Saturday, 24 January 2009

အားကိုးပါရစေတဲ့ဗျာ ( ပြည်တွင်းမှပေးစာ )

၂၀၀၉ခုနှစ် နှစ်ဆန်းအစမှာ အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့ မှာ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့  ညီလာခံ ကျင်းပနေတယ်လို့ သိရတယ်။ ပွဲမတိုင်ခင် ကတည်းက ရေးလိုက်သားလိုက်ကြတဲ့ သတင်းအမျိုးမျိုးအဖုံဖုံကြောင့် ဒီနှစ် ဒီအကြိမ်မှာတော့ ထူးထူးခြားခြားတကမ္ဘာလုံးက အာရုံစိုက်နေကြရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

အမတ်မင်းများအနေနဲ့ လည်း ၂၀၁၀ မှာ အပြီးသတ်အာဏာရှင်များရဲ့  ရွေးကောက်ပွဲမတိုင်ခင်အမှီ သမိုင်းတရားခံမဖြစ်ရရှာရေးအတွက် နဖူးချင်းခွေ့ ကြမတတ် ခေါင်းချင်းဆိုင်ပြီး အကြိတ်အနယ် ဆွေးနွေး နေကြရောပေါ့။

အော် ဒီအကြောင်းတွေမပြောခင် ကျနော်အကြောင်းတော့ နည်းနည်းလောက် မိတ်ဆက်ပါအုံး မယ်။ ကျနော်ကတော့ နိုင်ငံရေးနယ်ပယ်ထဲကတော့ မဟုတ်ပါဘူး။ အဲ အမျိုးစပ်မယ်ဆိုရင်တော့ ၂၀၀၃ခုနှစ် မေလ(၃၀)ရက်နေ့  ဒီပဲယင်းအရေးအခင်းမှာ ပါဝင်ဆင်နွှဲရင်း နအဖ လက်ပါးစေ ထောင်သားတွေလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို လုပ်ကြံတဲ့အချိန်မှအမေ့ကို မထိစေနဲ့  ၀န်းရံထားကြ၊ သေစရာရှိရင် ဒို့ အသေခံမယ် ဆိုပြီး အသံနက်ကြီးနဲ့ မချိတင်ကဲ အော် ရင်း အရိုက်ခံရလို့  ခေါင်းမှာ ၁၂ချက် ချုပ်လိုက်ရတဲ့ ပုဂ္ဂိုလ်တယောက်နဲ့  ဆွေမျိုးနီးစပ်တော်စပ်သူ တဦးပါ။

ကဲ မိတ်ဆက်ရင်းနဲ့  စကားစပ်မိလို့ ပြောရအုံးမယ်။ အဲဒီလို ထင်ရှားခဲ့တဲ့ ကမ္ဘာကျော်လုပ်ကြံမှုကြီး ကြောင့် တကမ္ဘာလုံးက တအံ့တသြနဲ့  နအဖရဲ့  ရက်စက်ယုတ်မာမှုကို ထင်ထင်ရှားသိမြင်သွား ခဲ့တယ်။ ဒါနဲ့  ဒီပဲယင်းအရေးအခင်းမှာ ပါဝင်ခဲ့တဲ့ သူရဲကောင်းများနဲ့  သေဆုံးသူ၊ ထိခိုက်ဒဏ်ရာ ရသူ၊ ထောင်ကျသူတွေရဲ့  မိသားစုတွေကို တကမ္ဘာလုံးက စုတ်တသတ်သတ်နဲ့  ကရုဏာတွေ သက်ပြီး လှူကြတန်းကြနဲ့  နော်ဝေအစိုးရကတောင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာရှိတဲ့ ထိုင်းနိုင်ငံ ဆိုင်ရာ နော်ဝေသံရုံးကနေတဆင့် ဒေါ်လာ တသိန်း နှစ်သောင်းတိတိ လှူတန်းပါသတဲ့။

ဒီလိုလှူဒါန်းတာကို လက်ခံယူတဲ့သူကတော့ အခု အမတ်မင်းများညီလာခံကို ခန့် ခန့် ကြီး တက်ပြီး နောင်ဖွဲ့ မဲ့အစိုးရသစ်မှာများ အရိုးအရင်းကိုက်ရအုံးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်နေသူ အင်္ဂပူအမတ် စန်းအောင်ပါ ဘဲ။ နော်ဝေသံရုံးကလှူတဲ့ အမေရိကန်ဒေါ်လာ ၁၂၀၀၀၀ ကို လက်ခံယူပြီး ပြည်တွင်း ပို့ သယောင်ယောင်နဲ့  အကုန်ဖြတ်စားခဲ့တယ်။ အမယ် သူက အကြောင်း ပြသေးတယ်။ သူပြည်တွင်းပို့ တဲ့ငွေကို ပြည်တွင်းက လက်ခံယူသူအမတ်ကတော့ မင်းလှအမတ် ဦးချစ်တင် ဖြစ်ပါသတဲ့။ ဒါကို ဦးချစ်တင် ထိုင်းဘက်ကို ထွက်လာတော့မှ ပြည်တွင်းကို တပြားမှ မရောက်တာ အားလုံးသိကြရတယ်။

ဒါတောင် အဲဒီ စန်းအောင်ရဲ့  မွေးစား ဆရာ သခင်ကျေးဇူးရှင် တသီးပုဂ္ဂလ အမတ် ဒေါက်တာစိန်ဝင်းက အကာအကွယ်ပေး သေးတယ်တဲ့ဗျား။

ကြည့်ကြစမ်းပါအုံးဗျာ၊ ဦးချစ်တင်က အမတ်များအစည်းအဝေးမှာ ကော်မရှင်ဖွဲ့ ပြီး ဒီကိစ္စကို စစ် ဆေးပေးပါဆိုတော့ ဒေါက်တာစိန်ဝင်းက ဖွဲ့ စရာစစ်စရာမလိုဘူးဆိုပြီး လုံးလုံးလျားလျား ကာကွယ် ပေးလိုက်တယ်။ တန်တော့ ဒေါက်တာစိန်ဝင်းဆိုတဲ့ ပုဂ္ဂိုလ်ပါ ထက်ဝက်စားဖြစ်နေလို့  အစစ်မခံရဲ တာ ခလေးတောင်တွေးလို့ ရတယ်။

ရက်စက်လိုက်ကြတာဗျာ၊ မေးလိုက်ချင်စမ်းတယ်။ ခင်ဗျားတို့  ဒီလောက်တောင် အောက်တန်းကျ ရသလား။ ငတ်နေကြပြီးလား။ ပြည်သူတွေ သွေးမြေခမှ ခင်ဗျားတို့ ထမင်းစားရမှာလား။ ပြည်သူ တွေကို လမ်းပေါ်ထွက်ခိုင်းပြီး ထပ်သေခိုင်း၊ ထပ်သေမှ ခင်ဗျားတို့ က ကောင်းကောင်းပွဲတော် တည်၊ လုပ်ကောလုပ်သင့်လားဗျာ။ ဒီပဲယင်းမှာ တစ် တရားခံက နအဖ စစ်အာဏာရှင်၊ သူတို့ က ရိုက်လို့ သတ်လို့  ဖမ်းဆီးနှိပ်စက် ထောင်ချလို့ ၊ ခင်ဗျားတို့ က နှစ် တရားခံ၊ ရဲရဲဝန့် ဝန့်  သတ္တိရှိရှိ ကိုယ့်ခေါင်းဆောင်ကို အသက်ပေးကာကွယ်သူတွေအတွက် နိုင်ငံတကာက စာနာထောက်ထားတဲ့ ထောက်ပံ့ကူသညီမှုကို မြိန်ရည်ယှက်ရည်စားလို့ ၊ ဒီအတွက် ကျုပ်တို့ ပြည်သူတွေ ဘယ်တော့မှ ခင်ဗျားတို့ ကို ခွှင့်မလွှတ်ဘူး၊ ခင်ဗျားတို့ သေရင် သူယုတ်မာကုန်းပို့ ပြီးတော့ကို နောင်လာနောင် သားတွေ နောင်မမှားရအောင် သင်ခဏ်းစာပေးမယ်။

ဒီကိစ္စပေါ်မှာ ဖြစ်သင့်တာက အခုကျင်းပနေတဲ့ အမတ်များညီလာခံမှာ ပြည်သူ့ လွှတ်တော်အမတ် များက စန်းအောင်နဲ့ စိန်းဝင်းကို ကော်မရှင်ဖွဲ့ ပြီးတော့ စစ်သင့်တယ်လို့ မြင်တယ်။ ကော်မရှင်ဖွဲ့  ပြီး ဘယ်သူတွေ ဘယ်လောက်ကို ဘယ်လိုပေါင်းစားလဲ၊ ဘယ်သူကဘာအတွက် အကာအကွယ် ပေးရသလဲ၊ ဘာကြောင့်လဲ၊ တာဝန်ရှိသူတွေကို ပြတ်ပြတ်သားသား အရေးဖို့ သင့်ပါတယ်။ ဒါမှ လည်း အများပြည်သူရဲ့  အားကိုးလေးစားမှုရမှာ။ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုမှာလည်း ရမှာလို့  ယူဆတယ်။ အရေးယူကြောင်းကိုလည်း ပြည်သူတွေသိအောင် တရားဝင် မီဒီယာမှာဖွင့်ချပါ။ အရေးမယူခဲ့ရင် ပြည်သူ့ လွှတ်တော်အမတ်များအနေနဲ့  ပြည်သူ့ ရဲ့  အားကိုးယုံစားမှု နိုင်ငံတကာ ရဲ့  အရေးတယူဆက်ဆံမှုကို မရသလို မကြာခင်မှာ မဖြစ်မနေဆင်နွှဲရမဲ့ ပြည်သူ့ တော်လှန်ရေးံကြီး မှာ ဘယ်နေရာမှ ခေါင်းဆောင်မှုဆိုတာ ရနိုင်မှာ မဟုတ်တဲ့အတွက် ပြည်သူတရပ်လုံးရဲ့  အသဲ ကြားက မဲတပြားကို အသက်ထပ်ပြီး ပေးရကျိုးနပ်အောင် စွမ်းဆောင်ကြဘို့  လိုအပ်နေပြီဖြစ်ပါ ကြောင်းနှင့် ထပ် မံသိစေရန် မှာ….

