစ် အရွယ်တွင် နိုင်ငံ ခြားသို့ပညာသင် သွားရ လေတော့ သည် ။
၁၉ - နှစ်သား အရွယ်တွင် ကာလကတ္တား မှ ၁၀ တန်းအောင် မြင် ပြီး မြန်မာပြည် သို့  ပြန်လာကာ သာမဏေ ပြန်ဝတ်သည် ။ ထို့ နောက် ပခုက္ကူ သို့  ကြွရောက် ပြီး ပရိယတ္တိ စာပေ တို့ ကို သင် ကြားပြန်သည် ။ အသက် ၂၀ အရွယ်တွင် စစ်တွေ မြို့  ဘုံဘေဘားမား ကိုယ်စား လှယ် ဖြစ် သူ ဦးထွန်းအောင်ကျော် မှ ဒကာခံယူပြီး ရဟန်းဘောင် သို့ တက်ရောက်ခဲ့ သည် ။
ရဟန်း ဖြစ်ပြီး အခါတွင် အန္ဒိယသို့  ဒုတိယ အကြိမ် ပြန်လည် ကြွ ချီ ပြီး ဒေသန္တရ ဗဟုသု တနှင့်  သက္ကတ ၊ ဘင်္ဂလီ ၊ နာဂလီ စသော ရှေးဟောင်း စာပေ များ ကို့  အထူးလိုက် စား ပြန် သည် ။ အန္ဒိယ ပြည် ၌ ရှိ စဉ် အမျိုးသား ကောလိပ်ကြီး တခုတွင် ပါဠိ နှင့်  ဗုဒ္ဓဘာသာ ပညာရပ် များကို ပို့ချ ပေးရသော “ ပါဠိ ပရော်ဖက်ဆာ “အဖြစ် တာဝန် ယူခဲ့ ပြန်သည် ။ ထိုကာလ အတွင်း အန္ဒိယ ပြည်သူတို့  ၏ ကြည် ညို ခြင်း ကို အထူးခံ ခဲ့ ရပြီး အိန္ဒိယ ရှိ အကျော် အမော် များနှင့်  ယှဉ် ပြိုင် ပြီး ဟိန္ဒူမဟာ ဆမ္မ အသင်းကြီးတွင် ဥက္ကဌ ရာထူး ရခဲ့  သည် ။ အန္ဒိယ တွင် (၈) နှစ်ကြာ ပြီးနောက် ပြင်သစ် သို့ ပညာသင်ကြားရန် ထွက် ခွာသွားပြန်သည် ။ ပညာသင်ကြားနေ စဉ် ( ၁၉၀၅ -ခုနစ် ) ၀န်းကျင်၌ ရုရုား နှင့်  ဂျပန် စစ်ဖြစ် ပွားရာတွင် နိုင်ငံငယ်လေး ဖြစ်သော ဂျပန်နိုင်ငံ မှ အနိုင် ရရှိခဲ့ သဖြင့် သွားရောက် လိုသောဆန္ဒ ဖြစ်ပေါ်လာပြန်သ ဖြင့် ရန်ကုန်သို့  ပြန်လည် ကြွရောက် ခါ ၁၉၀၇ -ခုနစ် ၊ ဖေဖော်ဝါရီလ ( ၄ ) ရက်နေ့တွင် ရန်ကုန်မှ စင်္ကာပူ သို့  ကြွ လေတော့  သည် ။ ဖေဖော်ဝါရီ လ ၁၈ ရက်နေ့ တွင် စင်္ကာပူ မှတဆင့်  ဂျပန်သို့  ကြွရောက်လေ ရာ မတ်လ ၇- ရက်နေ့ တွင် ဂျပန်ပြည် ယိုကိုဟား ဆိပ်ကမ်းသို့  ရောက်ရှိခဲ့ လေ သည် ။ ဂျပန်ပြည် ၌ ၅- နှစ်ကြာမျှ ပရ်ာဖက်ဆာ အဖြစ် နေထိုင်ခဲ့ စဉ် တရုတ်ပြည် မှ တိမ်းရှောင်လာသော ဒေါက်တာဆွန်ယက်ဆင်နှင့်  သိကျွမ်းခဲ့ သလို တရုတ်ပြည်အတွက်လဲ အကြံ ညဏ် တို့  ပေးနိုင် ခဲ့ သည် ။