ပြည်သူတွေ က ပြည်ပ ကတော်လှန်ရေးသမားကြီး တွေ ဘယ် ခြေ လှမ်းလှမ်းနေတယ် ဘာတွေ လုပ် နေ တယ် ဆို တာ ကို အကုန်သိ နေတယ် ဗျာ…မဟုတ်တာ လုပ် ရင် တော့  ကျနော် တို့  ကတော့  …အင်တာနက် စာမျက်နှာတွေ ..သတင်းမီဒီယာတွေ ကနေ နောက် ပိုင်း ကို ဆက် ပြီးတောင်းဆို သွားမယ်..ဖော်ပြသွားမယ်ဆို တာ အသိ ပေးလိုက် ရ ပါတယ် ခင် ဗျ….။

ရန်ကုန်သားဘလော့ သို့ ဝင်ရောက်လာသောအီးမေး မှ ပြည်သူတယောက်၏စာဖြစ်ပါသည် ။ပြည်သူတယောက်၏ ခံစားချက်နှင့်ပြောဆိုချင်သည်များကိုသာရန်ကုန်သားဘလော့မှဖော်ပြလိုက်ချင်းဖြစ်ပါသည်။စာပါပုဂ္ဂိုလ်များသည် ရန်ကုန်သားနှင့် သိကျွမ်းခဲ့ခြင်းမရှိသလိုရန်ညိုးရန်စလဲမရှိခဲ့ပါ။ပြည်သူ့ ကိုယ်စားသာဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

Monday, 5 January 2009

နိုင်ငံခြားရောက်ဦးသန့်  နဲ့  မြန်မာပြည်က ဦးသန့် 


ဦးသန့်ကို ဧရာဝတီတိုင်း ပန်းတနော်မြို့တွင် အဖ ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင် တို့က ၁၉ဝ၉ ခုနှစ်၌ ဖွားမြင်ခဲ့သည်။ ပန်းတနော် အမျိုးသားအထက်တန်းကျောင်း၊ ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ယူခဲ့ပြီး အထက်တန်းပြ ကျောင်းဆရာ၊ ထိုမှ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောင်းသုံးစာအုပ် ပုံနှိပ်ထုတ်ဝေရေးကော်မတီ၊ အမျိုးသားပညာရေးကောင်စီ၊ ဗမာ့သုတေသနအဖွဲ့တို့တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး စာသင်ကျောင်းများဦးစီးအဖွဲ့ အမှုဆောင်၊ ဂျပန်ခေတ် ပညာရေးပြန်လည်ထူထောင်ရေးအဖွဲ့ အတွင်းရေးမှူး၊ ဖဆပလအဖွဲ့၏ လူထုရေးရာတာဝန်ခံ စသဖြင့် တာဝန်များထမ်းဆောင်ခဲ့ပြီး ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက် နေ့မှစ၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့သည်။

ဦးသန့်၏ ဇနီးမှာ ဒေါ်သိန်းတင်ဖြစ်ပြီး သားသမီး ၃ ဦး ထွန်းကားခဲ့သည်။ ဦးသန့်သည် ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် အသက် ၆၅ နှစ် တွင် ကင်ဆာရောဂါဖြင့် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ကွယ်လွန် ခဲ့သည်။ ၎င်း၏ ရုပ်ကလာပ်ကို မြန်မာပြည်သို့ ပြန်လည်သယ်ယူခဲ့သော်လည်း ထိုစဉ်က မဆလ အစိုးရ၏ ဂရုတစိုက် မရှိမှုကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ အုံကြွကာ ‘ဦးသန့် ဈာပနအရေးအခင်း’ ပေါ် ပေါက်ခဲ့သည်။

ဤသည် မှာမြန်မာနိုင်ငံသားကုလသမ္မဂအထွေထွေအတွင်းရေး မှူးချုပ်တဦးဖြစ်ခဲ့သူဦးသန့်၏ ရာဇ၀င်အကျဉ်းချုပ်ဖြစ်သည် ။

မကြာမီက ဦးသန့်နှစ်တရာပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်းကို ကုလ သမဂ္ဂ မှထုတ်ဝေမည် ဆိုသည့်သတင်းကြောင့်  မြန်မာနိုင်ငံသားတဦးအနေဖြင့်  များစွာဂုဏ်ယုမိပါသည် ။သို့ နှင့် ရန်ကုန်သားလဲ အားလပ်ရက် တရက်တွင်ဦးသန့်အုတ်ဂူအား ဦးညွှတ်အလေးပြုလေအံ့ဟူ၍ နေအိမ်မှထွက်လာ ရာ လမ်း တ လျှောက်မှာတော့  ဦးသန့်  သည် တို့  မြန်မာ နိုင်ငံသား..နိုင်ငံတကာကအလေးအမြတ်ထားရ တဲ့ မြန်မာတဦး. .မြန်မာဆိုတာကို ကမ္ဘာကသိစေခဲ့ တဲ့ ပုဂ္ဂိုလ်ကြီးတဦး…ကမ္ဘာကအမြဲအမှတ်ရစေခဲ့တဲ့ နိုင်ငံဂုဏ်ဆောင် မြန်မာ ကြီး…ထိုပုဂ္ဂိုလ်ကြီး ထာဝရာလဲလျှောင်းရာအုတ်ဂူသို့  ရောက်လေ လျှင် ဖြင့်  အကြိမ်ကြိမ်ဦးညွှတ် လိုက်လေမဟဲ့ လို့  အားခဲပြီးလာလိုက်တာဗျာ…ရွှေတိဂုံဘုရားတောင်ဖက် ရှိ ဦးသန့် အုတ်ဂူရှိရာသို ရောက်လေရာမှတော့ ကြီး စွာ စိတ်မကောင်းဖြစ်ရပါတော့  တယ်ဗျာ…ဘာလို့ လဲ ဆိုတော့  ပုံမှာမြင်တွေ့ ရတဲ့အတိုင်းပဲ ဗျာ… ဖုန်အလိမ်း လိမ်း နဲ့ ကြမ်းပြင်..သံချေးအထပ်ထပ်နဲ့ တံခါးကြီး…အတွင်းခန်းမကြီးအလယ်မှာတော့ အထီးကျန်တိတ်ဆိတ်နေ တဲ့ ဦးသန့်ရဲ့အုတ်ဂူကို လှမ်းတွေ့ လိုက် ရ ပါတယ်ဗျာ…အတွင်းသို့  လဲ ၀င်ရောက် ကြည့် ရှု့  မည် စိုးသဖြင့်  သော့ခတ်ထားပါသည်….။သို့  နှင့် ရန်ကုန်သားလဲ အပြင် ကနေ ပဲ ဂါရ၀ ပြုခဲ့ရပါတယ်ဗျာ…ဂါရ၀ ပြုခဲ့တယ်ဆို သော်ငြားလဲ အကြိမ်ကြိမ်အားရပါးရဦးညွှတ်အလေးပြုခဲ့ရသည်တော့  မဟုတ်ပါ…. အကြိမ်ကြိမ် အားရ ပါးရ ဦးညွှတ်သည်ကို စစ်နောက်လိုက်ခွေးများတွေ့ သွားလေလျှင် အလေးပြုမိသည့် အတွက်ပုဒ်မ အသစ်ထွင်ကာ ထောင်နန်းစံနေရဦးမည်ကိုလဲစိုးရပါသေးသည်..အဲတော့ လဲ မသိမသာပေါ့နော့ …ပြီးနောက်မှာ အတွင်း အုတ်ဂူ ရှိရာသို့ သေသေချာချာ ကြည့် မိတယ်ဆိုရင်ပဲ အုတ်ဂူဘေးမှာခြောက်သွေ့ နေတဲ့ ပန်းခြင်းတခြင်းကိုတွေ့ မိ တယ် ဗျ…ပုံမှာကြည့် ပါ…ရန်ကုန်သားအတွေး မှာတော့ …ဟ…တို့  မြန်မာ တွေ ဘယ်စိုးလို့  လဲ ပေါ့ ဗျာ….အမှတ်တရ ပန်းခြင်းလေးတော့  ထားဖော်ရသားပဲပေါ့ …ပန်ခြင်းမှာပါတဲ့စာတန်းလေးကိုသေသေချာချာဖတ်ကြည့် လိုက် မှာပဲအဖြေကပေါ်တော့  တယ်ဗျာ…မနှစ်ကတည်းက ဘန်ကီမွန်းချသွားတဲ့ပန်းခြင်းဗျ…ဟုတ်ပေသားပဲမနှစ်က ဘန်ကီမွန်လာတုန်းက.. ဦးသန့်အုတ်ဂူ ကိုမြန်မာ့နည်းမြန်မာဟန်အပြည့် နဲ့ ထုံးသုတ်ပြီး အလေးပြု စေခဲ့တယ် လေဗျာ…အဲဒီတုန်းကပန်ခြင်းကအခုထိ …မသိမ်းရသေးဘူးဗျာ… တန်ဖိုးထား တတ် လိုက်ကြတဲ့မြန်မာ တွေပါဗျာ.. တကယ်ပါအံ့ရော…

နိုင်ငံတကာမှာတော့ ကြည့်လိုက်လေဗျာ..

လာမည့် ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် အသက် ၁ဝဝ ပြည့်မည့် မြန်မာနိုင်ငံသား ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ရာပြည့်အထိမ်းအမှတ်အဖြစ် တံဆိပ်ခေါင်း ၃ မျိုး ကုလသမဂ္ဂက ထုတ်ဝေမည်ဟု သတင်း ထုတ်ပြန်ထားသည်။ ဦးသန့်၏ ရုပ်ပုံဖြင့် ထုတ်ဝေမည့် အမေရိကန် ဝ.၉၄ ဒေါ်လာ (၉၄ ပြား)တန်၊ ဆွစ်ဇာလန်ငွေကြေး ၁.၃ဝ ဆွစ်ဖရန့်စ်တန်၊ ဥရောပသမဂ္ဂ ငွေကြေး ၁.၁၅ ယူရို တန် တံဆိပ်ခေါင်းများကို ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထုတ်ဝေမည် ဆိုပဲဗျ… နိုင်ငံခြားရောက်ဦးသန့်  နဲ့  မြန်မာပြည်က ဦးသန့် တယောက် ထဲဆိုတာတော့ သေချာနိုင်ကောင်းပါရဲ့နော်….

ရန်ကုန်သား

Friday, 12 December 2008

ဆရာကြီးသခင်ကိုယ်တော်မှိုင်းထံ သို့  ရောက် ခဲ့တယ်




ရန်ကုန်သားရဲ့မွေးနေ့ တရက်မှာ ရွှေတိဂုံ ဘုရား ကိုရောက်သွားခဲ့တယ်ဗျာ…ဟိုးယခင်ကျနော်တို့  ငယ်ငယ် က ဘုရားဖူး တွေနဲ့ ကျိတ်ကျိတ်တိုးစည်ကားခဲ့တဲ့ရွှေတိဂုံဘုရားကြီးဟာ ခုဆိုရင် ဘုရားဖူးဧည့် သည်တွေ အတော် နည်းပါးလာတာကိုတွေ့ ရတယ်ဗျ…။ ပြည်သူတွေရဲ့ စားဝတ်နေရေးကျပ်တည်းလာတာနဲ့လဲသက်ဆိုင်တယ်ထင် ပါ့ ဗျာ…။ ကျနော်လည်းဘုရားဝတ်ပြု ၊ မွေးနေ့ ထောင့်  မှာရေသပ္ပါယ်ပြီး ..မြို့ ထဲဖက်သွားဖို့  ဘုရားတောင် ဖက် မုဒ် က ဆင်းခဲ့တယ်..။ ကားမှတ်တိုင်ရောက်တော့ မရောက်တာကြာပြီ ဖြစ်တဲ့ ကားဂိတ်ရဲ့နောက်ကျောဖက် မှာ ရှိတဲ့ကျနော်တို့  မြန်မာပြည်ရဲ့အထင်ကရ ပုဂ္ဂိုလ်ကြီးတွေ အုတ်ဂူတွေထားရှိတဲ့ နေရာဖက်လှမ်း မျှော် ကြည့်မိ လိုက်တယ်…။ အဲဒီမှာက တောင်ဖက်အစွန်းဆုံးမှာက ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ အုတ်ဂူ..ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းကတော်..ဒေါ်အောင်ဆန်းစုကြည်တို့  ရဲ့မိခင်ဒေါ်ခင်ကြည် အုတ်ဂူ ..၊ ပြီးတော့ စုဖုရားလတ် ရဲ့ အုတ်ဂူ..မြောက်ဖက်အစွန်းဆုံးမှာတော် မြန်မာပြည်က တဦးတည်းသောကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်  ရဲ့အုတ်ဂူ တို့ တတန်းထဲတည်ရှိနေတယ်လေ….။

ကျနော်လဲရောက်တုန်းရောက်ခိုက် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၊ အန်တီစုရဲ့အမေ ဒေါ်ခင်ကြည် ၊ စုဖုရားလတ် နဲ့ ဦးသန့် တို့ ရဲ့အုတ်ဂူတွေ ကို ၀င်ရောက်ဂါရ၀ပြုဖို့  စိတ်ကူးရလာတာ နဲ့ပဲ..။ ခြံဝန်းတံခါး ကိုအသာတွန်းဖွင့် ပြီး ၀င်လာခဲ့တယ်ဗျာ…။ အုတ်ဂူတွေရဲ့ပါတ်ဝန်းကျင်မှာတော့ မြက်ရိုင်းတောလို ဖြစ်နေထဲ က စိတ်ထဲတမျိုးဖြစ်သွားတယ်ဗျာ….။ ဒါနဲ့ပဲ ကျနော်တောင်ဖက်အစွန်ဆုံးမှာ ရှိတဲ့ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ အုတ်ဂူဆီအရင်ဝင်လိုက်တယ်…။ အထဲမှာ ဖုန်တွေသဲတွေ အထပ်ထပ်ဖြစ်နေတယ်ဗျ…။ သံတံခါးကြီးကလည်း တွန်းလိုက်တာနဲ့ ဆီမရှိလှည်းဝင်ရိုးသံကြီးလိုပဲ..ကွဲအက်အက်အသံကြီးမည်လာတယ်…။ အတွင်းခန်းထဲ ရောက်တော့ ကျနော်စိတ်ထဲ အတော် မကောင်းဖြစ်မိသွားထယ်…။ ဆရာကြီးရဲ့အုတ်ဂူခေါင်းရင်း အပေါ် မှာတော့ ပန်းများခြောက်သွေ့ နေပြီ ဖြစ်တဲ့ ပန်းအိုးအဟောင်းလေး တလုံးပဲတင်ထားတာတွေ့ ရတယ် ..ကျန် တာတွေ က တော့  ဖုန်တွေအလိမ်းလိမ်း နဲ့ပါ….။ ကျနော်စိတ်ထဲ မှာတော့  …သြော်တချိန်က တို့  တတွေကိုတော်စေချင် တတ်စေချင် လွန်းတဲ့.. ဆရာကြီး…တိုင်းပြည်ကောင်းစားဖို့  ဆိုရင်ဘယ်သူ့မျက်နှာမှမထောက်ပြောခဲ့..ဆိုခဲ့ .. သင်ကြားပေးခဲ့ တဲ့ ဆရာကြီးဟာ.. ခုချိန်မှာ ဖုန်တွေ သဲတွေကြားမှာ အထီးကျန်ဆန်စွာနဲ့ပဲ ထာဝရ အိပ်စက်ခဲ့ရပြီ….။ ကျနော်စိတ်မကောင်းခြင်းများစွာ နဲ့ ၀န်းကျင်တလျှောက်မျက်စိကစားကြည့် မိတဲ့အခါ မှာတော့… ဆရာကြီးရဲ့ အမှာစကားတချို့ ကို နံရံ မှာဖောင်းကြွစာလုံးတွေ နဲ့ရေးထားလေ ရဲ့… ဆရာကြီးရဲ့ အမှာစကားတွေ ကတော့ … . ဆရာမသေခင်တိုင်းပြည်မှာတကယ့်ငြိမ်းချမ်းရေးအစစ်ကိုမြင်သွားချင်တယ်…၊ ကောင်းမျိုးအထွေထွေ ရယ် နှင့် ချွန်စေ မြစေ စော ..ဒေါင်းအိုးဝေရယ်လို့ တွန်စေ ကစေ သော….၊ တပြည်သား နယ်ချဲ့ အစွန်းရန်ကို တွန်းလှန်စေဖို့ ..တကယ်တကဲ့ တွန်းလှန်ဖို့ အရေးကလဲမဝေးတော့  ပြီမို့..အရေးကြီးလျှင်ဖြင့် သွေးနီးပြီး.. သွေးစည်းရာဆိုသည့် အတိုင်း….ကိုင်း..ထထကြွကြွ နှင့် ၀ိုင်းကြပေရော့ … အစရှိတဲ့ စာသားများကို ဖတ်မိတဲ့အခါမှာတော့..ဆရာကြီးရဲ့ ပြည်သူတွေပေါ်ထားခဲ့တဲ့ စေတနာ…ဖြစ်စေချင်တဲ့ဆန္ဒ ကို ပိုမို နားလည် လာပါတယ်…။

ခုလိုအချိန်မျိုးမှာ အဖိုး သာသက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင်လေ…ကျနော်တွေးကြည့် မိပါတယ်… အာဏာကိုမက်မောတဲ့ လူတစု..က တိုင်းပြည်ကို သေနတ် နဲ့ ချိန်ပြီးအုပ်ချုပ်နေတာကြောင့်… တိုင်းပြည်ကြီး တဖြည်းဖြည်းနဲ့ ဆင်းရဲ မွဲတေလာတာတွေ…နိုင်ငံတကာအလယ်မှာ မြန်မာလူမျိုးတွေ မျက်နှာငယ်ရပုံတွေ… ရဟန်းသံဃာတွေ ကို..မင်းအာဏာသုံးပြီးညဉ်းပမ်း နှိပ်စက် သတ်ဖြတ်တာတွေ…ပြည်သူတွေရဲ့အကျိုးစီးပွားကို လိုလားလို့ ..ပြည်သူ့အခွင့်အရေးတွေ ကိုမကြောက်မရွ့ံတောင်းဆိုခဲ့ကြတဲ့…တော်လှန်ရေးသမားတွေ… ကို ဖမ်းဆီးနီပ်စက်ထောင်သွင်းအကျဉ်းချတာတွေ….အချို့  ဆိုလဲ..မိသားစုတွေ အကွဲကွဲအပြားပြား နဲ့ တိုင်းတပါး ကိုတိမ်းရှောင်သွားရတဲ့ …တော်လှန်ရေးသမားမျိုးချစ်ကြီးတွေ…ဒီလိုတွေ တိုင်းပြည်တွင်းမှာအကွဲကွဲ အပြဲပြဲ ဖြစ်နေတာတွေ ကို အဖိုးသာ ခုချိန်မျက်မြင်တွေ့ ခဲ့မယ်ဆိုရင်လေ…..အဖိုးရယ်…. အဖိုးနေရာကနေ ကျနော် စဉ်းစားကြည့် မိတယ်….ရင်ကမွေးခဲ့တဲ့သားသမီးတွေ အချင်းချင်း..တယောက်နဲ့တယောက်. . အငြိုး တကြီးနဲ့ အပြန်အလှန်သတ်ဖြတ်နေကြတာကို..ထိုင်ကြည့် ပြီး..ပူဆွေးနေ တဲ့  မိဘ တယောက် ရဲ့ခံစားမှု့ မျိုးကို… အဖိုးခံစားရမယ်လို့ ထင်ပါတယ်….ခုချိန်မှာတော့အဖိုးရယ်..ကျနော်တို့ လေ….ကျနော်တို့  ရဲ့ ဆင်းရဲ ဒုက္ခ တွေကို ကယ်တင်နိုင်မယ့် အဖိုးတို့  လို.. ဗိုလ်ချုပ်အောင်ဆန်းတို့  လို…အာဂ ပုဂ္ဂိုလ်ကြီးတွေ ကို.. တမ်းတ မိပါတယ်… ကျနော်တို့  တတွေ မှာ…အာဏာရှင်တွေ မတရားအုပ်ချုပ်နေတာကို…မခံမရပ်နိုင်ဖြစ်လွန်းလို့ …. . ပြည်သူ တရပ်လုံးက…ရသင့် ရထိုက် တဲံအခွင့် အရေးတွေ တောင်းဆိုမိပြန်ရင်…ဘာမှမရတဲ့ ပြင်….ကျနော်တို့ရဲ့ ရဟန်း သံဃာတွေ…အကိုတွေ..အမတွေ..ရဲ့ခန္ဓာ ကိုယ်တွေမှာသာ….လှံစွပ်ရာတွေ..သေနတ်ဒင်ရာတွေ… ကျည်ဆံရာ တွေသာ… ရခဲ့တယ်အဖိုးရဲ့….ခုဆိုရင်လဲကြည့်ဦးလေ…ကျနော်တို့ ရဲ့အကိုကြီးတွေ .. အမကြီးတွေဟာ.. ဟိုး…. ဝေးလံခေါင်ဖျားရေခဲတောင်ကြီးတွေ ရှိတဲ့ နား…ခိုက်ခိုက်တုန်ချမ်းအေးတဲ့ အရပ်ဒေသတွေ… တောအထပ်ထပ်.. တောင်တောင်အထပ်ထပ် ကိုဖြတ်ကျော်သွားရတဲ့အရပ်ဒေသတွေ မှာရှိတဲ့…အကျဉ်းထောင်တွေထဲက အုတ်တိုက်ကျဉ်းကျဉ်းလေးတွေထဲမှာ….နေရောင်ခြည်ကိုတောင်မမြင်နိုင်တော့  တဲ့..အကျဉ်းစံ ရာဇ၀တ်သားကြီး တွေဖြစ်နေပြီ….။ တကယ်တော့သူတို့  ဟာ အနာဂါတ်ရဲ့သူရဲကောင်းကြီးတွေပါ.. အဖိုးရယ်…ကျနော်တို့  တိုင်းပြည်ဟာ..သူရဲကောင်းတွေ ပြည့် နှက်နေတဲ့ တိုင်းပြည်ပါ…အဖိုးရယ်….ဒါပေမယ့်.. အားမတန်လို့ ဆိုပြီးမာန်တော့ မလျှော့်ဘူး..အဖိုး…နောင်အနာဂါတ်မှာ..ဒေါင်းတွန်သံမပြတ်စေရပါဘူး….အဖိုးမှာခဲ့တဲ့ အတိုင်း…

ကောင်းမျိုးအထွေထွေ ရယ် နှင့် ချွန်စေ မြစေ စော ..ဒေါင်းအိုးဝေရယ်လို့ တွန်စေ ကစေ သော….