ထိုမှတဖန် မြန်မာပြည် သို့  ပြန်လည်ကြွချီ ရာတွင် အင်ဒိုချိုင်းနား ရှိ ဆေ ဂုံ ( ဟိုချီမင်း ) မြို့ သိုအရောက်တွင် မင်ကွန်းမင်းသားကြီး၏ ဖိတ်ကြား ချက် အရ ဆွမ်းစာကြွရောက် ပြီး မြန်မာ ပြည် အရေးဆွေးနွေး ခဲ့ ရာတွင် ဆရာတော် မှ အရေးမလှကြောင်းပြော ပြ သဖြင့်  မင်းသားကြီးခမျာ မျိုးချစ်စိတ် ကြောင့် မျက်ရည် ကျ ခဲ့ ရှာ သည် ။
၁၉၁၀ -ခုနှစ်လောက်တွင် မြန်မာပြည် သို့ ပြန်လည် ရောက် ရှိလာသော အခါတွင် ဘာသာစကားပေါင်း ( ၉ ) မျိုး ခန် တတ်ကျွမ်းသော ဆရာတော် အား ၀ိုင်အမ်ဘီအေ အသင်းသားများနှင့် အတူ ပြည်သူများက လေးစာကြည်ညိုကြသည် ။့ ထိုအခါတွင် ဆရာတော် မှာ ပြည်တွင်းသို့  လှည့် လှည် ကာ နိုင်ငံရေးတရားတို့  စတင် ဟောပြောစ ပြုလာသည် ။ ၁၉၁၂- နှစ် တွင် နှမ ဖြစ်သူ ဒေါ် အိမ်စိုး နှင့် အတူ မြန်မာလူငယ် ( ၃၁ ) ယောက် အား ဂျပန် နိုင်ငံ ပညာသင်ကြားစေရန် အတွက် ထွက်ခွာလာခဲ့  ပြန် သည် ။ ၁၉၁၉ -ခုနှစ်တွင် ဂျပန်မှ ပြန်ကြွလာ ပြီး သူရိယ သတင်းစာတိုက် တွင်သီတင်းသုံးကာ သတင်းစာ မှနေ၍ နိုင်ငံရေးဆောင်းပါများ ရေးသား ခဲ့ သည် ။ ( ဒုတိယ ပိုင်း ကို ဆက် လက် အားပေး ပါ ရန် ….)
Posted by
ရန်ကုန်ပြည်သူများ
at
08:51
0
comments
Labels: jမန်မာ့ သမိုင်း မှ အာဇာနည် များ
Sunday, 27 July 2008
ဆရာတော် ဦးဝိစာရ (ဒုတိယ ပိုင်း )
အ၀တ်မပါ ဗလာကိုယ်တည်း ဖြင့်  တိုက်ပိတ် ခံထားရသော ဦးဝိစာရ သည် ၁၂၈၉ ခု ကဆုန် လဆန်း ၈ ရက် ( ၈-၅-၁၉၂၇ ) တနင်္ဂနွေနေ့ မှ စတင်၍ ဒုတိယ အကြိမ် အစာငတ်ခံ ဆန္ဒပြ ပြန်သည် ။ ၃ -ရက်မြောက်နေ့ တွင် ထောင်ပိုင်ကြီး ကိုယ်တိုင်လာပြီး အစာစားရန် အ၀တ်ဝတ်ရန် ကြိမ်းမောင်း ပြောဆို သည် ကို ဆရာတော် မှနေ၍ သင်္ကန်း မ၀တ်ရသ၍ အစာမစား ၊ အ၀တ်မ၀တ် ဟု ပြန်လည်ပြောဆိုခဲ့ သည် ။ ရက်အတန်ကြာ သောအခါ သင်္ကန်း ပြန်မ၀တ်စေသေးပဲ ၊ အတင်းအဓမ္မ ချုပ်နှောင်၍ နွားနို့  ၊ ကြက်ဥ တို့  ကို နှာခေါင်း မှ အတင်းသွင်းကြ သည် ။ မသေတသေ ဖြစ်အောင် တနေ့  နှစ်ကြိမ် သွင်းကြ သည် ဟု ဆို၏ ။.