ဆိုတဲ့စကားကိုမြေ၀ယ်မကျနာခံရင်းနဲ့…

ရန်ကုန်သား

Saturday, 11 October 2008

တစ် နှစ်ပိုင်းတစ်ပိုင်း ( TAG )

ဖြစ်သလို ၊ ကြုံသလို စားသောက် ခြင်း နဲ့ ပါတ်သက်ပြီး အမ မေအိခင်က ကျနော် ကို ( TAG ) လာတော့ ..သူ များ တွေ ( TAG ) ထား တာပဲ လိုက်ဖတ်နေတဲ့ ကျနော် မထင်မှတ်ပဲ ကျနော် အလှည့် ရောက်လာပြီပေါ့ လေ

အစားအစာစားသုံးခြင်းနဲ့ ပါက်သက်လို့ တော့ သာမာန်အားဖြင့် သိပ်မဆန်းသလိုပဲ ထင်ရပေမယ့် ကျနော် အနေ နဲ့ ကတော့  နဲနဲ ဆန်းနေမလားပဲ ဗျ ။ ဘာလို့  လဲ ဆိုတော့  ကျနော် က ခန္ဓာ ကိုယ် အလေးချိန်က ပေါင် ( ၁၀၀ ) ၀န်းကျင်ပဲ ရှိတာ..လူကသာ ပိန်ပေမယ့် အစားကတော့  ဘာစားသလဲ မမေး နဲ့ထမင်းတခါစားရင် တစ်ပန်း ကန် နဲ့ ၀ သွားတယ် ဆို တာ ကျနော့် ဘ၀ မှ ထုံးစံ မရှိဘူးအနည်းဆုံး နှစ်ပန်းကန်ပဲ သူများအိမ်ဧည့် သည် သွားလုပ် လဲ အားမနာ ဘူး ၊ စံချိန်မလျှော့ စေရ ဘူး တခုတော့  ရှိတယ် ကျနော် က လဲ ခုချိန်ထိ ထမင်းနဲ့ လက်ဖက်ရည် ကိုသာ အဓိကအစားစာအဖြစ်သတ်မှတ်ထားတာမုန့် ပဲသားရေစား ငယ်ငယ်လေးထဲ က စား လေ့စားထ မရှိတာ ..။ အစားသောက်နဲ့ပက်သက်ပြီးပြောရ မယ် ဆိုရင်တော့  အပိုင်းနှစ်ပိုင်း ခွဲပြော ရ မလိုဖြစ် နေပြီ.။

ပထမ အပိုင်း က ကျနော် အလုပ်လုပ်နေ ချိန်က တိတိကျကျပြောရ ရင် ကျနော် နိုင်ငံရေး ဆိုတာ စိတ်သာရှိပြီး ကိုယ်ထိလက်ရောက်မလုပ်ခင် အချိန် က.ပေါ့ ။ အသက် နှစ်ဆယ်ကျော် ထဲက အလုပ်ထဲမှာပဲ နစ်နေခဲ့တာ အဲဒီအချိန်ကာလ က ဆို အရွယ် နဲ့ ၀င် ငွေ နဲ့မလိုက်အောင် ကိုရှာလို့ ရ ခဲ့ တယ်.။ မနက်မိုး လင်း တာနဲ့ အလုပ်ထဲရောက်နေပြီ အိမ်ထမင်း..၊ အိမ် ဟင်း ကို တလ မှာ တပါတ်လောက် ပဲ စားဖြစ် တယ်။ အပြင်မှာ စားတာများတယ် ဒါပေမယ့်  အလုပ် ကျတဲ့ ရက် တွေ မှာဆိုရင်တော့  မနက် စာထမင်း ကို ညနေ လေးနာရီငါးနာရီ မှာ စားရတာတွေ က လဲ ရှိတယ်။ ငယ်တဲ့ အချိန် ဆိုတော့  အလုပ်ပင် ပန်း တာလဲ ဂရုမစိုက်ဘူး၊ ကောင်းကောင်းလုပ်တယ် ကောင်းစား တယ်ဗျ။ မှတ်မှတ်ရရ ကျနော် အမြဲ လိုလို စားလေ့  စားထရှိတဲ့ ထမင်းဆိုင်တွေ က တော့  ဆူးလေ ဘုရားလမ်း က ရွှေမြို့ တော် ချစ်တီးထမင်းဆိုင် ၊ ( ၂၇ ) လမ်းက ဓနုဖြူဒေါ်စောရီ ( ၃၇ ) လမ်း က 203 ထမင်းဆိုင် ၊ နောက် ရွှေဘုံသာ လမ်းက ချစ်တီး ထမင်းဆိုင် ကျနော် တို့ အမြဲအားပေးနေကြ ဆိုင်တွေ ပေါ့ ။ အဲဒီဆိုင်တွေ ခုထိလဲ ရှိနေတုန်းပဲ ။ ကျနော့ အလုပ် ကိုရောက်လာသမျှ ဧည့် သည်တွေ ကိုလဲ အဲဒီဆိုင်တွေ မှာပဲ ဒိုင်ခံ ကျွေးတယ်။ ကျနော်နဲ့ အတူ ကျနော့ အလုပ်ထဲ က ဒူးမနာသား တပည့် တွေ ကို လဲ နေတိုင်း ကျွေးနေနိုင်တယ်..။ ညနေပိုင်း အလုပ်ဆင်းချိန်ရောက် ပြီဆိုရင်တော့  ဟဲဟဲ ..ပြောရရင်လဲကြွားရာ သလိုဖြစ် နေ မယ်.. အခုရှိတဲ့ ထရိတ်ဒါးဟော်တယ် ရဲ့ မျက်နှာချင်းဆိုင် ၊ ဆာကူရာတာဝါ ရဲ့ ဘေး ကပ် ရပ် မှာဖွင့် ခဲ့တဲ့ အန်တီ နန်း ( ဆိုင်ပိုင်ရှင် ) ရဲ့ ပီကင်းဟော်တယ် မှာ အပေါင်း အသင်းတွေ နဲ့ ဘီယာလေးစုပ် ပြီး မှ အိမ်ပြန်တယ်။ ပြောရဦးမယ် ..ကျနော် က ( Budwizzer )ဘီယာကို အရမ်းကြိုက်တာ ဗျ ၊ အခုတော့  အဲဒီတံဆိပ် မြန်မာပြည် ကို စီးပွားရေးပိတ်ဆို့ မှု့ တွေလုပ် ပြီးတဲ့နောက် ပိုင်းမ၀င်တော့  ဘူး ဗျာ..၊ ကျနော် က ဘီယာ သာ ကြိုက်တာ များများမသောက်နိုင်ဘူး..ဘီယာသုံးဘူးလောက် ကုန်တာနဲ့  စကားတွေ မပီတော့  ဘူး..၊ လမ်းလျှောက်လဲ တောင်နင်း ၊ မြောက်နင်းဖြစ်ကုန်ရောဟဟ ။ ပြီးတော့ ကျနော် က ဘီယာ သောက်ရင် အမြည်းအရမ်း စားတယ် ညစာထမင်းအလွတ်ကိုစားတာ..ဗျ။ တခါတလေနောက်ပိုင်း အပေါင်း အသင်းတွေနဲ့သောက်ရတာညီးငွေ့ လာတော့ လမ်းမတော် ၀ါးတန်းလမ်း မှာဖွင့် ထားတဲ့ ဇာမဏီ ပျော်ပွဲစား ရုံ ၊ မော်တင် ကမ်းနားဆိပ် မှာ ရှိတဲ့ ကိုစိုင်း ဖွင့်ထားတဲ့( winner KTV ) စတဲ့ ဆိုင်တွေ မှာ သီချင်းလေးဆို ၊ ကောင်မလေးတွေ ဌဲ့  ပေးတဲ့ဘီယာ ကိုအရသာခံသောက် တတ်လာတယ် ..။ အ၀တ်အစားကို ကျနော် သိပ်မခုံ မင်ဘူး အစား အသောက်ကတော့  မီးလိုတောက် ပဲ..။ ပြီးတော့  ကျနော် မှာ အပူအပင် ကလဲ မရှိဘူးငိုစား ရယ်စား မရှိတော့ စိတ်ထင်တိုင်း နေ ခဲ့တယ်.။ အလုပ်ပိတ်ရက်အိမ်မှာနားရင်တော့  ကျနော်ဘယ် မှသွားလေ့  မရှိဘူး အိမ်မှာပဲနေတယ်.. အမေ ချက်ထား သမျှ ကို တနေကုန်စားတယ်..ကျနော်အိမ်မှာရှိတဲ့နေ့ ဆိုရင်တော့  အိမ်က ထမင်း အိုးက မီးဖိုပေါ်က ဆင်းရတယ် ကို မရှိဘူး.. မနက်အိပ်ယာ နိုးနိုး ခြင်း ထမင်း တနပ်စား တယ် ဗျာ.. နေ့  လည် ..ဆယ့်နှစ်နာရီလောက် တခါစားတယ်ဗျာညနေလေး နာရီ ငါးနာရီလောက် တခါ စားပြန်ရော နောက်ဆုံး ညအိပ်ယာဝင် ခါနီး ညဆယ့် တစ်နာရီလောက်တခါစားပြီး မှ အိပ်ယာ ထဲ ၀င်တယ်ဗျ..။
အဲလိုနေရင်းနဲ့နောက်ပိုင်းမှာတော့ ကျနော်နိုင်ငံရေးဆိုတာ ကိုအရင်ကထက် ပိုပြီး နဲနဲလေး စိတ်ဝင် စားလာတယ်
.ပြည်ပ အသံလွှင့် ဌာနတွေ က လွှင့်တဲ့ ရေဒီယို အစီစဉ်တွေ ကို နားထောင်ဖြစ်လာတယ်.။ အင်တာနက် ဆိုင်တွေ က လဲ ရန်ကုန်မှာ ဖွင့်လာကြပြီဆိုတော့  အင်တာနက် မှာ သတင်းတွေဖတ်လို့ ရ တယ် ဆိုတာ နဲ့ အင်တာနက် သုံးနည်း ကို လေ့လာ ပြီး သတင်းတွေ ဖတ်တယ်အပေါင်းသင်းတွေနဲ့လေတဲ့ အချိန်က လျှော့ မှန်းမသိလျှော့ လာ တယ်ဘီယာလဲသိပ်မသောက် ဖြစ် တော့  ဘူး.. ညနေအလုပ်ချိန်ပြီးတာနဲ့ အင်တာ နက် ဆိုင်ရောက်တော့ တာပဲ..။ အဲလိုစာ တွေဖတ်ရင်းသတင်း တွေ နားထောင်ရင်း နဲ့ကျနော်တို့ တွေကို စစ်အစိုးရ က မတရားလုပ်ထားတာတွေ ကို သိလာ တယ် ..။ ပြီးတော့ ကျနော် အလုပ်ကိစ္စ နဲ့သွား လာ ခဲ့ တဲ့ေ န ရာဒေသတွေ က ပြည်သူတွေရဲ့အသိပညာ နည်းပါးမှု့ တွေ ၊ ဒေသခံတွေ ကို အာဏာပိုင်တွေ က သူတို့  ရဲ့ အိမ်တော် ပါကျေးကျွန်များသဖွယ် ခိုင်းစေ ဆက်ဆံတာတွေကို မခံမရပ်နိုင်ဖြစ်လာတယ်..ဗျ..။ အဲဒီလို စိတ်ဝင် စားလာရာ က ရွှေဂုံတိုင်မှာနေတဲ့ အသိတယောက် နဲ့ ဆက်စပ်မိရာကနေ အခုကျနော် တို့ ရဲ့ အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ် ကိုရောက်ရှိလာပါတော့  တယ်။ အဲလို နေရင်း ပါတီထဲမှာ လုပ်ကိုင် နေကြတဲ့ နောင်တော် အကို တော်များနဲ့ သိကျွမ်းလာတယ်.။ ပြီးတော့ ကျနော် ထက် ငယ်တဲ့လူငယ်တွေပါ ပါတီ ထဲ မှာစိတ်ရောကိုယ် ပါနှစ် ပြီးလုပ်နေကြတာတွေ တော့  ..ကျနော်ကို ကျနော် ရှက်လာတယ်အနှစ်မရှိတဲ့ လူတယောက်လို ခံစား လာ ရတယ်ဗျာ။ ဒါပေမယ့် လဲ အလုပ်က တဖက်ရှိနေသေးတော့  ထဲထဲ ၀င်ဝင် မလုပ် ဖြစ်သေးပါဘူး
အဲဒီလိုဖားတပိုင်း ၊ ငါးတပိုင်းဖြစ်နေတဲ့ကျနော့် ကို နိုင်ငံရေးလောက ကိုအပြီးတွန်းထည့် လိုက် တာကတော့  ပြီးခဲ့သော နှစ်က ရွှေဝါရောင်တော်လှန်ရေးကြီးကပါပဲ
ဘယ်နှယ့်ဗျာ ဘိုးဘွားဘီဘင် လက် ထက် ထဲ က ယုံကြည် ကိုးကွယ်ခဲ့ တဲ့ ဘုရားသားတော် သံဃာတွေ ကို လမ်းပေါ်ထွက် မေတ္တာ ပို့ လို့  ဆို ပြီး ဓါတ်တိုင် မှာကြိုးနဲ့ တုတ်ပြီး ရိုက်ရတယ်လို့  ဗျာအဲဒီ သတင်းကြားတဲ့နေ့ က ဆိုရင် သတင်းနားထောင်ရင်း နဲ့ အသား တ ဆတ်ဆတ် တုန်ပြီး. ကျနော် တော်တော် လေး မခံမရပ်နိုင်ဖြစ် ခဲ့တယ်.အဲဒီညမှာပဲ ဆုံးဖြတ်ချက် တခု ချ လိုက်တယ်ဒီလိုသာသနာဖျက်တဲ့ မိစ္ဆာာတွေ အုပ်ချုပ်နေမှု့ ကို လုံးဝ လက်သင့် မခံ နိုင် တော့  ဘူး..မဖြစ်မနေ တော်လှန်ရတော့  မယ်ဆိုပြီး နောက် အလုပ် ဖက်ခြေဦးမလှည့်  ခဲ့တော့ တာ ခုချိန်ထိပဲဆိုပါတော့  ဗျာ

အဲဒီနောက်ပိုင်းမှာတော့  အရင်ထဲက နားရည်ဝလာတဲ့ နိုင်ငံရေးသဘောတရားတွေ ၊ ၀ိုင်းဝန်း သွန်သင် ခဲ့ကြတဲ့ မိတ်ဆွေ များကြောင့်  ကျနော် ပါတီရဲ့လမ်းစဉ်တွေ ကို မှန်ကန်စွာလျှောက်လှမ်း နိုင်ခဲ့ ပါ တယ်။ တာဝန်ပေးလာသမျှ အလုပ်ကိုလည် လုပ်ဆောင်နိုင်ခဲ့ပါတယ်..။ ပြီးတော့ ကျနော် အခု စာရေး နေတဲ့ အချိန်မှာ ပဲကျနော့်ရဲ့ ပြောင်းလဲ မှု့ တွေကို ပြန်တွေး မိရင်းအားရကျေနပ်မိပါတယ်။ အရင်လို ပေါ့ပေါ့နေ ပေါ့ပေါ့ စားတယောက် မဟုတ်တော့  ဘူး။ အရင်လုပ်ခဲ့တဲ့ အလုပ်ဖက်မှာလုံးဝ နီးပါးခြေဦးမလှည့် နိုင်တော့  တဲ့ အတွက် သုံးစွဲ စရာငွေကြေး ချို့ တဲ့လာတဲ့ အတွက် အရာရာကိုချွေတာတတ်နေပြီ..။ တခါတလေ ပြတ်တလှည့်  ငတ် တ လှည့် ရှိတဲ့နေ့ တွေမှာလဲ နေတတ်သွားပြီ။ အရင်က တနေ့ ကို အနဲ ဆုံးလက်ဖက်ရည် သုံးကြိမ် လောက် သောက်ရ မှ အာသာပြေတဲ့ ကျနော် အခုချိန်မှာ လမ်းဘေးပလက်ဖောင်းမှာဖွင့်တဲ့ အပေါစား လက်ဖက် ရည် ဆိုင် က လက်ဖက်ရည်ကိုတောင် တနေ့ တခွက် နပ်မမှန်ချင်တော့ တာကိုလည်း အမှု့မထားတော့ ။ ကျနော့်ရဲ့ ခံယူ ချက်ကပဲ ကျနော့် ကို ပတ်ဝန်းကျင်နှင့်လိုက်လျှောညီထွေဖြစ်အောင်နေရာချထားပေးခဲ့ ပြီးပြီ ။ ရုံးကကျွေးတဲ့ မနက်စာထမင်း ကိုမမှီလိုက်တဲ့နေ့ တွေ မှာလဲ ကျနော်ဟာ မနက်ပိုင်း ဥပုဒ် စောင့် နေတတ်ပြီ .ကျနော့် လိုပဲ တိုင်းပြည်အတွက် အလုပ်လုပ်နေကြတဲ့ လူငယ်တွေရဲ့ ဘ၀တွေ ကို ကိုယ်ချင်း စာတတ် လာတယ်.။ ပြတ်တလှည့် ငတ်တလှည့် နေကြရတဲ့ လူငယ်တွေ ကြားမှပဲပျော်မွေ့ လာတယ်။ ကျနော် အရင် လုပ်ခဲ့တဲ့ လုပ်ငန်း အချိန်မရွေးပြန်လုပ်နိုင်ပေမယ့်အဆင်းရဲဒုက္ခ ခံပြီး သေနတ်ပြောင်းဝ အောက်မှာ တိုင်းပြည် ပြောင်းလဲ တိုးတက် ရေးအတွက် ကြိုးစားနေကြတဲ့ လူငယ်တွေ ကို ကျနော် တကိုယ်ကောင်းဆန်ပြီး မထား ခဲ့ချင်ဘူး ။ သူတို့  နဲ့ တသား ထဲဖြစ်အောင် နေတယ်.. ။
အခုအချိန်မှာတော့ ဖြစ်သလို ကြုံသလို စားသောက်နေတယ် လို့တော့  မဆိုနိုင်ပေမယ့် လိုတာ ထက် တော့ ပိုပြီးမစားတော့  ဘူး..။ ဒါပေမယ့် လည်း ကျနော် ကိုယ်အလေးချိန်ဟာလဲ ပေါင် ( ၁၀၀ ) ၀န်းကျင်မှာပဲ ရှိ နေတယ်
။ လျှော့ မသွား ဘူး .....ကျနော် ကောင်း ကောင်း နားလည်သွားပြီ အစားအသောက်ဆိုတာ ဘ၀ အတွက် အထောက် အကူသဘော ပဲ ရှိတယ်..ဘ၀ ရဲ့ အနှစ်သာရ မဟုတ်ဘူး ကျနော်တို နဲ့အတူ့ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ လူငယ်တွေ ဘ၀ ရဲ့ အနှစ်သာရ ဆိုတာ အခုချိန်မှာ… … ……… …………………

Tuesday, 7 October 2008

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ ၏ ဟန်ပြ အလုပ်များ...

အလုပ်မရှိအလုပ်ရှာပြီး ပြည်သူပိုင် ပိုက်ဆံများကိုအလကားသက်သက် ဖြုန်တီးနေသော မြန်မာနိုင်ငံအမျိုးသမီးအဖွဲ ချုပ်ဖြစ်ပါတယ်..။ စည်းရုံးရေးဌာနကြီးမှူး ဒေါက်တာဒေါ်ညွှန့် ညွှန့် ဦး က ဦးဆောင်တာတဲ့ခင်ဗျ.။ အမျိုးသားပြတိုက်ဆိုတာ မြန်မာနိုင်ငံသားတိုင်းမည်သူမဆို မိမိအသိစိတ်ဓါတ်ဖြင့် သွားရောက်လေ့လာ သင့် တဲ့နေရာတခုပါ..။ ယခုလို ပုဝါကြီးတွေချုံ ၊ ချိတ်ထမီ တွေ နဲ့ ဟန်ပြသွားရောက် ပြီးသတင်းစာထဲ ထည့် တာအဓိပါယ်မရှိပါဘူး ယခုလိုဟန်ပြလုပ်ရပ်တွေ ကို ပြည်သူတွေက အထင်မကြီးတဲ့အပြင် သေချာစဉ်းစားပါက ရှက်ဖို့ အင်မတန်ကောင်းပါတယ်။ ပညာတတ်ကြီးတွေ ၊ အသက် အရွယ်တွေလဲရနေပြီ ၊ အဖွဲ့အစည်းတခုကိုလဲဦးဆောင်နေပြီ အခုချိန်ကြမှပဲ အမျိုးသားပြတိုက် သွားပြီး လေ့လာဖြစ်တော့တယ် ဆိုတာအဓိပါယ် မရှိပါဘူး.။ သွားပြီးလေ့လာတယ်ထားဦးတော့ သတင်းစာထဲ ထည့် စရာအကြောင်းမရှိဘူးဗျ ။ အမှန်တကယ်လေ့လာချင်လို့  သွားတာလား ၊ သတင်းစာထဲမှာပါချင်လို့  လားရှင်းနေပါတယ်။မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်ကို ကျနော် ဒီနေရာကနေ ပြောချင်ပါတယ် . တိုင်းပြည်အတွက် ကောင်းကျိုးတွေ အမှန်တကယ် လုပ်ဆောင်နေပါတယ် ဆိုတဲ့သူတွေ ဟာ အခုလိုအချိန်ထိ အမျိုးသားပြတိုက်လိုနေရာမျိုးကိုတောင် လေ့လာနေကြရတုန်းဆိုရင်တော့ ပြည်သူတွေရဲ့ကံကြမ္မာဟာ ရင်လေးစရာဖြစ်နေပါပြီလို့ .သတိထားမိအောင်တင်ပြလိုက်ရပါတယ်ခင်ဗျာ…….။



Sunday, 5 October 2008

ပြည်တွင်း လူငယ် နှင့်  နည်းပညာ

ကျနော် ရဲ့ အမြင်လေးတခုကို ကျနော် တို့  နဲ့အတူ လက်ရှိပြည်တွင်းမှာရှိနေကြ တဲ့ လူငယ်များ အတွက် ပြောပြ ချင်ပါတယ် ယခုအချိန်ကာလ ဟာ နိုင်ငံရေးကိုစိတ်ရောကိုယ်ပါ ဆောင် ရွက် နေ ကြတဲ့ လူငယ်များ အတွက် အင်မတန်မှ အရေးကြီးပါတယ် ။ ဘာဖြစ်လို့ လဲ ဆိုတော့ လာမယ့်  ၂၀၁၀ မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ ရောက်ချိန်နီးလာလေကျနော် လက်ရှိလူငယ်တွေ မှာအတတ်ပညာ တွေပိုမို လိုအပ်လာလေပါပဲ ၊ နိုင်ငံရေး ဖက်က ကြည့် ရင်လဲ အများပြည်သူကို ဦးဆောင် လမ်းပြလုပ်နိုင်ရ မယ.်.. ၊ မိမိတို့  လူငယ်အချင်းချင်း အနေနဲ့က လဲ အချိတ်အဆက်မပြတ် ရှိနေစေဖို့ ၊ ဆွေးနွေးစရာ ၊ တိုင်ပင်စရာ ရှိတာတွေ ကို နည်းလမ်းတခုခုသုံး ပြီး အဆက်အသွယ်မပြတ် ရှိနေစေဖို့  လို ပါတယ်.။