ထို့နောက်တဖန် စအိုပေါက် မှနေ၍လည်း ပိုက်သွင်းကာ ၀မ်းချူ ကြပြန်သည် ။
ဆရာတော်မှာ အစာမစားပဲ နေလာရင်း ရက်ပေါင်းလေးဆယ် ကျော်လာသောအခါ ဂုန်နီ ဖျင် ခင်း အိပ်.ယာပေါ်တွင် သတိမေ့  တချက်လျှော့  တချက်ဖြင့်  ဘုန်းဘုန်း လဲသော အခါတွင်မှ ထောင်ဆရာဝန်များရောက်လာကာ ဆေးရုံကြီးသို့  ပို့ ဆောင်ခဲ့ ကြသည် ။ ဆေးဝါးကုသပြီး အတန်ငယ် သက်သာ လာသော အခါ (၁၂၈၉-ခု နတော်လဆန်း ၇ -ရက် ) နေ့ တွင် တံတားလေး အရူးထောင်သို့  ပို့ ဆောင် ခဲ့ကြပြန်သည် ။ ဆေးရုံသို့ ရောက်သော အခါ (၇ ) ခန့် ကြိုးများဖြင့်  တုတ်နှောင်ပြီး ရိုက်နှက် ခြင်း ၊ နား ၊ နှာခေါင်း များထဲသို့ ရေများ လောင်းထဲ့ ပြီး နှိပ်စက်ကြပြန်သည် ။ ပြီးနောက်တွင် ဆရာတော် အား ရူးသွပ်နေသော သူများနှင့်  အတူထားပြန်သဖြင့်  ရိုက်နှက်ကန်ကျောက် ခြင်း ဆဲဆိုခြင်း များအပြင် ဆရာတော် ၏ ဖွားဖက်တော် ကိုပါ ဆွဲ ညှစ်ကြသည် အထိ ဒုက္ခ အမျိုးမျိုး ပေးခဲ့ ကြသည် ။
ထိုသို့ ဒုက္ခ အဖုံဖုံပေးပြီးမှ ဆရာတော် ကို ထောင်ထဲ သို့  ပြန် ပို့  လိုက် ကြသည် ။ ၁၂၈၉ -ခု နတော်လပြည့် တွင် ဆရာတော် ကို မထင် မှတ်ပဲ အာဏာပိုင်များမှ သင်္ကန်းဝတ်ခွင့်  ပြန်ပေးလိုက် သည် ။ ဆရာတော် လည်းသ့င်္ကန်းပြန်လည် ၀တ် ခွင့် ရသဖြင့်  အစားအသောက်များ တဖြည်းဖြည်း ပြန်လည်စားသောက်ရာမှာ အားအင်များ ပြန်လည် ပြည့် ဖြိုးစ ပြုလာသည် ။ မကြာခင်မှာပဲ တပို့ တွဲလဆုတ် ( ၁၀ ) ရက်နေ့  တွင် တဖန်သင်္ကန်း ကိုအတင်ချွတ်ပြန်လေသည် ။ ဆရာတော် လဲ တတိယ အကြိမ် အစာငတ်ခံ ဆန္ဒ ပြ ပြန်လေသည် ။