ကျနော်တို့  နိုင်ငံ မှာ က တခြားနိုင်ငံတွေလို ဆက်သွယ်ရေးစနစ် ကို ဈေးပေါပေါ နဲ့ သုံးစွဲ နိုင် ခြင်းမရှိပါဘူး.. ။ ရန်ကုန်မြို့  နယ်နမိတ်အတွင်း က အစွန်အဖျား ရပ်ကွပ်တွေ ထဲက လမ်းတ လမ်း မှာ တယ်လီဖုန်း တလုံးမရှိတဲ့ ရပ်ကွက်လမ်းတွေ ယခုထိ ရှိနေပါသေးတယ် ။ GSM ၊ CDMA အစ ရှိတဲ့ လက်ကိုင်ဖုံးဆိုတာတော့  ပိုက်ဆံချမ်းသာတဲ့ သူများမှပဲ သုံးနိုင်ကြတာ..။ ကျနော် တို လို့ ရူံးချုပ် ကို သွားဖို့ လိုင်းကားခ ( ၂၀၀ - ၃၀၀ ) တောင် တခါတရံ မရှိကြတဲ့ လူငယ်တွေ အဖို့  မှာ ဟမ်းဖုန်း ဆိုတာ ဝေလာဝေးရော ။ ပြီးတော့ မြို့ နယ် တခုနဲ့ တခု ချိတ်ဆက် ဖို့  က လဲ သွားရ တာ တနေကုန် လိုင်းကားတိုးကျိတ်ပြီးသွားကြရ တာ.ဝေးလံ တဲ့ .မင်္ဂလာဒုံ ၊ လှိုင်သာယာ ၊ ရွှေပြည်သာ ၊ တောင်ဒဂုံ ၊ ထန်းတပင် ၊ သံလျှင် ကျောက်တန်း ၊ ခရမ်းသုံးခွ ၊ ဒလ အစရှိတဲ့ အစွန်အဖျားကြတဲ့ မြို့  နယ်တွေ မှာရှိတဲ့ လူငယ်တွေ အချင်းချင်း တဦးနဲ့တဦး အဆက်အသွယ် အမြဲရနေဖို့ ကျန်တဲ့အဝေးမြို့  များ မန္တ လေး မုံရွာ ၊ တောင်ကြီး ၊ မော်လမြိုင် ၊ စစ်တွေ ၊ ပုသိမ် အစရှိသည် အဝေးမြို့  များရှိ လူငယ်များနှင့် ပါအဆက်အသွယ်မပြတ်စေ ဖို့  နည်းလမ်း တခုခု ကို အခုအချိန်ထဲ က ကြိုတင် စီစဉ်ထား မှာပါ..။ ကျနော် စဉ်းစားမိတာလေးတခုကတော့  ယခုနောက်ပိုင်းမှာ အင်တာနက် ၊ အီးမေး နည်းပညာ ဟာ ကျနော် တို့  လူငယ်တွေအတွက် တော် တော် အသုံးဝင်လာနိုင်ပါ တယ် ၊

မြို့ တော် တော်များများ မှာ ယခုဆိုရင် အင်တာနက် သုံးလို့  ရနေပါပြီ..။ ဆိုက်ဘာကဖေး ဆိုင်ကလေးတွေ အလျှိုအလျှို ပေါ်လာပါပြီ ၊ နယ်မြို့ များမှာ တော့  မီးပျက် တာ များ သောကြောင့်  တနာရီ လျှင် အသုံး ပြု ခ ( ၇၀၀ - ၈၀၀ ) ကျပ်လောက်ပေးရ ပါတယ်..။ ရန်ကုန် မှာကတော့ ( ၄၀၀ - ၆၀၀ ) ကြားပေးရပါတယ် ၊ အိမ်သုံးအနေနဲ့  တယ်လီဖုန်းလိုင်း အား မိုဒမ်း ချိတ်ဆက် ပြီး အသုံး ပြု လို့  ရပေမယ့် လဲ အင်မတန်မှ နှေးပါတယ် အင်တာနက်စာမျက်နှာ တခု ကို ကြည့်  ရှု့  နိုင်ရန်အတွက် တခါ တရံ ( ၅ ) မိနစ် ခန့် စောင့် ရ ပါ တယ် ။ အီးမေး ပို့တာ လက်ခံ တာတွေ က သိပ်အဆင်မပြေ ပါဘူး ..။ တယ်လီဖုန်းလိုင်း ကြိုးတွေ မှာအဆက်တွေ များတာကြောင့်  လဲပါတာပေါ့  အဲလိုသုံးရင်တော့ တနာရီအတွက် ( ၅၀၀-ကျပ် ) ကျော်ကျော် လောက်ကျပါတယ် ..သုံးစွဲ ရတာတော့ မကောင်းပါဘူး။ အဲဒီတော့ ဆိုင် မှာသုံးရ တာပဲ အကောင်းဆုံး ပါပဲ

ဆိုင်မှာသုံး တဲ့ အခါကြတော့ လဲ သတိ ထားရ မယ့်  အချက် တွေ အများကြီးပါ။ ကျနော်ကြုံ ရသလောက် ပြောရ ရင် အချို့  ဆိုင်များ က နိုင်ငံရေးနဲ့ သက်ဆိုင်သော ၀က်ဆိုဒ် များ ၊ ဘလော့  များ အား မကြည့်  ရ လို့  စာတန်း ချိတ်ဆွဲ ထားပေ မယ့်  ပိတ်ထားတာတွေကို ကျော်ကြည့်  လို့  ရ တဲ့ ဆော့  ၀ဲ တွေ ကို အသုံးပြု့ မယ့်  စက် ထဲ မှာအသင့် ထည့် ထားပေး ပါတယ်။ မိမိ ကိုယ် တိုင် က တော့ ဒီဆော့  ၀ဲလေးတွေ ကို ပိုင်နိုင်စွာအသုံး ပြုနေနိုင်ရ ပါ မယ်..။ ဥပမာ ( Ultersuaf , freegate ) အစရှိတဲ့ဆော့ ၀ဲ မျိုးလေးတွေပါ ..အသုံးပြုရတာလဲ အလွန်လွယ်ကူပါတယ်။အဲဒီလောက် လေး သုံးနိုင်ပြီဆိုတာနဲ့ ပုဂံနက်က ပိတ်ထားတာတွေ ကိုကျော် ဖွင့်  နိုင်ပါပြီ.. သတင်းဝက်ဆိုဒ်တွေ ၊ မြန်မာ ဘလော့  တွေ ကြိုက် တာကြည့် နိုင် ပါပြီအခုသုံးနေကြ တဲ့ သူတော်တော် များများကတော့  အဲဒီ လောက် လေးတောင် မသိကြတဲ့ သူတွေ တော် တော် များများရှိနေပါသေး တယ်

နိုင်ငံရေးဝက်ဆိုဒ် ကိုလုံးဝ အကြည့်  မခံ တဲ့ ဆိုင် လဲ ရှိပါတယ်..အဲဒီလိုဆိုင်တွေ ရဲ့ ပိုင်ရှင် များက လူမျိုးခြားများပိုင်တာများပါတယ်.။ ကျနော်ဆိုရင် ဆိုင်ထဲ ကနေဒေါသတကြီးနဲ့ မောင်း အထုတ်ခံရဘူးပါတယ်ဆိပ်ကမ်းသာလမ်းထဲ က ဆိုင်တဆိုင် ပါ

ပြီးတဲ့ အခါ ကြတော့ ကွန်နရှင်နှေးနေတဲ့ အချိန်မှာ ဆိုင်တဆိုင်ထဲမှာ သုံးနေကြတဲ့ သူတွေ ထဲမှာ မှ ကိုယ်က မြန်မြန်သုံးနေနိုင် တဲ့ ဆော့  ၀ဲ လေးတွေ လဲ ရှိပါတယ် ကျန်သုံးနေတဲ့ သူများ က တော့  နဲနဲတော့  ပို နှေးသွား ပါတယ်။ အဲဒီလို ပဲ ဂျီမေး ၊ ဂျီတောခ့် ပြောကြ ချက်ကြ တဲ့ အချိန်မှာ လဲ မြန်ဆန်စေပါတယ် .။ ကျန်ခဲ့ တဲ့ ရက် ပိုင်း အတွင်း မှာ ဂျီတော့ တွေ ဖွင့် မရအောင် လုပ်ခဲ့ပါတယ်..အဲဒီအချိန်မှာ ကျနော် အဲဒီဆော့ ၀ဲလေးတွေနဲ့ပဲ လွယ်လွယ်ကူကူ ပြော နေနိုင် ခဲ့ပါ တယ်..။ ကျနော့်  ရဲ အွန်လိုင်းမိတ်ဆွေများကတော့ ကျုနော့် ကို ပြည်တွင်းက သုံးနေကြသူတွေ အွန်လိုင်းတက်မလာချိန် မှာ ကျနော် တယောက် ထဲ တက်လာတဲ့အတွက် ကျနော် ကို အံ့သြ နေကြပါတယ် ၊ တချို့ ကြတော့  လဲ သံသယ ဖြစ်နေ ကြမလားတောင်မသိပါဘူး ၊ အမှန်က အဲဒီဆော့  ၀ဲ လေးတွေကြောင့်  ပဲ ကျနော် တက် ရောက် နိုင်ခဲ့ တာ ပါ ၊ ပြီးခဲ့ သော နှစ် စက်တင်ဘာ လ တုန်းကလိုမျိုး ကွန်နရှင်ကို လုံးလုံး ဖြတ်ချ လိုက် ရင်တော့ ကျနော်လဲ အများနည်းတူ လိုင်းပေါ်တက် နိုင် မှာမဟုတ်ပါ ဘူး ဗျာ။ ကျနော် တို့  လို ပြည်တွင်း က ဘလော့ ဂါတွေ ၊ နိုင်ငံရေးဝက်ဆိုဒ် တွေ ကို ၀င်ရောက် ဖတ်ရှု့  သူတွေဟာ ဒီလို နည်းပညာလေးတွေကိုတော့ အနည်း ဆုံးအဆင့် အနေနဲ့ သိထားသင့်  တယ် လို့  ထင်ပါတယ် ..။ ဆိုင်ကဖွင့် ပေး မှ ကြည့် ရ ဖတ်ရ တာ မျိုးတော့ မဖြစ်သင့် ပါ ဘူး ပြည်ပ မှ မိတ်ဆွေ ဘလော့  ဂါ များမှ လည်း သတင်းများ နိုင်ငံရေးဆောင်းပါများ သာမက ပဲ ပြည်တွင်းလူငယ်များ အတွက် တကယ့်  အသုံးဝင် မယ့် အိုင်တီ နည်းပညာ များကိုပါ ဖော်ပြ ပေးသင့်  ပါတယ် .။

ပြည်တွင်းလူငယ်များက လဲ နောင်တချိန်မှာမဖြစ်မနေ ဆွက်သွယ်ရေးအနေနဲ့  အသုံး ၀င် လာတော့  မယ့်  အင်တာနက် အသုံးပြု ပုံ ကို အခုချိန် ကတည်းက ကြိုးစားသင်ယူကြ ဖို့  အချိန် တန် နေပါပြီပြည်တွင်းမှာရှိနေ ကြတဲ့ ပါတီ ၀င်လူငယ်တွေ ကို နအဖ က သွားတာ လာတာ နေရာတကာ မျက်ခြေ မပျက်စောင့် ကြည့် နေတဲ့ အချိန်မှာတဦးနဲ့ တဦး တမြို့  နဲ့ တမြို့  သွားရောက် တွေ့  ဆုံ ဆွေးနွေးကြ ဖို့  ဆိုတာ မလွယ်ကူပါဘူး.။ တိုးတက်လာသော နည်းပညာတွေကို လဲ ကျနော် တို့  လူငယ်တွေ မျက် ခြေပြတ်ခံ လို့ မဖြစ်ပါဘူး.၊ ပိုင်ပိုင်နိုင်နိုင် အသုံးချနေနိုင်ရ မယ် ၊ နောင်တချိန် မှာတိုင်းပြည်ကို ဦးဆောင်လမ်းပြ လုပ် မယ့်  ကျနော်တို့လူငယ် တွေဟာ ခုချိန် ထဲက သူများနောက် ကျန်နေခဲ့ လို့ မဖြစ်ပါဘူး အများနည်းတူတော့ အနည်းဆုံးရှိနေရပါမယ် ဒါကြောင့်  လက်ရှိ လူငယ်တွေ ဟာ အဖက် ဖက့်  ပြည့် စုံနေအောင်ကြိုးစားကြပါလို့  တင်ပြလိုက်ရ ပါတယ် ခင် ဗျာ………………..။