` အာဏာပိုင်များမှ ထောင်တွင်းတိုက်ပွဲ ပြင်းထန်မှု့ ကြောင့်  ၁၂၈၉-ခု တပေါင်းလဆန်း ( ၆ )ရက်နေ့ နံနက် ပိုင်းတွင် သင်္ကန်းအားပြန်လည် ပေး အပ်ပြီး နေ့ လည် တစ်နာရီ အချိန်တွင် ကာလကတ္တားသို့  ထွက်မည့် သင်္ဘောဖြင့်  အန္ဒိယ နိုင်ငံ မေဒနီထောင် သို့ ပို့ လိုက်လေတော့  သည် ။ ထိုမှအဆင့် ဆင့်  လာလဗဂျားရား ရဲဌာန ၊ အလီပူရ ရဲဌာန ၊ ဘလိဂန်ဂျ ရဲဌာနများသို့  ပိုဆောင်ခဲ့ ကြသည် ။
ဆရာတော်အား ကလက္ကတား ရဲဌာန များမှတဆင့်  (၁၈-၂-၁၉၂၉ ) နေ့တွင် ရန်ကုန်ထောင်ကြီးသို့  ပြန်ပို့  ပေးခဲ့  သည် ။ ( ၂၈ -၂ -၁၉၂၉ )နေတွင့် ဆရာတော်အားထောင်မှ ပြန်လည် လွှတ်ပေးခဲ့ လေ သည် ။ ဆရာတော်သည် ထောင်မှလွတ်ပြီး အမြို့ မြို့  အနယ်နယ် သို့  လှည့် လည် ကာ ၀ံသာနု တရားများဟောပြန်လေ သဖြင့်  ( ၆- ၄ -၁၉၂၉ ) နေ့ တွင် ကာလက္ကတားသို့  သင်္ဘောဖြင့် ကြွရန်ပြင်ဆင်နေခိုက် သုံးခွ နယ် ၊ ဖရုံကန် ရွာတရားပွဲတွင် အစိုးရအား အကြည် ညိုပျက်စေရန် ဟောပြောခဲ့မှု့ကြောင့်  ပုဒ်မ ၁၂၄ ( က ) အရအဖမ်းခံရပြန်လေသည် ။ ထောင်တွင်းရောက်ပြန်လေသောအခါ ရဟန်းတော်တို့ ရသင့် ရထိုက်သော အခွင့် အရေးများ တောင်းဆို ရာ မရပြန်သဖြင့်  အစာငတ်ခံ ဆန္ဒပြ ပြန်လေသည် ။
အစာငတ်ခံ ဆန္ဒပြနေသော ဆရာတော် အား ဆန္ဒပြ ၍ (၈၃) ရက်မြောက်နေ့  ( ၂၈ - ၈ -၁၉၂၉ ) နေ့ တွင် ဟံသာဝတီ စက်ရှင်တရားသူကြီးသည် အားအင်ပြတ်လပ်ကာ ဗုန်းဗုန်း လဲနေသော ဆရာတော် ဘေးနား တွင် ပုဒ်မ ၁၂၄ ( က ) အရ ပြစ်မှု့ ထင်ရှားသည် ဟုဆို ပြီး ထောင်ဒါဏ် တသက်တကျွန်းနှင့်  ၆ နှစ် ကျခံစေရန် စီရင်ချက် ချခဲ့  သည် ။ စီရင်ချက် ချပြီးသည် နှင့် တပြိုင်နက် သင်္ကန်းများကို ချွတ်ယူသွားပြီး ထောင်သို့ပို့ ဆောင်ခဲ့ လေသည် ။ ဆရာတော်မှာ လဲ ဆက်လက်၍ အစာငတ်ခံ ဆန္ဒပြ နေရာ ရက်ပေါင်း ( ၁၄၀ ) အရောက်တွင် တွံတေးဆရာတော် ဦးကေတု နှင့်  အာလံဆရာတော် ဦးလာဘ တို့ က အာဏာပိုင် များထံမှ ခွင့် တောင်း၍ ဆရာတော် ဦးဝိစာရ ကို ၀င်ရောက်ကြည့်  ရှု့  ရာ ကြိုးတိုက် နံပါတ် - ၅ ခုတင်တလုံး ပေါ်တွင် အ၀တ်အစားကင်းမဲ့ နေပြီး ပိန်လှီပြားချပ်ကာ အသက်ငွေ့ ငွေ့ သာ ရှိတော့ သော ဆရာတော် အား ဖူးမြင် ရလေသောအခါ ယူကြုံးမရ ဖြစ်ကြလေ သည် ။