Saturday, 27 September 2008

ရွှေဝါရောင် နှင့်  တနှစ်တာမှတ်တမ်း…

လူ့ ဘ၀ ထဲသို့ စတင်ဝင်ရောက်ခဲ့ ပြီးနှစ်ပေါင်းနှစ်ဆယ်ကျော် သုံးဆယ်နီးပါ့း အချိန်တွင် ထူးဆန်းသောအသိအမြင်တခုကို ကျနော် ရ ခဲ့ သည် ။ ဖြတ်သန်းခဲ့သော ငယ်ဘ၀ များတွင်လည်း ထိုအချက်ကို သတိမထားခဲ့ ။ ငယ်စဉ်အခါ က အရာရာ ကို မျှော်လင့် ချက်တွေ အများကြီးဖြစ်ခဲ့သည်။ မဖြစ်နိုင်တာတွေလဲ လိုချင်ခဲ့သည် မိမိကိုယ် ကို လဲ အထင်ကြီးမှု့  တွေ ရှိ ခဲ့ ၏ ။ အားငယ်စိတ်တွေ လဲ ရှိခဲ့ဘူးသည်..။ မထင်ထားတာတွေ လဲ ဖြစ်ခဲ့ဘူးသည် တယောက်ထဲ အထီးကျန် ရင်းနဲ့လဲ အချိန်တော်တော်များကို လည်းဖြတ်သန်း ခဲ့ဘူးသည် ။ အပေါင်းသင်း သူငယ်ချင်းများနှင့်  လဲ အချိန်များ ကို ဖြုန်တီးခဲ့ သည် ။ မိဘ များက မချမ်းသာသော် လည်း ကိုယ်ပိုင်လွတ်လပ်ခွင့်  ၊ ကိုယ်တိုင်ဆုံးဖြတ် ခွင့်  များ ပေးထား ခဲ့ သဖြင့်  စိတ် မှ အမှန်တရား ဟုသတ်မှတ်ထားသည်တို့ ကို လက်တွေ့  အကောင်အထည် ဖော် ခဲ့သည်။ မှန်တာရှိသလို မှားတာတွေလဲ တပုံ တပင် ။ ဆုံးဖြတ်ချက် မှန်ကန်သည့်  အချိန်တွင် ၀မ်းသာ မှု့  များရှိခဲ့သလို ၊ မှားယွင်း ခဲ့သည် အခါ မျိုးတွင် လည်း ဖြစ်ပေါ်လာသည် ပြသနာ ကို မိဘ များအကူညီ မယူ ပဲ ကိုယ့် အားကိုယ် ကိုး ကာ ဖြေရှင်းခဲ့ရ သည်တို့  လဲ မရေတွက် နိုင် ပါ ..။ ဒီလို နဲ့ တနေ့  ကျနော့  ဘ၀ ကို ပြောင်း လဲ နိုင်ခဲ့သော အရာတို့  သည် ကျနော် နှင့်  လက်တကမ်း အကွာ မျက်စိရှေ့  မှာ တင် ဖြစ်လာ ခဲ့သည်

ပြီးခဲ့သော နှစ် ဒီလိုအချိန်မျိုး မှာပေါ့  ..ရန်ကုန်မြို့  ရဲ့ ဆူးလေလမ်းမကြီး ရှိ လူစည် ကားရာ တနေရာ မှာ ကျနော်ရောက် နေခဲ့တယ် ။ ဟိုနားစုစု ဒီနားစုစု နှင့်  ရှိနေခဲ့သော လူတချို့ ကတစုံ တရာ ကို စောင့် စားနေသည့် ပုံစံ မျိုး ဖြင့်  တနေရာ သို့  လည် တဆန့် ဆန် ဖြင့်  မျှော်ကြည့်  နေကြ သည်။ လမ်းမကြီးလျှောက် မှာ ရှိေ န သူ အပေါင်းမှာ ထို အမှုအရာ မျိုး များဖြင့်  သာ ရှိနေကြသဖြင့် လမ်းဘေးလက်ဖက်ဆိုင် က ညစ်ထပ်ထပ် စားပွဲပု လေး မှာ အကျအန ထိုင်ပြီး လက်ဖက်ရည် တခွက် ၊ ဆေးလိပ်တလိပ် ကိုဖွာ ပြီး အပူပင်မရှိ စိတ်ထဲ ရှိရာ တောင်စဉ်ရေမရ အတွေးများနှင့်  လွင့် မျော နေသူ ရယ်လို့  ကျနော် တယောက် ထဲ သာ ရှိသဖြင့်  လူတွေ နှင့်  နီးကပ်စွာ ရှိနေလျှက် ဖြင့်  အထီးကျန်မှု့ ကို စတင် ခံစားလိုက် ရ သည်။ ဤသည် မှာ အနှစ်သုံးဆယ် ကာလ အတွင်း ပထမဆုံး ကြုံခဲ့ရ သည် စိတ်ခံစား မှု့  အသစ် ဖြစ်သည် ။ ထိုအခိုက်အတန့် လေး မှာ ပင်ထူးဆန်း သောအာရုံ တခု ပေါ်ပေါက် လာ ခဲ့ သည်..။ ကျနော့် စိတ်၏ မြန်နှုန်း တို့  သည် လက်ရှိအချိန် ထက် အဆပေါင်းများစွာသော အလျှင်နှုန်းတို့  ဖြင့်  ဖြတ်သန်းသွားသည်..။ ထိုအချိန်ခဏလေးအတွင်းမှာ ပင် ရွေ့ လျှားသွားလာနေကြသော လူများ ၊ ကားများ ၊ ပျံသန်းနေသော ငှက်များ ၊ လွင့် မျောနေသောမီးခိုးတန်းများ ၊ သစ်ပင်တို့  မှ သစ်ရွက်များ ၊ ခပ်ဖွဲဖွဲ လေးကျနေသော မိုးရေစက် များအားလုံးရပ်တန့် ကုန်ကြသည် ဟုထင်မှတ်မိသည် ။

လမ်းလျှောက်နေသောလူများသည်လဲ တချို့ ကခြေတဖက်လှမ်းလျှက်ဆဲဆဲ ၊ တချို့  ကားပေါ်မှ ခုန်အဆင်း မြေပေါ်မကျ မှီ အချိန်တွင်းကျရောက်နေသောကြောင့်  လေထဲ မှပင် ရပ်တန့်နေ သည် ။ မိန်းကလေးတချို့  ၏ ဆံနွယ်တို့  သည် လဲ လေထု ထဲ မှာ ပင်ရပ်တန့် လျှက်မလှုပ်မယှက် ရှိနေသည် ။ ပျံသန်းနေသော ဌက်အချို့  သည် လည်း ရောက်ရှိသောကောင်းကင်ထက် မှာပင်ရပ်တန့် နေသည် ၊ စားသောက်ဆိုင်များ ၊ ကားများမှ ထွက်ပေါ်လာသော မီးခိုး တန်းများမှာလည်း သွယ်ကာဝိုက်ကာဖြင့်  ရပ်တန့် နေသည် ။ လေတိုက်ခြင်း လဲ မရှိတော့  သလို မိုးရေစက်တို့  သည်လဲ မြေပြင်ပေါ်သို့  ကျရောက်ခြင်းမရှိပဲ လည်ပါတ်နေသော အချိန်စက်ဝိုင်း ဆိုသည် မှာလဲရပ်တန့်  ခဲ့လေ ပြီ..။ ထိုအချိန်တွင် အရာဝတ္တု များ ၊ လေတိုက်ခြင်း ၊ မိုးရွာ ခြင်းစသော လှုပ်ရှား မှု့  ၊ တုန်ခါ မှု့  တို့  မရှိတော့ သောကြောင့်  အကြားအာရုံ ဖြစ်စေသော အသံ ဆို သည် မှာ လဲ မရှိတော့  ပေ..၊ အရာရာတို့  သည် တိတ်ဆိတ်လို့  နေသည် ။ အကြားအာရုံဆိုသည်မှာမရှိတော့ …….

‘………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………’

အချိန်မည် မျှကြာသွားသည် မသိ ပထမ ဆုံး အဖြစ် ကျနော့  ရဲ့  နှလုံး ခုန်သံ ကို တိုးတိုးလေး စ ကြားလာရ သည်။ ထိုနောက်မှာတော့  လူတစု တီးတိုး တစုံတခုကို သံပြိုင်ရွတ်ဆိုနေသည် အသံ မျိုးအား ၀ိုးတ၀ါး ကြား လာ ရ သော် လည်း ပီ ပြင်မှု့  မရှိသေး အရာရာ သည်လည်း နှေးကွေးစွာ စတင် လှုပ်ရှား လာကြသည် ။ မိုးရေစက်တို့  တအိအိကျဆင်းလာသည် ။ လူနှင့် အရာ ၀တ္တု တို့  သည်လည်း စတင် လှုပ်ရှားစ ပြု လာသည် ။ တစုံတတခု ကို လေ တိုးသည် အသံ တဖြတ်ဖြတ်နှင့်  အတူ မပီမပြင်ကြား နေရသော လူစကားသံ တို့  သည် လဲ ပီပြင်စွာ ကြားလာရ သည် ။ ထိုအသံ တို့  သည် ကား……

လူအချင်းချင်း ..နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ................”

သတ်ဖြတ်လိုခြင်း..အချင်းအချင်း ကင်းရှင်းကြပါစေ…………”

တို့  ..မေတ္တာ စွမ်းကမ္ဘာ လွှမ်း အေးချမ်းကြပါစေ………..

……………ဟူသောမေတ္တာ ပို့  လွှတ်နေသည့်  အသံ များ ဖြစ်နေပေ သည်.။ ဘုရားရှင် ၏ တရားဦး ဓမ္မသံ ကဲ့ သို့ ပင် စိတ်နှလုံး ၌ ငြိမ်းအေးခြင်း ကို ခံစား မိလေ သည်။ အရာရာတို့  သည်လည်း ပုံမှန် နီးပါး ပြန်လည် လှုပ်ရှားနေကြလေပြီ.။ မျှော် နေသူအပေါင်းတို့  ၏ မျက်နှာအမှုရာတို့  သည် လဲ .မျှော်လင့် ချက်တို့  ပြည့်ဝ လာသည့်  အခါမျိုးတွင် ဖြစ်ပေါ်လာ လေ့ရှိ သည် အပြုံး တို့ ဖြင့် .ကိုယ်စီရှိကြလေပြီ.။ ကျနော်သည်လဲ ထိုသူတို့  နှင့်  အတူ အသံလာရာဖက်စီသို့  လှမ်းမျှော် နေသည့် သူတဦးဖြစ်နေလေတော့  သည်။ ဤ အချိန်တွင် လမ်းမ ပေါ် ရှိပြည်သူ အားလုံးတို့  ၏ မျှော်လင့်ချက် သည် တူညီ သွားသဖြင့်  ကျနော် သည်လည်း အထီးကျန် နေ ခြင်း မျိုး မ ဖြစ် တော့  ပေ .အများနှင့် အတူတသွေးထဲတသားထဲ ထပ်တူကျလျှက် ရှိပြီ ဖြစ်တော့  သည်.။ အသံများ နီး လာ သည်နှင့်  အတူ ပထမ ဆုံးမြင် တွေ့  လိုက်ရသည် က သမ္မတ ရုပ်ရှင်ရုံ အနီးကုန်းတံတား လမ်းမကြီး အလယ်မှ အထက်သို့  တရိပ်ရိပ်မြင့် တက်လာနေသော.သာသနာ့  အလံ တိုင်အဖျား မှသည် ရှေ့ ဆုံးမှ အလံကိုင် သံဃာတော်များ ၊ နောက်ဖက်ဆီမှ မေတ္တာပို့ တန်းစီကြွချီလာသော ထောင်ပေါင်းများစွာသော သံဃာတော်များ ကို ဖူး တွေ့  လိုက် ရလေတော့  သည်။ ထီးမပါ ၊ ဖိနပ်မပါ ဖြင့် လမ်းမထက် မိမိတို့ အတွက် မေတ္တာ တရားကြီးမားစွာ ကြိုးစားပေးနေကြသော အရှင်သူမြတ်တို့  ပါလား.၊ တရားဓမ္မ ကို လက်ကိုင်ထားသော်လည်း ပြည်သူ ငတ် က မျက်ရည်ကျတတ်ပေသည် ။ နေ့ စဉ်ရက်ဆက်လမ်းမ ထက် မှာ မိုးရွာမရှောင် နေပူမရှောင် ကြွချီရင်း တမြို့ လုံး မေတ္တာသံ တို့  ဖြင့် လွှမ်း ခြုံပေးနေသည် ကို မကြည့် ရက် ၊ မမြင် ရက် ၊ မကြားရက် သည် က မိစ္ဆာဒိဌိ စစ်အာဏာရှင် လူတစု ဖြစ်သည် ။ အကုသိုလ် ကံ ပြည့် လျှံ နေသော သူတို့  သည် တရားဓမ္မ သံ ကိုမခံနိုင်ဖြစ်ကြရသည်။ နည်းလမ်းပေါင်းစုံဖြင့် တာဆီးပိတ်ပင်ကြသည် ။ အဆိပ်ရှိသောမြွေ သည် အဆိပ်ကိုအားကိုးသကဲ့ သို့  အာဏာရှိသောပုဂ္ဂိုလ် တို့ သည် လဲ အာဏာကို အားကိုးကြကာ ထိုသူတို့  လက်အောက်ရှိ ထားရာနေ ၊ စေရာသွား ၊ ကျွေးတာယူ ၊ ခိုင်းတာလုပ် ..ဆိုသောအယူဝါဒ တို့  သွတ်သွင်းခြင်းခံရသော..အသိဥာဏ်နည်းပါးသည့် အောက် လက် ငယ် သားအပေါင်းတို့  သည် လည်း ..မိမိတို့ ကိုးကွယ်နေသည့်  မြတ်စွာ ဘုရားရှင်၏ မျက်နှာတော် ကိုမှ မထောက်ထား ပဲ ဘုရားသားတော် ရဟန်းသံဃာများကို ..စိတ်ရှိလက်ရှိ ..ဘီလူးသရဲ စီးနေသည့် ပမာ ရိုက်နှက် သတ်ဖြတ် ခဲ့ကြလေသည်.။ မြန်မာနိုင်ငံ ၏ ဗုဒ္ဓဘာသာ သမိုင်းတွင် မင်းအာဏာ အမိန့်ကြောင့်  သံဃာ့သွေးတို့  ဘုရားစေတီ များ ခြေတော်ရင်း ၌ ပင် စွေးစွေးနီ ခဲ့ လေပြီ..။ ရွှေဝါရောင်လွှမ်းနေသော သာသနာမှ သည် သွေးရောင်လွှမ်းသောသာသနာဖြစ်ခဲ့လေပြီ……။ ထိုမြင်ကွင်အားလုံးတို့ သည်လဲ နေ့ စဉ်ရက်ဆက်ကိုတွေ့ ကြုံ ခဲ့ရသည် ။ တနေကုန်တနေခန်း မိုးလင်းမိုးချုပ် သံဃာတော်တို့  အားဝန်းရံ ပြီးအရှင်သူမြတ်တို့ ကြွချီ ရာ လမ်း တ လျှောက်မမောနိုင်မပမ်းနိုင် နေ့ တွေကို ပြန်သတိရ မိသည် ။ သေနတ်သံများ ၊ မီးခိုးလုံးများအကြား သံဃာများနှင့် အတူအသက်လုပြီးပြေးလွှား ခဲ့ ရ ပုံတွေ ကို လဲ မေ့မရ။ ဒီအခြင်းအရာတွေ ဟာ ကျနော့  ကို ပြောင်း လဲ နိုင်ခဲ့ တယ် .။ ညအချိန်အိမ်ပြန်ရောက် လို့  အိပ်ယာဝင်ချိန်မှာ အတွေးတွေ နဲ့ လုံးလည်ချာလည် လိုက်နေတယ်..။ အခု ချိန် ထိ အဖြေမရခဲ့တဲ့ မေးခွန်း တချို့  က သံဃာတော် တွေ ဟာ ပြည်သူတွေ ဆင်းရဲ ကျပ် တည်းနေတာ ကို မကြည့်  ရက် မမြင်ရက် လို့  တတ်နိုင်တဲ့နည်းလမ်း ၊ ၀ိနည်းတော် တို့ နှင့် အညီ ဆောင် ရွက် ပေး ခဲ့ ကြသော် လည်း .၊ လူမိုက်လူမ်းကားတွေ က သံဃာတော် များကိုရက်ရက်စက်စက် သတ်ဖြတ်နေသည် အချိန်အခါ မှာတော့  ပြည် သူ တွေ က သံဃာတော် တွေ အား မည့် သည့်  အကြောင်းကြောင့်  အကာအကွယ် ပြန်မပေးနိုင်ရ တာ လဲ .မိမိနှင့်  မဆိုင်သံဃာတော် တွေအသက်ခံရတာ ..ငါတို့  ကို လာသတ် နေတာ မှ မဟုတ်တာ..ဆိုသော ဘယ်သူသေသေ ငတေမာပြီးရော ဆို ပြီးနေနေကြသည် လား……

ကျနော်ကတော့  ထို ကဲ့သို့ သဘော မထားနိုင်ခဲ့သည့် အတွက်ကြောင့် လဲ စက်တင်ဘာ ရွှေဝါ ရောင် တော် လှန်ရေးကြီးအပြီးတွင် မိမိကိုယ်ကိုမိမိ ဆုံးဖြတ်ချက်ချကာ စနစ်ဆိုးကြီးအောက်မှ လွတ်မြောက် အောင် ကြိုး ပမ်း သူ တယောက် ၊ တနည်းအားဖြင့်  အာဏာရှင်စနစ်ကိုတော်လှန်မည့် တော် လှန် ရေး သမား တယောက် အဖြစ် ခံယူ လိုက်သည် ။ တဆက်တည်းမှာပင် နိုင်ငံရေး သဘောတရားတို့  ကို လဲ သင်ယူသည်..။ တွေး တောသည် .။ အကြမ်း မဖက်ပဲ ပြည်သူတွေသွေးမြေမကျပဲ စနစ်ဆိုးအောက်မှလွတ်မြောက်နိုင်မည့်  လမ်းကို အချိန်ပြည့်  နီးပါး စဉ်း စား သည်။ ထိုသို့  မိမိကိုယ် မိမိ ပြောင်းလဲလိုက်သည် နောက်ပိုင်းတွင် အချိန်တိုင်းတွင် အဓိပ္ပါယ်ရှိလာသည် ။ အနာ ဂါတ်တွင် ရည်မှန်းချက်တွေရှိလာသည် ။ ပြည်သူများ နှင့် တသွေးထဲတသားထဲ နေထိုင်နေပြီ ဖြစ်သောကြောင့် လဲ အထီးကျန် မှု့ ဆိုတာသည်လဲ မရှိတော့  ၊ အများအကြိုး အတွက် ကောင်းမွန်သော အလုပ်ကိုလုပ်နေသည့်  အတွက် လည်း သေခြင်းတရား နောက်ကွယ်မှ ငရဲ ဆိုသည် ကိုလဲ ကြောက်စရာမလိုတော့ ။ စိတ်ဓါတ်တို့ သည်လဲ ခိုင်မာစွာ ရပ်တည်ရင်းနှင့် ရွေဝါရောင်တော်လှန်ရေး မှသည် အမိမြန်မာပြည် လွတ်မြောက်ရေးဆီသို့  တရွေ့ ရွေ့ စတင် လျှောက် လှမ်း နေပြီ ဖြစ်သော ကျနော့်  အား ကူညီခဲ့ ၊ ဆုံးမ ခဲ့ ၊ အားပေးခဲ့ သည့်  မိတ်ဆွေ သူငယ်ချင်း များ နှင့်  အတူ တွဲ လက် ညီစွာ ဖြင့်  တာဝန်အချို့  အား ကျေပွန်စွာဖြင့်  ထမ်းရွက်နေပြီး ၊ အခါအားလျှော်စွာ ဖြစ်ပေါ် လာခဲ့သော လူမှု့ ရေး လုပ်ငန်းများ တွင်လည်း တက်ကြွစွာဖြင့်  ဆောင်ရွက်နေပြီဖြစ်ပါကြောင်း ကျနော့် ဘ၀ ရဲ့ အဓိပ္ပါယ်ရှိသော တနှစ်တာမှတ်တမ်း အဖြစ်ရေးဖွဲ့  လိုက်ရပါသည် ..။

ရန်ကုန်သား

Friday, 26 September 2008

အဖွဲ့ဝင်နေအိမ် များအား ၀င်ရောက်စစ်ဆေး

25 ရက် ည တွင်ရန်ကုန်မြို့  နယ် အတွင်းရှိ အမျိုးသား ဒီမိုကရေစီ ပါတီဝင် များ ၏ နေအိမ်များ အား အာ ဏာ ပိုင် များမှ ဧည့် စာရင်း ဟု အကြောင်းပြ ခါ ၀င်ရောက်စစ်ဆေး မှု့ များပြုလုပ်ခဲ့ ပါသည် ။ အဓိကအနေ ဖြင့်  ပါတီ ၀င် လူငယ် များ၏ နေအိမ် များအား တစ်ည ထဲတွင် နှစ် ခါ ပြန်စစ်ဆေး ခြင်းမျိုး ရှိခဲ့ သည် ဟု သိရပါသည် ။

အလားတူ ပဲ မနေ့  က ပေါက်ကွဲခဲ့ မှု့ ကြောင့်  ရန်ကင်း မြို နယ် တွင် နေအိမ် များသာ မက ပဲ ဘတ်(စ) ကားမှတ်တို်င် သို့  ၀င်ရောက် လာသော ကားများပေါ် အထိ တက်ရောက် စစ်ဆေး မှု့  များ ပြု လုပ် ခဲ့ သည် ဟု သိရပါသည် ။ ထိုကဲ့ သို့  လုံခြုံရေးများ တင်းကျပ် ထား သော် လည်း 26.9 .2008 ယနေ့  နေ့လည် ပိုင်း က ယုဇန ပလာဇာ ၊ မင်္ဂလာဈေး စသည့် နေရာများတွင် လှု့ံဆော် စာများ ဖြန့် ဝေ သွားသည်ဟု လည်းသိ ရပါသည် ။