ဆရာတော် နှစ်ပါးသည် နား နားသို့ တိုးကပ် ပြီး “ တပည့် တော် တို့ လာရောက်ဖူးမျှော်ပါသည် ဘုရား “ ဟုဆိုရာတွင် ပထမအကြိမ် တွင် မကြား ပဲ ဒုတိယ အကြိမ် ခပ်ကျယ်ကျယ်လျှောက်ထားသော အခါတွင်မှ ချိုင့် ခွက်နေသော မျက်လုံးများကို အားယူဖွင့်  လှစ်ရင်း လေသံမျှသာအသံဖြင့်  “ လိမ်…မာ…ရစ်…ကြ..ပါ…..” ဟု ဆရာတော် ဦးဝိစာရ၏ နောက်ဆုံးစကား ကို မိန့် ကြား တော် မူခဲ့ လေသည် ။
ဆရာတော် ဦးဝိစာရ သည် အစာငတ်ခံ ဆန္ဒပြနေရာ ရက်ပေါင်း ၁၆၆ ရက်အကြာ..-သက္ကရာဇ် ၁၂၉၁ ခု ၊ တော် သလင်း လဆုတ် ၂ ရက်နေ့  ( ၁၉ - ၉- ၁၉၂၉ ) ည ( ၈ ) နာရီ မိနစ် ၂၀ အချိန်တွင် ရန်ကုန်ထောင်ကြီးအတွင်း သက်တော် လေးဆယ့် တနှစ် အရွယ်တွင် ခန္ဒာချုပ်ငြိမ်း၍ ဘ၀ နတ်ထံ ပျံလွန်တော် မူလေ သည် ။
မှတ်ချက် ။ ။ ယခင် က တော်သလင်းလပြည့် ကျော် ( ၂ ) ရက်နေ့  အား ဦးဝိစာရ နေ့  ဟု သတ်မှတ် ဂုဏ်ပြု ခဲ့ ကြပါသည် ။ ဦးဝိစာရ ၏ မြန်မာပြန် အဓိပါယ် မှာ ( ၀ိ = အထူး ၊ စာရ = အကျင့်  ) အကျင့်  ထူးရှိသူ ဟု အဓိပါယ်ရပါသည် ။
ကျမ်းကိုး ။ ။ - မြန်မာ့ စွယ်စုံ ကျမ်း အတွဲ - ၁၂
- အာဇာနည် အရှင် ဦးဝိစာရ - ( သခင် လွင် ) -၁၉၇၁
- တချိန်က ထင်ရှားခဲ့ သော ပုဂ္ဂိုလ်ကြီးများ (ရွှေ ဥသြ ) - ၁၉၈၆
· စာရေးသူ အမှာ ။ ။ မြန်မာ့  သမိုင်းတွင် ရဲရဲတောက် တိုက်ပွဲ ၀င်ခဲ့ သော ရဟန်း ၊ ပြည်သူ ၊ ကျောင်းသား ၊ အလုပ်သမား ၊ တိုင်းရင်းသား အာဇာနည် ပုဂ္ဂိုလ် အပေါင်းတို့ အား သမိုင်း စာမျက်နှာများ မှ ပျောက်ကွယ် မသွားစေ ရန် ရည်ရွယ်၍ တတ်နိုင်သမျှ ကြိုးစား ဖော်ထုထ် သွားပါမည် ။ ။
Posted by
ရန်ကုန်ပြည်သူများ
at
07:20
0
comments








